ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

၂၈.၅.၂၀၁၂ ရက်နေ့က ဘာတွေ ဖြစ်ခဲ့သလဲ။

မသီတာထွေး
အသက် (၂၆)နှစ်
မွေးချင်း (၆)ယောက်အနက် အငယ်ဆုံးသမီး
စက်ချုပ်သင်တန်းသူ

ညနေ့ ၅ နာရိ ၁၅ မိနစ်မှာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်အုပ်စု၊ သပြေချောင်းကျေးရွာမှ မသီတာထွေး(၂၆နှစ်)ကို ကျောက်ထရံ ဘင်္ဂလီကုလားရွာမှ ထက်ထက်(ခ)ရော်ချီး၊ ရောဖီး၊ ခိုးချီး ဘင်္ဂလီကုလားသုံးယောက်မှ ပစ္စည်းလု၊ မုဒိန်းကျင့်၊ သတ်ဖြတ်ခဲ့သည်။

ထက်ထက်(ခ)ရော်ချီး၊ ဘင်္ဂလီကုလားမှ သူနှင့် ချစ်ကြိုက်နေသော ကုလားမလေးအား ခိုးယူပေါင်းသင်းဖို့ ပိုက်ဆံမရှိသည့်အတွက် မသီတာထွေးအား မုဒိန်းကျင့်၊ ပစ္စည်းလု၊ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

ဤနေ့သည် ရခိုင်တစ်မျိုးသားလုံးနှင့် မြန်မာနိုင်ငံကြီးတစ်ခုလုံးအား သတိမေ့ကာ အိပ်ပျော်နေခဲ့သော မျိုးချစ်စိတ်ဓာတ်ကို လှုပ်နိုးခံခဲ့ရသည်။ ခိုးဝင်လာသူ လူယုတ်မာများ၏ လှုပ်ရှားမှုများနှင့် ရက်စက်မှုများကို မျက်ဝါးထင်ထင် သိခွင့်၊ မြင်ခွင့်ရလိုက်သည့်အပြင် မြန်မာတစ်မျိုးသားလုံးနားရွက်ကို တံထွေးဆွတ်ခံလိုက်ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနောက်ဘက် ခြံစည်းရိုးမှာ သေနတ်ပေါက်ပြီ။

 ၁၃၊ ၅၊ ၂၀၁၄ ရက်နေ့က မောင်တောမြို့နယ် တောင်ပြိုကျေးရွာအနီးမှာ တိုက်ပွဲကြောင့် မြန်မာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့မှ ဒုရဲအုပ် (၁)ဦးနှင့် တပ်သားအဆင့်ရှိသူ (၂)ဦး ကျဆုံးခဲ့သည်။

၁၇၊ ၅၊ ၂၀၁၄ ရက်နေ့ (ယနေ့) ၉ နာရီလောက်က RSO ဟုထင်ရသော အင်အား (၆၀)ဦးခန့်ပါ မှ ချုံခိုတိုက်ခိုက်မှု တိုက်ပွဲဖြစ်ရာ မြန်မာအစိုးရဘက်မှ (၄)ဦးကျဆုံးပြီး (၂)ဦးပျောက်ဆုံး၊ အရာရှိ ဒုရဲအုပ်နွေဦးမောင်တွင် ခါးတွင် ဒဏ်ရာပြင်းထန်စွာရရှိ။
သေဆုံးသူ တပ်ဖွဲ့ဝင်များမှာ
၁။တသသီဟအောင်၊
၂။ တသလှမင်းထက်၊
၃။ တသမင်းထွေး၊
၎။ တသနေလင်းစိုးတို့ ဖြစ်ပြီး
ပျောက်ဆုံးနေသူများမှာ
၁။ တသ ဝေလင်းစိုး၊
၂။ တသ အေရာမောင်တို့ဖြစ်ကြောင်းသိရှိရပါသည်။
ထို့ပြင် မြန်မာဘက်မှ MAသေနပ် ၂လက်ပါ ပျောက်ဆုံးနေပါသည်။

ရခိုင်စာပီအတွက် အထူးသတင်းကောင်း


ဒေနိ့ ၅.၁၁.၂၀၁၄၊ ၄ နာရီအချိန်က ဆရာမောင်ဗသိန်းအိမ်မာ အစည်းအဝေးတရပ် ပြုလုပ်ပါရေ။ ရခိုင်စာပီနန့် ဘာသာစကားသုတေသနအသင်း(ဒေနိ့လုပ်တေအစည်းအဝေးမာ ယင်းနာမည်ကို အတည်ပြုခကတ်တေလို့ သိရပါရေ) တည်ထောင်ဖို့နန့် ယင်းအသင်းဧ့ လုပ်ငန်းခွဲအဖြစ် ရခိုင့်အမျိုးသားရည်ညွှန်းစာကြည့်တိုက်(ယာယီ) တည်ထောင်ဖို့ကိစ္စရပ်နန့် ပတ်သက်ပြီးကေ တိုင်ပင်ခကတ်တေလို့ သိရပါရေ။

