၂၀၁၄ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ လ၀က်သတင်းသုံးသပ်ချက်။(ရခိုင်ပြည်နယ်၏ အကောင်းမြင်ဆုံးလအဖြစ် သတ်မှတ်သည်)
၁၆.၃.၂၀၁၄- ရက်နေ့ သန်းခေါင်စာရင်းကောက်ခံမှုကို ကန့်ကွက်သည့်အနေဖြင့် ရခိုင်ပြည်နယ် (၁၁)မြို့နယ်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ရခိုင်ပြည်သမိုင်းတွင် အကြီးကျယ်ဆုံး ဆန္ဒပြမှု ဖြစ်သည်။
--------------
၁၈.၃.၂၀၁၄ ရက်နေ့ သပိတ်ကော်မတီမှ နိုင်ငံတော် သမ္မတကြီးဆီ စာတင်ပြီးကန့်ကွက်ခဲ့ကြသည်။
-------------
၂၀.၃.၂၀၁၄- ရက်နေ့က “ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှု လုပ်ရန်လိုပြီလား” အမည်ရ အဆိုပါ ဆောင်းပါးကို Zeeshan Khan ဆိုသူက ရေးသားခဲ့ပြီး Dahaka Tribune တွင် ဖော်ပြခဲ့သည်။
--------------
၂၁.၃.၂၀၁၄-ရက်နေ့ ရခိုင်တစ်မျိုးသားလုံးက အစိုးရဆီမှ သန်းခေါင်စာရင်းနဲ့ ပတ်သတ်ပြီး နေ့လည်း ၁၂း၀၀ နာရီကို နောက်ဆုံးတောင်းဆိုခဲ့သော်လည်း အစိုးရ တုန့်ပြန်မှု မရှိခဲ့ချေ။ ထို့ကြောင့် သန်းခေါင်စာရင်း ကောက်ခံမှုကိုရခိုင်တစ်လုံးအတိုင်းအတာဖြင့် သပိတ်မှောက်အထိမ်အမှတ်အဖြစ့် သာသနာ့အလံများကို အိမ်တိုင်းတွင် လွင့်ထူးပြီး သပိတ်ကိုစတင်လိုက်သည်။
-------------
၂၃.၃.၂၀၁၄- ရက်နေ့မှာ တောင်ကုတ်မြို့၊ သံတွဲမြို့တွင် ဆက်လက်သပိတ်မှောက်ခဲ့ကြသည်။
--------------
၂၄.၃.၂၀၁၄- ရက်နေ့မှာ ရမ်းဗြဲ၊ မာန်အောင်မြို့များတွင် ဆက်လက် သပိတ်မှောက်ခဲ့ကြသည်။
------------
၂၄.၃.၂၀၁၄ -ရက်နေ့ထိ သန်းခေါင်စာရင်းနှင့် ပတ်သတ်ပြီး AA ရက္ခိုင်တပ်မတော်၊ မဗသ(အထက်မြန်မာပြည်)၊ ALP ၊ အမေရိကန်နိုင်ငံ လူမှုကူးညီရေးအသင်း၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု (၇)စုမှ သဘောထားထုတ်ပြန်၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီသန်းခေါင်စာရင်း နာမည်လိမ်တိုက်ဖျက်ရေးကော်မတီ(စစ်တွေ)တို့မှ စတိတ်မန့် ထုတ်ပြန်ထားခဲ့သည်။
-------------------
၂၅.၃.၂၀၁၄ -ရက်နေ့က အမေရိကန်အောက်လွတ်တော်တွင် ရိုဟင်ဂျာများကို တိုင်းရင်းအသားအဖြစ် အသိအမှတ်ပြုပေးရေး တိုက်တွန်းခဲ့သည်။
-------------------
၂၆.၃.၂၀ဎ၄- ရက်နေ့ ညနေ ၇း၀၀နာရီ ပတ်ဝန်းကျင်လောက်တွင် ( Malteser) NGO အဖွဲ့မှ အမေရိကန်နိုင်ငံသူ အရာထမ်းတစ်ဦး ဖြစ်သူ Ms. Yevon က သူတို့ငှါးထားသည့်အိမ်မှ သာသာနာ့အလံကို ဖြုတ်ယူပြီး သာသနာ့အလံကို အိပ်ထဲတွင် ထည့်ရာ မဆံ့သဖြင့် ခါးကြားထိုးရာ ဖင်ကြားတွင် ညှပ်သလို ဖြစ်ရာမှစတင်ပြီး အနီးအနားမှ လူငယ်များနှင့် အမျိုးသမီးများ
ကန့်ကွက်ရာမှ စတင်ပြီး အခင်းဖြစ်ပွါးခဲ့သည်။ အခင်းဖြစ်ပွါးမှုကြောင့် NGO များငှါးရမ်းထားသည့် ကျောင်းတက်လမ်းရပ်ကွက်၊
ဘောင်ဒွတ်သားစုရပ်ကွက်၊ ဘောက်သီးစုရပ်ကွက်၊ အဖျက်အဆီးခံလိုက်ရသည်။
- ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် Dhaka Tribune သတင်းဌာနှ ရေးသားချက်ကို ကန့်ကွက် ဆန္ဒပြခဲ့သည်။
