ကျနောအံ့သြသွားရသည်။ ဒီညီလာခံမှာ အထူးဖိတ်ကြားသူ တစ်ယောက်အနေနဲ့ တက်ရောက်ခွင့်ရခဲ့တယ်။ ဘာစကားမှတင်ပြခွင့် ပြောဟောခွင့်မရခဲ့ဘူး။ အမျိုးသားနေ့သတ်မှတ်နိုင်ရေးအတွက် ဆွေးနွေးခွင့်ကလေးတော့ရခဲ့တယ်။ ဒီလောက်နဲ့ ၅ ရက်လုံးလုံးခံစားချက်ကို ဖြေသိမ့်ကျေနပ်နေခဲ့တယ်။ မဟာမြတ်မုနိ ဘုရားကို သွန်းလုပ်ပြီးစီး သောနေ့ကို ၁၂ မဲဖြင့် ဆုံးဖြတ်ခဲ့သောကြောင့် ရခိုင်အမျိုးသားနေ့ဟု သတ်မှတ်လိုက်တယ်။ ဒါကြောင့် ကဆုန် လဆုပ် ၁ ရက်နေ့ဟ်ာရခိုင်အမျိုးသားနေ့ဖြစ်တဲ့ဟာကို ၁၇ မြို့နယ် အခြေပြုမဲခွဲချက်အရ အတည်ပြုလိုက်ပါတယ်ဆိုတဲ့ သတင်းကြောင့်ပီတိတွေဖြစ်ခဲ့ရတယ်။ နေ့သတ်မှတ်ရေး ကော်မတီက ကြိုဖွဲ့လာခဲ့တော့ ကျနော်ကပါဝင်ခွင့်မရခဲ့ဘူး။ ဒါလည်းအထင်ပါ။ ဒီကိုရောက်မှတိုးလာသူတွေရှိတယ်ဆိုတာကို တွေ့ခဲ့ရတယ်။ ဒါပေမယ့် အနီးကပ်အစည်းအဝေးတွေကို ကျနော်မပျက်မကွက်တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ နေ့သတ်မှတ်လိုက်တော့ မှတ်တမ်းဆောင်းပါးရေးမယ်ပေါ့။ အချက်အလက်အနည်းကို အတွင်းရေးမှူးဆီက သွားတိုင်ပင်တော့ သူ့ကမှတ်တမ်းစာအုပ်ကိုပေးပါတယ်။ ကျနော်နေ့တိုင်းတက်နေတာပဲ။ ဘာပြောတယ် ဘာဆွေးနွေးတယ်ဆိုတာလည်းသိနေတာပဲ။ အဲဒီနေ့ကို ကျနော်ကိုယ်တိုင်းထောက်ခံဆွေးနွေးခဲ့တယ်။ သူပေးချက်အတိုင်း ကျနော်လည်း မှတ်စုရေးတော့ နေ့သတ်မှတ်ရေးအဖွဲ့ ဦးဆောင်သူတစ်ယောက်က မင်းဘာကြောင့်မှတ်တမ်းတွေကိုကြည့်တာလဲတဲ့။ သူနဲ့ကိုယ်နဲ့အတူနေ့သတ်မှတ်ရေးအတွက် အတူတိုက်ပွဲဝင်လာကြတာ။ ကျနော်တော်တော်အံ့သြသွားခဲ့တယ်။ မင်းစာပေ သတင်းသမားစည်းကမ်းကို မသိဘူးလားတဲ့။ ကျနော်တော်တော်အံ့သြသွားတယ်။ ကျနော်တော်တော်လည်း တင်းသွားတယ်။ ပြန်ပြောမိတယ် ဒေါသလည်းထွက်သွားမိတယ်။ အစော်ကားခံရသလို ခံစားမိလိုက်တယ်။ ဒေါသထွက်ပြီးအခန်းထဲက ထွက်လာခဲ့တယ်။ ကျနော်ကိုယ်ကျနော်အပြစ်တင်မိတယ်။သူတို့ကြိုတင်အကွက်ချထားတဲ့အထဲ ဒီအတိုင်းဝင်သွားမိတာကို။
ဝေဟင်အောင်
၁၊ ၅၊ ၂၀၁၄။
တစ်ချိန်မှာ သမိုင်းဖြစ်သွားဖို့အတွက် အမှတ်တရ အဖြစ် သိမ်းဆည်ထားခြင်းသာဖြစ်သည်။
No comments:
Post a Comment