တက်ရောက်ခရေ ပုဂ္ဂိုလ်တိမာ-
(၁) ဆရာမောင်ဗသိန်း
(၂) ဆရာ လေးဝတီခိုင်ကျော်
(၃) ဆရာမ နှင်းနုခိုင်
(၄) ဆရာဝေဟင်အောင်
(၅) ဆရာ ဖဒူစံရွှေ
(၆) မလှလှဧး
(၇) ဆရာမောင်မောင်စော
(၈) ဆရာဇော်ဝင်းနိုင်
(၉) ဆရာကျော်စိုးလူ
(၁၀) ဆရာမ ပံသုခင်
(၁၁) ဆရာကိုစိမ်
(၁၂) လေးဝတီထွန်းစောခိုင်(သတင်းထောက်)

ကျောက်ဖြူမြို့ မဒေးကျွန်းဒေသခံပြည်သူများ စားဝတ်နေရေးပြသနာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရ


ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသခံ ပြည်သူများ ကျန်းမာရေး၊ ပညာရေးနှင့် စားသောက်နေထိုင်ရေး အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း သတင်းရရှိပါတယ်။
မဒေးကျွန်း သဘာဝဓာတ်ငွေ့ တူးဖော်ရေးမှာ လုပ်ကိုင်နေကြသော ဒေသခံ ရခိုင်လူမျိုး အလုပ်သမားများသည် အလုပ်သမားများ ရသင့်ရထိုက်သော အကျိုးခံစားခွင့်များကို မရကြကြောင်း သိရပါတယ်။
မဒေးကျွန်းဒေသခံများ ရင်ဆိုင်နေရသော အခြေအနေများကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့သော စာရေးဆရာ ဝေဟင်အောင်ကို ဒီဗွီဘီရခိုင်အစီအစဉ်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို ပြောပြပါတယ်။
(လုံးဝစိတ်မကောင်းစရာကောင်းတဲ့ ရင်ဆိုင်နေရသော အခက်အခဲများကိုမြင့်တွေ့ခဲ့ရပါတယ်။ အလုပ်သမားတစ်ယောက်က တစ်နေ့ကို လစာ ၄၅၀၀ကျပ်ဘဲ ရပြီး သူတို့နေထိုင်ရတဲ့တန်းလျားအိမ်ယာကတော့ နွားရုံသာသာလောက်သာရှိပါတယ်။ တရုတ်တွေကတော့ Air con အခန်းမှာ Facility အပြည့်အ၀နဲ့နေကြတာတွေဟာ တရားမျှတမူမရှိဘူးထင်မြင်မိပါတယ်။ မဒေးကျွန်မှာ နေထိုင်နေကြတဲ့ ဒေသခံရခိုင်တွေရဲ့ လူနေမူဟာလည်း ပြည်စုံမူမရှိပါ။ ကျန်းမာရေး၊ ပညာရေးအစစအရာ လျော့ကျနေပါတယ်။ရခိုင်ရွာတွေအများစုဟာ အရမ်းကို စုတ်ပြတ်သတ်ပြီး လူနေမူအဆင့်အတန်း အရမ်းကိုနိမ့်ကျနေပါတယ်။)
ကျန်းမားရေးစောင့်ရှောက်မူများလည်း အပြည့်အ၀မရရှိသည့်အပြင် ဒေသခံအလုပ်သမား သားသမီးများ၏ ပညာမသင်နိုင်သော အခက်အခဲများလည်း ရှိနေကြောင်း သိရှိရပါတယ်။
မဒေးကျွန်း ဒေသခံများ၏ လက်ရှိပညာရေး၊ ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်လို့လည်း သူက အခုလို ဆက်ပြောပြပါတယ်။
(အလုပ်သမားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မူ ပတ်သတ်ပြီးတော့ တရုတ်က အထောက်အပံ့တစ်ခုလည်းမပေးပါ။ အစိုးရကလည်း လျစ်လျူရှူထားပါတယ်။ မြင်ခဲ့ရတာတွေက တကယ့်ကို စိတ်မကောင်းစရာတွေပါဘဲ။ ကျွန်တော် မြင်ခဲ့တဲ့ ကလေးတွေအတွက် စာသင်ကျောင်ကလည်း စုတ်ပြတ်သတ်နေပြီး၊ ကလေးတွေကျောင်းပေါ် တက်လို့မရအောင်။ ခြေချလို့မရအောင်ထိ ပျက်စီးနေပါတယ်။ အဲဒီကျောင်းဟာ မဒေးကျွန်း စီမံကိန်းနဲ့ကပ်ရပ်ပါ။ တရုတ်တွေက ဘာထောက်ပံ့ကူညီပေးမူမရှိဘူးလို့ ပြောကြပါတယ်။ အစိုးရကလည်း ကျန်းမာရေး၊ ပညာရေးနဲ့ပတ်သတ်လို့ တစ်ခုလည်း လုပ်ဆောင်ပေးခြင်းမရှိဘူးလို့ ဒေသခံတွေက ကျွန်တော့်ကိုပြောပါတယ်။)



ကမ္ဘာကြီးက ပူပူ - ရခိုင်ပြည်က ဆူဆူ

ကမ္ဘာကြီး ပူနွေးမှု ဒဏ်ကြောင့် အယင်းဆုံး ပျောက်သွားမည့် နိုင်ငံစာရင်းမှာ
(၁) မော်လ်ဒိုက်ကျွန်းစုများ
(၂) ဘင်္ဂလားဒေ့ရှ်နိုင်ငံ
(၃) ဖိလစ်ပိုင်
(၄) အီဂျစ်
(၅) တူမာလု
(၆) ပါပူးဝါနယူဂီနီ
(၇) ဘာဘေဒိုးစ်
(၈) ကီရီဘာတီ တို့ ဖြစ်ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ၁၂၅ မိုင်ထိ ထိစပ်လျှက်ရှိသည့် အိမ်နီနားချင်းနိုင်ငံဖြစ်သည်။ ကမ္ဘာ့လူဦးရေ အဆင့်သတ်မှတ်ချက်တွင် အဆင့်(၇)တွင် ရပ်တည်နေ၏။ မြေဧရိယာအားဖြင့် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်သာသာလောက်သာ ရှိသည်။ နိုင်ငံလူဦးရေမှာ သန်း ၁၅၀ လောက်ရှိသည့်အတွက် မြန်မာနိုင်ငံလူဦးရေထက် နှစ်ဆလောက်ရှိသည်။ ဘူမိဗေဒပညာရှင်များမှ ၂၀၅၀ ခုနှစ် မတိုင်းမှီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သန်း ၂၀ မှာ နေရာ ပြောင်းရွေ့ပေးရလိမ်မည်ဟု ခန့်မှန်းထားသည်။

ဒါကြောင့် လူကြီးမင်းများ ခင်ဗျာ-အခု ဖြစ်ပျက်နေတာကို ရခိုင်အရေးလို့ မမြင်စေချင်ပါ။ ရခိုင်အရေးလို့ မြင်လိုက်တာနဲ့ ပထမဦးဆုံး ပျောက်ကွယ်သွားမှာက ရန်ကုန်မြို့ဖြစ်ပါတယ်။ အနောက်တံခါးကို လုံခြုံအောင် ပိတ်ကြပါစို့။ လုံခြုံအောင် လုံးဝ လုပ်ရပါတော့မယ်။ ၁၉၈၂ ခုနှစ် ဥပဒေကို မြန်မြန်အကောင်အထည်ဖော်ပါ။ လူဦးရေ ဆူနာမီကို မခံစားရမီ ကြိုတင် ကာကွယ်တာ အကောင်းဆုံးသော လုပ်ဆောင်ချက်ဖြစ်ပါတယ်။

လက်ရှိရေးနေသော ဆောင်းပါးမှ ကောက်နုတ်ချက်

ဝေဟင်အောင်
၂၄၊ ၁၊ ၂၀၁၄။

သတင်းထုတ်ပြန်ချက်(၃/၂၀၁၄)

● နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ
စကားပြောကြေးနန်းဖြင့် ဆက်သွယ်ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်း
ထုတ်ပြန်ခြင်း ●
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၃/၂၀၁၄)
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂ ရက်
၁၃၇၅ ခု၊ တန်ခူးလဆန်း ၃ ရက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ စကားပြောကြေးနန်းဖြင့် ဆက်သွယ်ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

၁။ ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် စကားပြောကြေးနန်းဖြင့် ဆက်သွယ်၍ အောက်ပါ အတိုင်း ဆွေးနွေး ပြောကြားခဲ့သည်-

(က) ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နှင့် ၂၇ ရက်များ၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်မီ ထိန်းသိမ်းမှုကို ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအချိန်တွင် အခြေအနေတည်ငြိမ်၍ တရားဥပဒေ စိုးမိုးမှု ပြန်လည်ရရှိနေပြီဖြစ်ကြောင်း၊

သတင်းထုတ်ပြန်ချက်(၄/၂၀၁၄)


ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂၀၁၄ ခုနှစ် မတ် လ (၂၆-၂၇) ရက်များတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအပေါ် စုံစမ်း စစ်ဆေးရေး

အဖွဲ့၏ အစီရင်ခံစာအရ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်၍ သတင်းထုတ်ပြန်

***************

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၄/၂၀၁၄)
၂၀၁၄ ခုနှစ်၊ ဧပြီလ ၉ ရက်
၁၃၇၅ ခု၊ တန်ခူးလဆန်း ၁၀ ရက်
ရခိုင်ပြည်နယ် စစ်တွေမြို့ ၌ ၂၀၁၄ ခုနှစ် မတ်လ

(၂၆-၂၇)ရက်များတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ်
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရ ဆက်လက်ဆောင်ရွက်မည့်
အစီအစဉ်များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

၁။ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂၀၁၄ ခုနှစ်၊ မတ်လ (၂၆-၂၇) ရက်များတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော
အဖွဲ့အစည်းများ၏ရုံးများ၊ သိုလှောင်ရုံများနှင့်နေအိမ်များကို လူအုပ်စုဖြင့် အဓမ္မဝင် ရောက်ဖျက် ဆီးခဲ့သည့် ဖြစ်စဉ်များ
ဖြစ်ပွားခဲ့သည်။ ယင်းသို့ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ် ရပ်အမှန် ပေါ်ပေါက် စေရန်၊ ဥပဒေနှင့်အညီ ထိရောက်စွာ
တုံ့ပြန်အရေးယူဆောင်ရွက်နိုင်ရန်၊ အလားတူဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွား စေရန်နှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်
ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက် နိုင်ရန် တို့ကို ရည်ရွယ်၍နိုင်ငံတော်သမ္မတရုံး၏ ၂၈-၃-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာ
စာအမှတ် (၂၄/၂၀၁၄)ဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်မောင်မောင်အုန်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင် သည့်
စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေး၍ ဖြစ်စဉ်ဖြစ်ရပ်နေရာများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

သန်းခေါင်စာရင်းဦးစီးဌာန ညွှန်ချုပ်နဲ့မေးမြန်းချက်

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာအမည်စာရင်းပေးတဲ့ ကျေးရွာတွေမှာ သန်းခေါင်စာရင်း ကောက်ခံနိုင်ခြင်းမရှိဘဲ၊ တကယ်လို့ ရိုဟင်ဂျာအမည်ကို ဆက်သုံးပြီး အမည်စာရင်း ပေးမယ်ဆိုရင်တော့ အဲဒီနေရာတွေကို ချန်၊ ကျန်စာရင်းအဖြစ် သတ်မှတ်ပြီး သန်းခေါင်စာရင်းကောက်ခံမှု လုပ်မှာမဟုတ်ဘူးလို့ သန်းခေါင်စာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။ ဦးမြင့်ကြိုင်ကို ရန်ကုန် ဗွီအိုအေရုံးခွဲကနေ ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
ဖြေ။ ။ အခုအချိန်ထိတော့ အေးအေးချမ်းချမ်းပါပဲခင်ဗျ။ ဘာမှထူးခြားမှုတော့ မရှိပါဘူး။ သန်းခေါင်စာရင်းကို ကျနော်တို့ ဒီ ရခိုင်တိုင်းရင်းသားတွေရော၊ ဘင်္ဂါလီတွေရော ကောက်ယူလျက်ရှိပါတယ်။
မေး။ ။ ဟုတ်ကဲ့ သူတို့ ဘင်္ဂါလီတွေက ရိုဟင်ဂျာလို့ အထည့်မခံတော့ အကောက်မခံဘူးလို့လည်း ကြားနေရလို့။
ဖြေ။ ။ မှန်ပါတယ်။ တချို့ကလည်း ရိုဟင်ဂျာလို့ ဖြေတယ်။ ရိုဟင်ဂျာလို့ ဖြေတဲ့သူတွေကိုတော့ ကျနော်တို့က ဒီနိုင်ငံတော် အသိအမှတ်ပြု မထားတဲ့နာမည်ဖြစ်တယ်။ နောက်တခုက သူတို့ကိုယ်တိုင်ကိုင်ထားတဲ့ white card တွေမှာကျတော့ ဘင်္ဂါလီလို့ ရေးထားတယ်။ ဒါကြောင့် သူတို့က ခုနလို မလိုလားအပ်တဲ့ သွေးထွက်သံယိုမှုတွေ၊ ဥပဒေအရ အရေးယူမှုတွေ၊ အရှုပ်အရှင်းတွေ ဖြစ်လာမှာစိုးတဲ့အတွက် အဲ့ဒီဟာတွေကိုတော့ မကောက်ပါဘူး။ ဘင်္ဂါလီလို့ ဖြေတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒါတွေကိုတော့ ကောက်ပါတယ်ခင်ဗျ။
မေး။ ။ သြော် ဟုတ်ကဲ့။ အဲတော့ မကောက်နိုင်တဲ့နေရာပေါင်း ဘယ်လောက်လောက်ရှိပါသလဲခင်ဗျ ရခိုင်ပြည်နယ်ထဲမှာ။

၂၀၁၄ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ လ၀က်သတင်းသုံးသပ်ချက်။(ရခိုင်ပြည်နယ်၏ အကောင်းမြင်ဆုံးလအဖြစ် သတ်မှတ်သည်)


၁၆.၃.၂၀၁၄- ရက်နေ့ သန်းခေါင်စာရင်းကောက်ခံမှုကို ကန့်ကွက်သည့်အနေဖြင့် ရခိုင်ပြည်နယ် (၁၁)မြို့နယ်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ရခိုင်ပြည်သမိုင်းတွင် အကြီးကျယ်ဆုံး ဆန္ဒပြမှု ဖြစ်သည်။
--------------
၁၈.၃.၂၀၁၄ ရက်နေ့ သပိတ်ကော်မတီမှ  နိုင်ငံတော် သမ္မတကြီးဆီ စာတင်ပြီးကန့်ကွက်ခဲ့ကြသည်။
-------------
၂၀.၃.၂၀၁၄- ရက်နေ့က “ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှု လုပ်ရန်လိုပြီလား” အမည်ရ အဆိုပါ ဆောင်းပါးကို Zeeshan Khan ဆိုသူက ရေးသားခဲ့ပြီး Dahaka Tribune တွင် ဖော်ပြခဲ့သည်။
--------------
၂၁.၃.၂၀၁၄-ရက်နေ့ ရခိုင်တစ်မျိုးသားလုံးက အစိုးရဆီမှ သန်းခေါင်စာရင်းနဲ့ ပတ်သတ်ပြီး နေ့လည်း ၁၂း၀၀ နာရီကို နောက်ဆုံးတောင်းဆိုခဲ့သော်လည်း အစိုးရ တုန့်ပြန်မှု မရှိခဲ့ချေ။ ထို့ကြောင့် သန်းခေါင်စာရင်း ကောက်ခံမှုကိုရခိုင်တစ်လုံးအတိုင်းအတာဖြင့် သပိတ်မှောက်အထိမ်အမှတ်အဖြစ့် သာသနာ့အလံများကို အိမ်တိုင်းတွင် လွင့်ထူးပြီး သပိတ်ကိုစတင်လိုက်သည်။
-------------

ရခိုင်လူငယ် စာရေးဆရာတစ်ဦးမှ “သွေးနဲ့ရေးသည့်မြေ” ၀တ္ထုစာအုပ် ရေးသားထုတ်ဝေ

မြင်းနှင်းသူ (သတင်း)

မြန်မာနိုင်ငံ ရခိုင်ပြည်တွင် အသက်ငယ်ဆုံးဖြစ်သော လူငယ်စာရေးဆရာ ဝေဟင်အောင်မှ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခအဖြစ် အပျက်များကို အခြေခံ၍ ရခိုင်တိုင်းရင်းသားများ ကျဆုံးခဲ့မှုနှင့် ခံစားခဲ့ရသော အကြောင်းတရားများကို ရခိုင်လူမျိုးတို့အနေဖြင့် မှတ်တမ်း မှတ်ရာတစ်ခုအဖြစ် ကျန်ခဲ့စေလိုသောကြောင့် "သွေးနဲ့ရေးသည့်မြေ" ဝတ္ထုစာအုပ်ကို ပုံနှိပ်ထုတ်ဝေလိုက်ကြောင်း သိရသည်။

သွေးနဲ့ရေးသည့်မြေ ၀တ္ထုစာအုပ်ကို ရေးဖြစ်ခဲ့ရသောအကြောင်းနှင့် စာအုပ်ကို ဖတ်ရသော စာဖတ်ပရိတ်သတ် ရခိုင်လူမျိုးတို့အနေဖြင့် နောက်နောင်ကို သင်ခန်းစာအဖြစ်ရယူရန် ရည်ရွယ်၍ ရေးသားဖြစ်ကြောင်း စာရေးဆရာ ဝေဟင်အောင်က ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က ပြုလုပ်သည့် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသမှာရှိတဲ့ လူမျိုးစုများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နယ်မြေ ၄ ခုပိုင်းပြီးတော့ သတ်မှတ်ပါတယ်။ အဲဒီထဲက မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ စစ်တကောင်းတောင်တန်းဒေက လူမျိုးစုတွေရဲ့ စာရင်းပါ။
၁။ ချက္ကမ
၂။ မရ်မာ
၃။ တြိပူရ
၎။ ဂေါ်ခါး
၅။ မြို
၆။ တန်ရှင်ဂျ
၇။ ဗရွမ်
၈။ ခူမိ


မိမိနေအိမ်ကို မီးရှို့ပြီး ပဋိပက္ခဖန်တီးသူ ဘီင်္ဂလီများကို ဦးလှသိန်းက ခိုးဝင်လာသူများဟုဆို








ရခိုင်ပြည် မင်းပြား-မြောက်ဦးမြို့နယ် အတွင်းတွင် အောက်တိုဘာလ ၂၁ ရက်ကစတင်၍ ဘင်္ဂလီများ သောင်းကျန်းနေမှုအပေါ်မှာ ယင်းတို့ မိမိနေအိမ်များကို မိမိ
ကိုယ်ကို မီးရှို့သည့်အပြင် ခိုးဝင်လာသူများဖြစ်ကြောင်း ဥက္ကဌ ဦးလှသိန်းက မနေ့က ဒေသခံ သတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆို လိုက်သည်။
''အခုလောလောဆယ် တပ်အင်အား သုံးပြီးတော့ ထိန်းထားပါတယ်၊ ဆက်လက်ကူးစက်မှု မဖြစ်အောင် တပ်မတော်အကူအညီကို ရယူသွားမှာ ဖြစ်ပါတယ်၊ ယင်းအင်အားနဲ့ ထိန်းလို့မရရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ပြအုပ်ချုပ်ရေးရဲ့ အကူအညီ တောင်းခံခြင်းဆိုတဲ့ အစီအစဉ်အရ တောင်းခံပြီး ထိန်းသိမ်းသွားဖို့ အစီအစဉ် ရှိပါတယ်၊
 အခြေအနေအရ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ အလားအလာ ရှိပါတယ်၊ ဒီဖြစ်စဉ်မျိုးက အရင်ကလည်း ရှိခဲ့တယ်၊ ၁၉၇၈ ခုနှစ် နဂါးမင်း စစ်ဆင်ရေးတုန်းကလည်း သူတို့ဟာ ကိုယ့်ရွာကိုကိုယ် မီးရှို့မှုတွေ လုပ်ခဲ့ဖူးတယ်၊ ၁၉၉၂ ခုနှစ် တုန်းကလည်း ဒီလိုမျိုး တစ်ခါ လုပ်ခဲ့ဖူးတယ်၊ သူတို့မှာ ဒီလိုလုပ်တဲ့ အလေ့အကျင့်ဟာ ရှိပြီးသားဖြစ်တယ်။ အမှန်တကယ် စဉ်းစားမယ်ဆိုရင် ဖြစ်နိုင်ခြေမရှိဘူးလို့ ယူဆရပေမယ့် အမှန်တကယ် ဖြစ်ခဲ့တယ်။