------------------
၂၇.၃.၂၀၁၄- ရက်နေ့တွင် အခင်းဆက်လက်ဖြစ်ပွါးခဲ့ပြီး စစ်တွေမြို့ တစ်ခုလုံးတွင် NGO များ ငှါးရမ်းထားသည့်အိမ်အချို့ဖျက်ဆီးခံလိုက်ရသည်။ ညနေပိုင်း ၅ နာရီခန့်လောက်တွင် ရူပတောင်ရပ်ကွက်၊ WFP အဖွဲ့၏
ဆန်များသိုလှောင်ထားသည့် ဂိုဒေါင်းမှ လုံခြုံရေးများ ပစ်ခတ်မှုကြောင့် အသက် ၁၁ နှစ်အရွယ် မညီးမဆိုသည့် အမျိုးသမီးငယ်မှာ
ခါးတွင် သေနပ်ဒဏ်ရာဖြင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံးအရောက်တွင် သေဆုံးသွားခဲ့သည်။
- စစ်တွေမြို့မှ ပေါက်တောမြို့သို့ ထွက်ခွါမည့် စက်လှေပေါ်သို့ သန်ပန်လှေပေါ်ကို ကပ်ချိန်ရာမှ လှေတစ်စီနစ်ခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိကာ စစ်တွေ ဆေးရုံးပေါ်သို့ အရေးပေါ်လူနာအဖြစ် တင်ပေးလိုက်ရသည်။
- မန္တလေးတိုင်းတွင် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းကောက်ခံမည့်အကြောင်းကို ကန့်ကွက် ဆန္ဒပြခဲ့သည်။
- ညမထွက်ရအမိန့် ၁၄၄ ကို တိုးမြှင့်လိုက်ပြီး ယခင် ညဥ့် ၁၂ နာရီမှ နံနက် ၅ နာရီကို ည ၆ နာရီမှ နံနက် ၆ နာရီထိ တိုးမြှင့် သတ်မှတ်လိုက်သည်။
----------------------
၂၈-၃-၂၀၁၄- ရက်နေ့ နယ်စပ်ရေးရာလုံခြုံရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်ဦးမှ လ.၀.က ၀န်ကြီးဦးခင်ရီ ဦးဆောင်သော
သန်းခေါင်စာရင်းကော်မတီသို့တင်ပြပြီး ၂၉-၃-၂၀၁၄ ရက်နေ့တွင် ပြည်သူအများကျေနပ်သည်အထိ အဖြေတစ်ခုထုတ်ပေးနိုင်ရန်
ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အတွက် ကျူးကျော်ဘင်္ဂလီ
သန်းခေါင်စာရင်းနာမည်လိမ်တိုက်ဖျက်ရေးကော်မတီအနေဖြင့် ဆက်လက်သပိတ်မမှောက်ပဲ စာရင်းအကောက်ခံမည်/ မခံမည်မှာ
တာဝန်ရှိသူများ၏ (၂၉ )ရက်နေ့ ထုတ်ပြန်ချက်အပေါ်တွင်သာ လုံးဝမူတည်နေပါကြောင်း အသိပေးအပ်ပါသည်။
- မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ်ဖြစ်သည့် ရခိုင်ယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက် ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ
ကွင်းလယ်ဒိုင်းအား ရခိုင်ယူနိုက်တက်အသင်းနည်းပြမှ ကွယ်လယ်ဒိုင်အား လက်သီးဖြင့် ထိုးမှု ဖြစ်ပွါးခဲ့။
-----------------------
၂၉-၃-၂၀၁၄- ရက်နေ့ လ၀က၀န်ကြီး ဦးခင်ရီနှင့် တွေ့ဆုံခဲ့ရာ လိုအပ်သော အဖြေတစ်ခုကို မရရှိသောကြောင့် သပိတ်ကို
ဆက်မှောက်မည်ဟု သပိတ်ကော်မတီက ဆုံးဖြတ်ခဲ့သည်။
- မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက်၊ မကျည်းကုန်းသက်ရွာတွင် ဦးထွန်းစိန် (ဘ) ဦးထွန်းဇံ၊ (၄၉)နှစ် ၊ သက်လူမျိုးသည် ရွာ၏
အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာ ၄င်းပိုင် တောင်ယာစိုက်ခင်းတွင် မူဆလင်ကုလားများ၏ လှည်လှီးသတ်ဖြတ်ခြင်းခံခဲ့ရ။
- စစ်တွေမြို့ပေါ်တွင် ၂၆၊ ၂၇ ရက်နေ့များတွင် ဖြစ်ပွါးခဲ့သော အခင်းအတွက် ဗိုလ်ချုပ်မောင်မောင်အုန်းကို ဥက္ကဋ္ဌအဖြစ်