သမိုင်းကပြောလာတယ်။ ရိုဟင်ဂျာမရှိဘူး


၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလတွေမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဌာနေ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီတွေကြားမှာ ပဋိပက္ခ ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို ပဋိပက္ခဖြစ်မှုတွေနဲ့အတူ နိုင်ငံတကာကလည်း မြန်မာနိုင်ငံနဲ့ ရခိုင် လူမျိုးအပေါ် ပိုမိုအာရုံစိုက်လာမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် 'ရိုဟင်ဂျာ' ဆိုတဲ့စကားလုံးမှာလည်း ရခိုင်နှင့် သမိုင်းပညာရှင်တွေကြားထဲမှာ မေးခွန်းထုတ်စရာမလိုဘဲ ကျယ်လောင်လာတဲ့ စကားလုံးတစ်ခု ဖြစ်လာခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ထိုင်းနိုင်ငံရောက် ရခိုင်လူမျိုးတွေက ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်မှာ ပြုလုပ်မယ့် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာပညာရှင်များ ရှင်းလင်းပွဲသို့ တက်ရောက်လေ့လာခွင့် ရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိပါဘူး။ ရိုဟင်ဂျာဟု ဆိုသူတွေဟာ ဘင်္ဂါလီတွေသာဖြစ်ကြောင်း ရှင်းလင်းပွဲက အဖြေထုတ်သွားခဲ့ပါတယ်။

ရည်ရွယ်ချက်သုံးရပ်နဲ့ ကျင်းပတဲ့ ရှင်းလင်းပွဲ   

ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲ ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ ပြုလုပ် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်း


3.10.1
ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့သော ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲအား တွေ့ရစဉ်
ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များက ရှင်းလင်းပြောကြားခဲ့သည်။
ရှင်းလင်းပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သောင်းက “ရှင်းလင်းပွဲကို ဦးတည်ချက် သုံးချက်နဲ့ ကျင်းပတာပါ။ (၁) ကျွန်တော်တို့ ရခိုင်သမိုင်းကို နိုင်ငံတကာ သတင်းမီဒီယာများနဲ့ မိတ်ဆက်ပေးဖို့၊ (၂) ပြည်ပအခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ပြည်ပအခြေစိုက် မြန်မာသတင်း မီဒီယာတွေဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရအဆက်ဆက် ယနေ့ထက်တိုင် အသိအမှတ်မပြုတဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို တွင်တွင်ကြီး သုံးနေကြတာကို တွေ့ရှိရတယ်။ အမှားကြာလျှင် အမှန်ဖြစ်တတ်သွားပါတယ်။ (၃) ဒီကနေ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ ဟောပြောပို့ချ ခဲ့တာတွေဟာ ရခိုင်သမိုင်း သုတေသီများအတွက် ကိုးကားနိုင်လောက်တဲ့ အထောက်အထားတွေ အပြည့်အစုံနဲ့ ရခိုင်သမိုင်းစာတမ်း တစ်စောင် ကျန်ရှိနေခဲ့ဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ဖြစ်ကြသည့် ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်၊ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။
ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါက ရခိုင်ဘုရင်နိုင်ငံ မြန်မာဘုရင် နိုင်ငံ၏ နယ်ပယ်ဖြစ်လာသောအခါ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရှင်းလင်းရာတွင် ရခိုင်ကို ဘိုးတော်ဘုရား သိမ်းပိုက်အနိုင်ယူသည့် သမိုင်းဆိုင်ရာ အခြေအနေ၊ စေ့ဆော်ချက်များကို ပြောကြားခဲ့ပြီး စေ့ဆော်ချက်များတွင် နိုင်ငံရေးနှင့် သဘောတရား စေ့ဆော်ချက်များ၊ ဘာသာရေး စေ့ဆော်ချက်များ၊ စီးပွားရေး စေ့ဆော်ချက်များ ရှိခဲ့ကြောင်း ရှင်းလင်းခဲ့သည်။
ထို့ပြင် ရခိုင်ကို မြန်မာများ (၁၇၈၅-၁၈၂၅) ခုနှစ်များအတွင်း အုပ်ချုပ်ခဲ့စဉ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ပြောင်းလဲလာမှု အခြေအနေများကို ၎င်းက ရှင်းလင်းရာတွင် (၁၇၈၅-၁၇၉၅) ခုနှစ်အတွင်း ရခိုင်အထက်တန်းလွှာများအား နယ်နှင်ဒဏ်ပေးခြင်း၊ မြန်မာ-ရခိုင် ပူးတွဲအုပ်ချုပ်ခြင်း၊ (၁၇၉၅ -၁၈၁၀) ခုနှစ်အတွင်း အခွန်အခ တိုးမြှင့်ကောက်ခံခြင်း၊ အဓမ္မ စေခိုင်းမှုများ ပြုလုပ်ခြင်း၊ မြန်မာဘုရင်၏ စစ်ပွဲများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ရခြင်း၊ ရခိုင်သို့ မြန်မာများ ၀င်ရောက်အခြေချ နေထိုင်ခြင်း၊ (၁၇၈၇-၁၈၁၅) ခုနှစ်အတွင်း မြန်မာဘုရင်၏ အုပ်စိုးမှုကို ပုန်ကန်မှု အရှိန်မြင့်လာခြင်း၊ ရခိုင်များ အလုံးအရင်းနှင့် ဘင်္ဂလားတောင်ပိုင်းသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ခြင်း၊ (၁၈၁၅ -၁၈၂၅) ခုနှစ်အတွင်း စီးပွားရေးပုံစံ ကူးပြောင်းလာခြင်းနှင့် မြန်မာဘုရင် အုပ်ချုပ်မှုကို ထိခိုက်စေနိုင်လောက်သည့် ခြိမ်းခြောက်ခံရမှု မရှိခဲ့ခြင်းတို့ ဖြစ်ပျက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အလားတူ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်း ဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က ၁၅ ရာစုမှ ၁၈ ရာစုအတွင်း ရခိုင်ဒေသနှင့် ဘင်္ဂလားအကြား ဆက်ဆံရေး အခြေအနေများကို ရှင်းလင်းခဲ့သည်။
၁၆၃၅ ခုနှစ်တွင် ရခိုင်ဘုရင် နိုင်ငံ သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာပုံ၊ ရခိုင်ဘုရင်များ၏ သြဇာအာဏာ ကြီးထွားလာမှုများတွင် ကုန်သွယ်ရေးမှ ရရှိသည့် အခွန်ဘဏ္ဍာများသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပုံ၊ ရခိုင်နှင့် ဘင်္ဂလားဒေသတွင် ဒတ်ခ်ျတို့၏ ကုန်သွယ်ပုံများကို ၎င်းကပြောကြားခဲ့ပြီး ၁၆၃၈ ခုနှစ် နောက်ပိုင်း ဘင်္ဂလား အရှေ့တောင်ဘက်တွင် ရခိုင်များ၏ ထိန်းချုပ်မှု လျော့နည်းလာရခြင်းမှာ အခွန်ဘဏ္ဍာရရှိမှု လျော့နည်းလာခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်စီးပွားရေးသည် ၁၆၆၆ ခုနှစ်တွင် စစ်တကောင်းကို လက်လွှတ်ခဲ့ရပြီး နောက်ပိုင်း အားမကောင်းတော့ကြောင်း၊ ရခိုင်ဒေသမှ ဒတ်ခ်ျကုန်သည်များ ထွက်ခွာသွားခြင်းမှာလည်း ရခိုင်စီးပွားရေးအပေါ် သက်ရောက်မှု ရှိစေခဲ့ကြောင်းတို့ကို ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က ရှင်းလင်းခဲ့သည်။
ထို့နောက် ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက “ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစု အကြမ်းဖက်မှု” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာတွင် (၁၈၂၆-၁၉၇၅) ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှု အခြေအနေများ၊ ၁၈၇၉ ခုနှစ်မှစ၍ စစ်တကောင်းသားများ၏ ပြောင်းရွှေ့နေထိုင်မှုများ များပြားလာခြင်း၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် စစ်တကောင်းသား အခြေစိုက် ၀င်လာသူများက အများစု ဖြစ်လာခြင်းတို့ ကို ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင် ဒေါက်တာအေးချမ်းက ၁၈၇၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်အတွင်း ဘင်္ဂါလီ အစ္စလာမ်ဘာသာဝင် ဦးရေသည် ၅၈၂၅၅ မှ ၁၇၈၆၄၇ ဦးရေအထိ တိုးပွားလာပုံ၊ ရခိုင်ရွာများကို မူဂျာဟစ် သူပုန်များက ဖျက်ဆီးပုံ၊ မူဂျာဟစ်ပါတီ၏ တောင်းဆိုချက်များ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် ဘင်္ဂါလီများက ၉၄ ရာခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းတို့ဖြင့် လူအများစု ဖြစ်နေကြောင်း ပြောသည်။
“ကျွန်တော် အသေအချာ ပြောနိုင်တာကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေပါပဲ။ ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်မှာ မရှိပါဘူး” ဟု သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်းက ပြောသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဖိတ်ကြားထားသူများ၊ ပညာရှင်များက ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ ၎င်းတို့ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ရခိုင်သမိုင်း ပညာရှင်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ပုဂံခေတ် ရခိုင်ကို သိမ်းပိုက် အနိုင်ယူခဲ့မှုနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြင်သစ်နိုင်ငံ အာရှလေ့လာရေးဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါက “သက်သေအထောက်အထား မရှိပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။
အလားတူ လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စတီဖင်ဗင်ဂလန်က “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ်လို့ ၁၇ ရာစု လောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး။ တခြား ယဉ်ကျေးမှုတွေလည်း မြောက်ဦးမှာ ရှိနေပါပြီ။ ၁၆၀၈ ခုနှစ်မှာ ပထမဆုံး ဒတ်ခ်ျလူမျိုး မြောက်ဦးကို ရောက်ပါတယ်။ ၁၆၄၀ ပြည့်နှစ်မှာ ရခိုင်မိခင်တွေနဲ့ ရတဲ့ ဒတ်လူမျိုးကလေးတွေ အများကြီး ရှိနေပါပြီ။ မြောက်ဦးမြို့ဟာ အသွေးအရောင် စုံတဲ့မြို့လို့ ပြောရမှာပဲ” ဟု ရိုဟင်ဂျာ အသုံးအနှုန်း သုံးစွဲမှု မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားခဲ့သည်။
ထို့ပြင် ရခိုင်မှာ မွတ်စလင်ဘုရင် ရှိခဲ့ပါသလားဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က “၁၇ ရာစုကို လေ့လာတဲ့ ကျွန်တော်ရဲ့ စာတမ်းအရ ရခိုင်မှာ မွတ်စလင်ဘုရင် မရှိပါဘူး” ဟုလည်း ဖြေကြားခဲ့သည်။
ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရိုဟင်ဂျာ စကားလုံး မည်သည့် အချိန်က စတင်အသုံးပြုခဲ့သလဲ၊ မည်သူ စတင်သုံးစွဲခဲ့သလဲဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ “ကျွန်တော် အရင်တုန်းကလည်း ပြောဖူးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနှစ်မှာ ဘူးသီးတောင်က Mr. Abdul Gaffa က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်ကတော့ သူက ဒီစကားလုံးကို Roshang or Rohan က ယူတာပါ။ ဒီစကားရပ်ဟာ ဘင်္ဂါလီစကားရပ်ဖြစ်ပြီး ရခိုင်တွေကို ခေါ်တဲ့ စကားရပ်ပါ” ဟု ဖြေကြားသည်။
ဘင်္ဂါလီအရေး ဆောင်ရွက်ရေးသားနေသူ ဦးဌေးလွင်ဦးက ရိုဟင်ဂျာနှင့် ရခိုင်ပြည်နယ် အကြောင်းကို မေးမြန်းခဲ့ရာတွင် ဒေါက်တာအေးချမ်းက ဦးဌေးလွင်ဦး ပြောကြားသည့် စကားရပ်သည် ရိုဟင်ဂျာဟု မဆိုလိုကြောင်း၊ ဘင်္ဂါလီများက ရခိုင်ကိုခေါ်သည့် စကားလုံးသာ ဖြစ်ပြီး Rohan စကားလုံးသည် နောက်မှ ၀င်ရောက်လာသည့် တရားမ၀င် ခိုးဝင် အခြေချ နေထိုင်သူများကို မဆိုလိုကြောင်း ရှင်းလင်းခဲ့သည်။
“ဒီရှင်းလင်းပွဲကြောင့် လူတွေဟာ ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ ရိုဟင်ဂျာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ ဒေါက်တာအေးချမ်းက ရှင်းရှင်းလင်းလင်း ပြောသွားတယ်။ နောက်ပြီး လက်ရှိ ရခိုင်မှာဖြစ်နေတဲ့ ပဋိပက္ခကတော့ နိုင်ငံမှာ အုပ်ချုပ်နေတဲ့ အကြီးအကဲတွေက ဖြေရှင်းပေးမှပဲ ပြေလည်မယ် ထင်တာပဲ။ ကိုယ့်နိုင်ငံမှာ အဲဒီလိုမျိုး ကြားနေရ၊ မြင်နေရတာလည်း မကောင်းဘူး။ အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆန္ဒပြုပါတယ်။ အကုန်လုံး ကိုယ့်စီးပွားနဲ့ကိုယ်၊ ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်စေချင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြန်မြန်ဆန်ဆန်ပဲ ဖြစ်စေချင်ပါတယ်” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ဗုဒ္ဓဘာသာဘာသာ ပထမနှစ်ကို တက်ရောက်နေသည့် အရှင်တေဇက မိန့်သည်။
ဆွေးနွေးပွဲသို့ တက္ကသိုလ် အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာနများနှင့် ဖိတ်ကြားထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြား နေကြသည့် ရခိုင်ရဟန်းသံဃာများနှင့် ကျောင်းသား၊ ကျောင်းသူများ ၁၅၀ ကျော် တက်ရောက်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံမှ ရခိုင်နိုင်ငံရေး ပါတီများ ဖြစ်ကြသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

 Credit: News of Weekly Eleven

Shutdownမြန်မြန်ပိတ်နည်း

ကျွန်တော်ကွန်ပြူတာပိတ်ရာတွင် အလွန်ကြာနီတတ်ပါသဖြင့်တချက်ဖြေကြားပီးပါ။

တချို့ကွန်ပြူတာတိမှာ software တိအမျာကြီးတင်ဂေလည်း ကွန်ပြူပိတ်ရာတွင်ကြာတတ်ပါရေ။ယင်းအတွက်နန့်မလိုအပ်တေ software တိကို
ဖြုတ်ထားစော်အကောင်းဆုံးပါ။ကျွန်တော်အဆင်ပြေဆုံးနည်းလမ်းနှစ်ခုကိုပြောပြပါမေ။

ပထမနည်းက (၁) Window+Rကိုတွဲနှိပ်လိပ်ပါ(Run box ကိုခေါ်ခြင်းဖြိုက်ပါရေ) ပေါ်လာရေ box မှာ services.msc လို့ရိုတ်ထည့်ပြီး enter ခေါက်လိုက်ပါ။ Box တခုပေါ်လာလိမ့်မေ။ ယင်းချင့်မှာ ညာဖက်ဘေးမှာ ServiceLayer ကိုလိုက်ရှာပြီးကေ အပြာရောင်ဖြိုက်အောင် တချက်နှိပ်လိုက်ပါ။ ယပြီးကေ ယင်း Box မှာ Action ထဲက properties ကိုဝင်နှိပ်ပြီးကေ ၀င်လိုက်ပါ။ ယင်းချင့်ထဲက Log Onအောက်မှာ Enabled ဖြိုက်နီကေ Disable ပီးလိုက်ပါ။ ယပြီးကေ အိုကေလုပ်ပြီးကေ ထွက်လိုက်ပါ။