တာဝန်ပေးကာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ဖွဲ့စည်းခဲ့သည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ဒေါက်တာကျော်ရင်လှိုင်က တာဝန်ယူထားပြီး ယင်းအဖွဲ့တွင် လူပုဂ္ဂိုလ် စုစုပေါင်း
ငါးဦး ပါဝင်သည်။
--------------------
၃၀-၃-၂၀၁၄- ရက်နေ့ သန်းခေါင်စာရင်းသွားကောက်သော ဆရာ/မများကို ဘင်္ဂလီများက ရိုဟင်ဂျာဟု ထည့်မပေးလျှင် အကောက်မခံနိုင်ကြောင့် ပြောဆိုချက်အရ စာရင်းမကောက်ဘဲ ပြန်ထွက်လာခဲ့သည်။ နိုင်ငံတော်
ဒုသမ္မတဦးညာဏ်ထွန်းရောက်ရှိလာပြီး ပြည်ထောင်စုအစိုးရ တာဝန်ပေးအပ်ချက်အရ ပြည်နယ်အစိုးရမှ သပိတ်မှောက်အဖွဲ့၏
လိုအပ်ချက်အတိုင်း ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် သပိလှန်ခဲ့ကြသည်။
-နေ့လည် ၁၂ နာရီက စတင်ပြီး သန်းခေါင်စာရင်းကောက်။ နေ့လည် (၁)နာရီ စစ်တွေမြို့နယ် ဘာဆာရွာကို စကောက်။
ရိုဟင်ဂျာနာမည်ကို ပြောဆိုသောကြောင့် မကောက်ဘဲ ပြန်လာ။
-ရခိုင်အမျိုးသားညီလာခံအတွက် ရံငွေရှာဖွေရေး စတိတ်ရှိုးပွဲတော်တစ်ခုကို ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ရခိုင်အဆိုတော်များဖြင့်
ပြုလုပ်ကျင်းပခဲ့။
-------------------------
၃၁-၃-၂၀၁၄- ရက်နေ့ စစ်တွေမြို့နယ် ဘုမေကုလားရွာကို စကောက်။ ရိုဟင်ဂျာကြောင့် မကောက်ဘဲ ပြန်လာ။
မောင်တောမြို့နယ်တွင် ထိုနည်းတူစွာ အကောက်မဖြစ်။
-------------------------
ခြုံငုံသုံးသပ်ချက်
-------------
၂၀၁၄ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ ထူးခြားဖြစ်စဉ်များကို စာရေးသူ စုဆောင်းထားခဲ့ဖြစ်သည်။ ဤလသည် ၁၉၈၈
ခုနှစ် နောက်ပိုင်းတွင် ရခိုင်ပြည်နယ် သမိုင်းတွင် အကြီးကျယ်ဆုံး အကောင်းမြင်ဆုံးလတစ်ခုအဖြစ်မှတ်တမ်းတင်လိုက်သည်။
ရခိုင်တစ်မျိုးသားလုံး စည်းလုံးညီညွှတ်မှုအားဖြင့် သမိုင်းလိမ် ရိုဟင်ဂျာဆိုသူများကို လက်တွဲညီညီဖြင့် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။၁၆ ရက်နေ့မှာ စတင် သပိတ်မှောက်ခဲ့ပြီး ၃၁ ရက်နေ့ သပိတ်လှန့်သည့် နေ့အထိ ၁၅ ရက်တိုင်းတိုင်းကြာမြင့်ခဲ့သည်။ထိုကြားထဲတွင် ရခိုင်ပြည်တွင်း၌ NGO ပယောဂအမှောက် ၊ ပြည်ပမှာဆိုလျှင် မလေးရှားလေယဉ် MH 370 ပျောက်ဆုံးမှုပယောဂတို့သည် သပိတ်ပန်းတိုင်းကို လမ်းလွဲသွားနိုင်သည့်အထိ ၀င်ရောက်ခဲ့သော်လည်း မိမိတို့ သွားရောက်ခဲ့သည့် ပန်းတိုင်းကို မှန်မှန်ကန်ကန် ချီတက်နိုင်ခဲ့သည်။
ရခိုင်တစ်မျိုးသားလုံးအား၊ ပြည်တွင်းပြည်ပ တိုင်းရင်းညီအစ်ကိုတို့၏ ၀ိုင်းရံမှုဖြင့် တရားမ၀င်သူတို့၏ မီဒီယာရန်၊ နယ်မြေလုမှုရန်၊သမိုင်းလိမ်မှုရန်တို့ကို ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့သည့်သောကြောင့် နောက်ဆုံး အစိုးရမှ လူထု၏လူအပ်ချက်ကို လမ်းလျော့ပေးခဲ့ရသည်။ ထို့ကြောင့် ဤလသည် “ရခိုင်သမိုင်းတွင် အအောင်မြင်ဆုံးလအဖြစ်” စာရေးသူက သတ်မှတ်လျှင် လွန်လိမ်မည့် အထင်ပေ။
ဝေဟင်အောင်
၃၁၊ ၃၊ ၂၀၁၄။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment