[[[ Development News Journal မှာ ဖော်ပြပြီ ဆောင်းပါး]]]
လူလို့ ဖြစ်လာလျှင် အဖွဲ့အစည်းဖြင့် ကင်းလွတ်၍ မရပေ။ မိသားစု အသိုက်အဖွဲ့မှသည် အသင်းအဖွဲ့အစည်းထိ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်ရှိနေသည်။ လူရှိလျှင် အဖွဲ့အစည်းရှိမည်။ အဖွဲ့အစည်းရှိလျှင် မူဝါဒရှိမည်။ အဖွဲ့အစည်းကြီးသည် ငယ်သည်မဟူ မူဝါဒတစ်ခုလောက်တော့ အနည်းဆုံးရှိကြသည်။ မူဝါဒကို အင်္ဂလိပ်လို ပေါ်လစီဟု သုံးစွဲသည်။ ပေါ်လစီတစ်ရပ်မှာ ပြဿနာရှာခြင်းနှင့် ရှင်းလင်းခြင်းဖြစ်သည်။ ပြဿနာတစ်ခုအတွက် ပထမ ပေါ်လစီ၊ ပရိုဂြမ်နှင့် ပရောဂျက်တို့ဆိုလျှင် မြန်မာလို မူဝါဒ၊ အစီအစဉ်နှင့် စီမံချက်ကို ဆိုလိုခြင်းဖြစ်သည်။ မူဝါဒဆိုသည်မှာ ပြဿနာတစ်ရပ်ကို ဖြေရှင်းဖို့အတွက်၊ ယေဘုယျကျကျ ချဉ်းကပ်မှု (သို့) မဟာဗျူဟာများဖြစ်သည်။ အစီအစဉ်ဆိုသည်မှာ မူဝါဒတစ်ရပ်ကို အကောင်အထည်ဖော်ဖို့အတွက် လုပ်ဆောင်ထားပြီး တိကျသည့် ဆောင်ရွက်ပင်ဖြစ်သည်။ စီမံချက်မှာ တစုံတရာသော ရည်ရွယ်ချက်တစ်ရပ်ကို ဖြည့်ဆည်းဖို့ ယာယီဖွဲ့အစည်းဆောင်ရွက်ချက်ပင်ဖြစ်သည်။ ထို့အတွက် ပြဿနာတစ်ရပ်ကို ဖြေရှင်းနိုင်ဖို့ဆိုလျှင် အစီအစဉ်များရေးဆွဲပြီး အကောင်အထည်ဖော်မည့်သူများမှ စီမံပြီး လုပ်ဆောင်ခြင်းကို ဆိုလိုသည်။
တစ်ချို့က မူကို ဘောင်ဟုလည်း ခေါ်ဆိုကြသည်။ မူဘောင်၊ လူ့ဘောင်ဟုလည်း သုံးနှုန်းကြသည်။ ဘောင်ဆိုသည်မှာ ထိန်းကွပ်ထားသည့် သဘောကို ဆိုလိုသည်။ ဘောင်ကွပ်လိုက်သောကြောင့် လူသည် စည်းလွတ်လက်လွတ်လုပ်၍ မရတော့ချေ။ ထို့အတွက် လူ့အဖွဲ့အစည်းတိုင်းသည် လူကို မူနှင့် ထိန်းခြင်းဖြစ်သည်။ လူသည် အတ္တ၏ သားကောင်များဖြစ်သောကြောင့် စည်းလွတ်လက်လွတ်ဖြစ်နေသော လူ့အဖွဲ့အစည်းကို မူဘောင်ဖြင့် ထိန်းသိမ်းခြင်း၊ ထိန်းကွပ်ခြင်းပင်။
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
၂၀၁၅ ခုနှစ်အတွက် အဆင်သင့်ဖြစ်ပြီလား

[[[ Development News Journal မှာ ဖော်ပြပြီ ဆောင်းပါး]]]
၂၀၁၄ ခုနှစ်သည်ကား အတိတ်မှာ သမိုင်းအဖြစ် ကျန်ခဲ့ပြီဖြစ်သည်။ အတိတ်သည်ကား ပစ္စုပ္ပန်၏ ဆရာဖြစ်သည်။ အတိတ်က ကောင်းမွေ၊ ဆိုးမွေများကို သင်ခန်းစာယူပြီး အကောင်းဆုံး ဆက်လက်လုပ်ဆောင်ရန် အကောင်းအဆုံးအချိန်သည် လက်ရှိပင်ဖြစ်သည်။ လက်ရှိပစ္စုပ္ပန်၏ လုပ်ဆောင်ချက်များသည် အနာဂတ်အတွက်ဖြစ်သည်။ ၂၀၁၄ ခုနှစ်သည် အကောင်း၊ အဆိုး ဒွန်းတွဲလျက်ဖြင့် ပြီးဆုံးသွားခဲ့သည်။ ကောင်းတန်သလောက်လည်း ကောင်းခဲ့သည်။ ဆိုးတန်သလောက်လည်း ဆိုးခဲ့သည်။ ကောင်း၏ ဆိုး၏ကို မှတ်တမ်းတင်ဖို့ရန် စာရေးသူတို့တွင် တာဝန်ရှိသည်။ ကျန်ခဲ့သော ခုနှစ်ကို သမင်လည်ပြန်ကြည့်ရှုပြီး ရှေ့ကို အကောင်းဆုံးဖြစ်အောင် ဆက်လက်လုပ်ဆောင်ရအုံးမည်။ အတိတ်သည် လွမ်းစရာထက် သင်ခန်းယူစရာများကို အကောင်းဆုံးဖြစ်အောင် ယူဆောင်ပြီး အကောင်အထည်ဖော် လုပ်ဆောင်ကြရန်သာရှိတော့သည်။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးမှ ဧပြီလတွင် ကောက်ခံခဲ့သည် သန်းခေါင်းစာရင်းတွင် ရခိုင်ပြည်နယ်လုံးတွင် ပြည်သူ့ဆန္ဒထုတ်ဖော်မှုသည် အကြီးကျယ်ဆုံး၊ ပြည်သူပါဝင်မှုအများနှင့် စည်းကမ်းအကျဆုံး ဆန္ဒပြပွဲကို တွေ့မြင်ခဲ့ရသည်။ မတ်လတွင် ၂၆/၂၇ ရက် INGO/NGO ရုံးများကို အကြမ်းဖက်မှုတွင် မညီးမဆိုသည့် ကလေးငယ်တစ်ယောက် အသက်စတေးခဲ့ရသည်။ ၄င်း ဧပြီလထဲတွင်ပင် ရခိုင်တို့အတွက် အရေးကြီးသည့် ရခိုင်အမျိုးသားညီလာခံကြီးကို ဧပြီလတွင် ကျင်းပနိုင်ခဲ့သည်။ ယင်းမတိုင်ခင်က ALD နှင့် RNDP ကို ပေါင်းစပ်ပြီး ရခိုင်အမျိုးသားပါတီ (ANP) ပါတီကို ဖွဲ့စည်းနိုင်ခဲ့သည်။ ANP ပါတီ၏ ပထမဦးဆုံးညီလာခံကို စက်တင်ဘာလတွင် ကျင်းပနိုင်ခဲ့သည်။ ထူးခြားချက်အဖြစ် ၂၀၁၀ ခုနှစ် ဒီမိုကရေစီနှင့်အတူ ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပြည်နယ် ၀န်ကြီးချုပ်တစ်ဦးဖြစ်သည့် ဦးလှမောင်တင်သည် သုံးနှစ်လောက်သာ တာဝန်ယူခဲ့ပြီး ၂၀၁၄ ခုနှစ် မေလတွင် ကျန်းမာရေးကို အကြောင်းပြပြီး နုတ်ထွက်သွားသည်။ သူ့နေရာတွင် ဗမာလူမျိုးဖြစ်သည့် ပြည်ထောင်စုအစိုးရက တိုက်ရိုက်ခန့်အပ်သည် ဗိုလ်ချုပ်အဆင့်ရှိသူ ဦးမောင်မောင်အုန်းဖြင့် အစားထိုးခဲ့သည်။ ထိုအစားထိုးမှုအတွက် ပြည်သူတို့က ကန့်ကွက်ခဲ့သည်သာမက ရခိုင်အမျိုးသားပါတီက ၂/၂၀၁၄ စတိတ်မန့်ကို ထုတ်ပြီး ကန့်ကွက်ခဲ့ပါသော်လည်း လွတ်တော်တက်ရောက်သည့်နေ့တွင် ကန့်ကွက်မဲမရှိ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။
ရက္ခပူရမှ အပူသည်
[[[ ရမ္မာဝတီ မဂ္ဂဇင်း အမှတ် (၅)တွင် ဖော်ပြပြီ]]]]]]
(၁)
`ဒီမှာ တပြည်ကျူးကျော်စစ်က ပိုအရေးကြီးတယ်။ တပြည်ကျူးကျော်သူတွေဟာ သွေးမတူ သားမစပ်တဲ့အတွက် ကျူပင်ခုတ် ကျူငုတ်ပါ ကျန်ခဲ့မှာ မဟုတ်ဘူး။ သင်ရဲ့ မိန်းမ၊ ကလေး၊ သက်ကြီးရွယ်အိုး၊ ဒုက္ခိတ ၊ ပြည်သူတွေ တစ်ယောက်မှ အသက် ချမ်းသာခွင့် ရမှာ မဟုတ်ဘူး။ တပြည်စစ်ကို အယင်ဆီးတိုက်ရမယ်။ ပြည်တွင်းစစ်က ဒီနေ့ စားပွဲဝိုင်းမှာ ဆွေးနွေးရင် မနက်ဖြန် ငြိမ်ချမ်းရေးရလိမ့်မယ်´ ကျွန်ုပ်သည် ဘေးနားတွင် ရပ်ပြီး နားစွင့်နေသော အိမ်ရှေ့စံ သက်စံရွှေကို မိန့်ကြားလိုက်သည်။ သက်စံရွှေကား သက်ပြင်းကို ပြင်းပြင်းချကာ နားထောင်နေသည်။ အိမ်စံတစ်ဦးက ဖခင် ဘုရင်အပေါ်တွင် ကြည်ညိုစိတ်၊ လေးစားစိတ်တို့ကြောင့် ပြန်မပြောနိုင်။ သို့သော် သူ၏ အပူကို သူသာအသိဆုံးဖြစ်လိမ့်မည်။ စကားသံကား စစ်ရေးပြခန်း စားပွဲခုံကို ငေးကြည့်ရင် အသံတိတ်သွားသည်။ ကျွန်ုပ်သည် တိတ်ဆိတ်မှုကို မကြိုက်သက်လှ။ တိတ်ဆိတ်မှုသည် ကြောက်စိတ်ကို ၀င်စေသည်။
`တိုက်ပွဲဆိုတာ မြှားတွေ၊ လှံတွေ၊ ဓားတွေ၊ မီးပေါက်တွေနဲ့ တိုက်ခိုက်ရတာကြောင့် ဘယ်အရာကိုမှ ညှာတာခွင့်ပေးမှာ မဟုတ်ဘူး အိမ်ရှေ့စံ။ အသက်ကို ဇိန်ဝိန်ခြွေလို့အကောင်းဆုံးအရာက စစ်ပွဲပဲ။ ဒါ့ကြောင့် ဖခမည်းတော်တို့ရဲ့ မြောက်ဦးရွှေနန်းကို တိုက်ခိုက်မှုကို တစ်ခန်းရပ်ပြီး ကျူးကျော်စစ်ဦးကို ဖခမည်းတော်တို့ ရိုက်ချိုးပစ်လိုက်ရလိမ့်မယ်။ ဒီတစ်ညတော့ ဒီစစ်ပွဲအတွက် သေနင်္ဂဗျူဟာ၊ မဟာဗျူဟာတို့ အပြီးသတ် လုပ်ဆောင်မှ ဖြစ်လိမ့်မယ်´ ကျွန်ုပ်သည် စကားကို အရှည်ကြီးပြောလိုက်မိသည်။ အိမ်ရှေ့စံ သက်စံရွှေကား ကျောက်ဆစ်ရုပ်ထုကဲ့သို့ နားထောင်နေသည်။ ကျွန်ုပ်ကား ဤစစ်ပွဲသည် အနိုင်ထက် အရှုံးပွဲဆိုသည်ကို သိထားသည်။ သို့သော် ရာဇဘုရင်ဖြစ်သည့်အလျှောက် ဒူးထောက်အညံ့ခံလို့ ရှုံးရခြင်းထက် တိုက်ရင်းဖြင့် ရှုံးခြင်းကို ပိုကြိုက်နှစ်သက်မိသည်။
အပြင်ဘက်တွင် နတ်တော်လဖြစ်သောကြောင့် နှင်းစ၊ နှင်းပွင့်တို့သည် ခေါင်းကင်ထက်က ခုန်ဆင်းနေကြသည်။ ငွေနှင်းမြူတို့သည် ကောင်းကင်နှင့် မြေကြီးကြား မိတ်ဖွဲ့နေကြသည်။ ရိုးမတောင်ကို ရစ်သိုင်းထားသော ငွေနှင်းမြူတို့သည် ဇာပ၀ါသိုင်းဖွဲ့ထားသကဲ့။ အရှေ့ဘက်က နေ၏ အလင်းရောင်သည် အမှောင်ကို အနိုင်ယူဖို့ ကြိုးစားနေသည်။ အမှောင်ထုသည်ကား နောက်ဆုတ်မည့်ဟန်ကို ဆင်းနေသော်လည်း သစ်ပင်ပန်းမံများအောက်တွင် ကြီးစိုးထားဆဲ။ မြောက်လေတစ်ချက် အဝှေ့တွင် သဇင်ပန်းရနံ့ ခန်းမဆောင် လှစ်ကာကို ဖြတ်ကျော်ပြီး ကျွန်ုပ်နာသီးဝကို လာရိုက်ခတ်သည်။ ဆောင်း၏ အအေးဒဏ်နှင့် သဇင်ရနံ့ကို ခံစားခွင့်မပေး။ ခံစားခွင့်ထက် ဦးနှောက် နှလုံးသားတို့သည် တပြည်ကျူကျော်စစ်ကို တွန်းလှန်ဖို့ ဦးနှောက်နှင့် နှလုံးသားကို အလုပ်ပိုပေးနေရသည်။ အိမ်ရှေ့စံ သက်စံရွှေနှင့် ကျွန်ုပ်သည် တစ်ရက်နှင့် တစ်ညရှိပြီ။ စစ်ရေးခင်းဗျူဟာခမ်းမထဲက မထွက်ဖြစ်။ အစားအသောက်များကိုပင် အခမ်းထဲသို့ မှာယူသုံးဆောင်ခဲ့ရသည်။ အထောက်တော်များ၊ သူလျိုဒလံများက ပေးပို့လာသမျှ သတင်းများကို နားစွင့်နေရသည်။
`အိမ်ရှေ့စံ စကားနည်းနည်းပြောပါအုံး´

နာတာရှည်ရောဂါသည်၏ ငြိမ်းချမ်းရေး ရှာပုံတော်
((( ရခိုင့်အသံ ဂျာနယ်၊ ၃၊ ၁၂။ ၂၀၁၄ ရက်နေ့ ထုတ်တွင် ဖော်ပြပြီ))))
`စစ်သည် ဖျက်ဆီးသော ကိရိယာဖြစ်၍ ငြိမ်းချမ်းရေးသည် တည်ဆောက်သော
ကိရိယာဖြစ်သည်´ဟု ကွယ်လွန်သူ စာရေးဆရာကြီး ဒဂုန်တာရာ၏ စစ်ကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။
ကျွန်တော်သည် ပန်းချီဆရာတစ်ယောက်၏ သေနတ်ထိပ်တွင် နားနေသော ချိုးဖြူငှက်ကို မြင်ယောင်ယင်း
ငြိမ်းးချမ်းရေးကို လိုက်ရှာမိသည်။ ငြိမ်းချမ်းရေးဆိုသည်မှာ
ဆွေးနွေးစရာသက်သက်ဖြစ်ပြီး အမှန်တကယ် ငြိမ်းချမ်းသော တရားသည် အဘယ်နည်း။ မငြိမ်းချမ်းလို့
မတိုးတက် ၊ မတိုးတက်လို့ မငြိမ်းချမ်း။ ငြိမ်းချမ်းရေးကို ရှာယင်းပင် ကျွန်တော်တို့
ဘ၀များသည် ပရုပ်လုံးလို လုံးပါးပါးလာခဲ့သည်။ တိုင်းပြည်တိုးတက်ရေးအတွက် ရှာဖွေသော ငြိမ်းချမ်းရေးနှင့်
သံသရာအတွက် ရှာသော ငြိမ်းချမ်းရေး။ သို့ရာတွင် မြန်မာနိုင်ငံ၏ နာတာရှည်ရောဂါဆိုကြီးမှာ
၁၉၄၈ ခုနှစ် လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သည်။
စစ်ပွဲ၏ အကြောင်းခံသည် ပြဿနာဖြစ်သည်။ ပြဿနာ၏ အကြောင်းခံသည်
စစ်တပ်ဖြစ်သည်။ တိုင်းရင်းသား စစ်တပ်နှင့် ဗမာစစ်တပ်။ ဗမာစစ်တပ်သည် ဗိုလ်ချုပ်အောင်ဆန်း၏
ဦးဆောင်မှုနှင့်အတူ ရဲဘော်သုံးကျိပ်နှင့်အတူ မွေးဖွားလာခြင်းဖြစ်သည်။ ပဋိသန္ဓေတည်တုန်းက
လာခြင်းကောင်းပြီး မျိုးစေ့မှန်သော်လည်း အပင်ကား မသန်ခဲ့ချေ။ ၁၉၄၁ခုနှစ်ဒီဇင်ဘာ၂၈ရက်နေ့၊ဘန်ကောက်မှာရဲဘော်သုံးကျိပ်တို့
သွေးသောက်သစ္စာပြုပြီး မြန်မာ့တပ်မတော်ကိုစတင်အခြေတည်ဖွဲ့စည်းကြစဉ်က လွတ်လပ်ရေးမှသည်
တိုးတက်ရေးသို့ ရှေ့ရှုခဲ့သည်။ ထိုသန္နိဌာန်နှင့်အတူ လွတ်လပ်ရေးကို ရရှိခဲ့ပြီး ယင်းမှ
တိုင်းရင်းသားပေါင်းစုံကို စုပေါင်းပြီး ပြည်ထောင်စုမွေးဖွားသန့်စင်ခဲ့သည်။ ပြည်ထောင်စုသည်
တစ်ဦးပိုင်မဟုတ်ချေ။
မဟာမြတ်မုနိကုန်မြေ သက်သေတည်
စောလားဘွယ်၏
ကင်းလှည့်မို့ သေနတ်ကို ကိုင်ပြီး ကင်းစောင့်ရသည်မှာ တစ်ညလုံးရှိပြီ။ လူက အိပ်ငိုက်စပြုလာပြီ။
ထိုအချိန်တွင် အသံတစ်သံကို မသဲမကွဲ ကြားလိုက်ရသည်။ အာရုံစိုက်ပြီး နားထောင်ကြည့်သည်။ အမျိုးသမီးတစ်ဦး၏ အသံဖြစ်နေ၏။
“အရှင်ဘုရား သည်မြေမှ တစ်ဖ၀ါးမှ မခွါဘဲ တခြားဒေသကို မကြွချီပါနှင့် အရှင်ဘုရား”ဟု တောင်းပန်လျှောက်ထားသံကို ကြားလိုက်ရသည်။ ဒီလောက် လုံခြုံရေးတင်ကျပ်ထားသည့် ကြားမှ သည်အမျိုးသမီးသည် ဘယ်ကနေ ဘယ်လို ရောက်လာပြီး ဘုရားရှေ့တွင် တိုင်တန်းနေသည်မသိ။ အရိပ်အယောင် တစ်ခုခုကို မြင်လို မြင်ငြား မျက်လုံးကို အားယူပြီး ဖွင့်ကြည့်သည်။ သေနတ်ကို မောင်းတင်လိုက်သည်။ အသံလာရာ ဘုရားရှေ့တော်သို့ သေနတ်ကို ချိန်ရွယ်လိုက်သည်။ သို့သော် မျက်လုံးထဲသို့ မှောင်မဲနေသည့်အရာမှအပ တစ်ခုမှ ၀င်ရောက်မလာပေ။ အသံသည် ခဏတိတ်သွား၏။ ခဏတိတ်သွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း ဘာအသံမှ မကြားရတော့ချေ။ ထိုအချိန်မှ စပြီး စောလားဘွယ်သည် ကြောက်စိတ်ဝင်လာခဲ့ပြီ ဖြစ်သည်။ အိတ်ကပ်ထဲတွင်ရှိသော သမ္မာကျမ်းစာ စာအုပ်အား စမ်းကြည့်လိုက်သည်။

“အော်..ထာဝရဘုရားသခင်.. ကိုယ်တော်စောင့်မတော်မူပါ”
လို့ ဆုတောင်းမိလိုက်သည်။ ကျမ်းစာထဲမှ ကိုယ်ရသလောက် အပုဒ်များကိုလိုက်ရွက်နေမိခဲ့သည်။
မစ္စတာဝေ ဂျာနယ် ဖတ်နေသည်
[[[သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၉) တွင် ဖော်ပြခဲ့သည် ဆောင်းပါး]]]
ကတောက်ကဆနဲ့ အပေါက်ဝက လှည့်ပြန်လာရတဲ့ မစ္စတာဝေအကြောင်းကို မပြောမပြီး မတီးမမြည်းဆိုသလို ရှိသမျှကို အိပ်သွန်ဖာမှောက် ပြောရတော့မယ် မိတ်ဆွေတို့ရယ်..။ မစ္စတာဝေဆိုတာလည်း နယ်နယ်ရရ ပုဂ္ဂိုလ်တော့မဟုတ်ပေဘူး မဟုတ်လား။ ကုန်မှာကျတော့ လိပ်လိုယက်၊ ရေမှာကျတော့ ငါးယက်လိုမျိုး၊ မြေထဲမှာကျတော့ တီလို ကျင့်ကြံတဲ့ လူမျိုးဆိုတော့ အားသည်ဟူ၍ မရှိ။ ဘဘကြီးကို ပေါင်းရတာက တစ်မျိုး၊ တွေ့သမျှ အရာရှိ အရာငယ်ကို ဆရာလို့ ခေါ်ပြီး ဆေးပြားစေ့ကို နွားနင်းထားတဲ့ ဒီမျက်နှာကြီးမှာ ရှိသမျှ သွားကို ဖြဲပြီး လုပ်ငန်းအဆင်ပြေအောင် ယတြာချေရတာက တစ်မျိုးနဲ့ အားတယ်လို့ကို မရှိဘူးလေ။ ဒီကြားထဲ သုံးသိန်းအောက်ပေးရတာ၊ နို့သောက်ရတာ၊ ပိုက်ဆံ ၂၀၀၀ ရှာရတာ၊ နယ်တကာလှည့် ပါးရိုက်ခံရတာနဲ့ ဆိုတော့ ပိုဆိုးတာပေါ့။ ဒီကြားထဲ ရခိုင်က ဟိုဝန်ကြီးဆိုသူက ဟိုလူကြီးကို ပါးရိုက်တာလည်း ထည့်မပြောချင်တော့ပါဘူး။ ဒီကိစ္စဒီလောက်နဲ့ သင်ပုန်ချေလိုက်ကြတာပေါ့။ အပေးအယူ၊ နားလည်မှုယူ၊ ရှိသမျှကို ယူပြီး ကျေအေးလိုက်ကြတာပေါ့လေ။
ပုဒ်မ ၄၃၆ ကို ရခိုင်တစ်ယောက်အနေဖြင့် ချောင်းကြည့်ခြင်း
[[[[ရခိုင်အသံဂျာနယ် ၊ အတွဲ(၁)၊ အမှတ်(၁၀)မှာ ဖော်ပြခဲ့ပြီး ဆောင်းပါးဖြစ်ပါသည်။]]]
အခုတလော အသံအကျယ်ဆုံးက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးကို အဓိက ဦးတည်လာတာကို တွေ့ရတယ်။ အဓိက ပြင်ဆင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ အင်အားကြီး အတိုက်အခံပါတီဖြစ်တဲ့ NLD နဲ့ ၈၈ ပွင့်လင်း အဖွဲ့အစည်းတွေက ဦးဆောင်လာတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ ၊ ဗိုလ်စိန်မှန်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ လူပေါင်း သိန်းချီတက်ရောက်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်စုကြည်အပါအ၀င် ကိုမင်းကိုနိုင်တို့မှ ဟောပြောခဲ့ကြတယ်။ မေ ၁၈ ရက်နေ့ မန္တလေးနဲ့ မေလ ၂၅ ၊ ဧရာဝတီတိုင်း ဟင်္သာတတို့မှာ ဆက်တိုက် လူထုထောက်ခံပွဲများပြုလုပ်ခဲ့ပြီး လက်မှတ်ရေးထိုးပွဲများကိုလည်း ရန်ကုန်၊ မန္တလေးတို့မှာ အထင်က ရုပ်ရှင်၊ စာပေ အနုပညာအသိုင်းအ၀ိုင်းမှ လူများဖြင့် ဆက်တိုက် ပြုလုပ်ခဲ့ကြတယ်။ ဟုတ်ပြီး ပုဒ်မ ၄၃၆ က ဘာလဲ။ ဘာကို အဓိက ဆိုလိုသလဲဆိုတာကို သိရှိပြီးမှ ထောက်ခံခြင်း ကန့်ကွက်ခြင်းများကို ပြုလုပ်သင့်ပါတယ်။ အဓိက စာရေးသူတို့က တိုင်းရင်းသားဆိုတော့ တိုင်းရင်းသားဘက်က သုံးသပ်ချက်များကို ထည့်သွင်းပြီးမှ ပိုပြည့်စုံလိမ့်မယ်လို့ ထင်ပါတယ်။
ပုဒ်မ ၄၃၆ မှာ (က)(ခ)ဆိုပြီး အပုဒ်နှစ်ပုဒ်ဖြင့် ဖော်ပြထားပါတယ်။ အပုဒ်(က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀ ၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
(ခ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များ မှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ဟုလည်းကောင်း ပြဋ္ဌာန်းထားသည် ကိုတွေ့ရှိရပါသည်။
တိုင်းပြည်က မွဲမွဲ၊ ပညာရေးက ဖြေးဖြေး
[[[[ဖွံ့ဖြိုးတိုးတက်ရေးဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၇) မှာ ဖော်ပြပြီးဆောင်းပါ။
ဆရာ/မများ၏ ဆွဲခန့် ၀န်ထမ်းတစ်တစ်နေရာအတွက် ကာလပေါက်ဈေးတွေကလည်း မြင့်မားနေသည်။ စေတနာ၊ ၀ါသနာထက် အလုပ်လက်မဲ့ခေတ်မှာ အသပြာ ပါဆယ်ပါးစပ်က နာမည်ကြီးနေသည်။ တစ်ချို့ နယ်စွန်နယ်ဖျား ကျေးလက်ဒေသများမှာဆို တစ်နှစ်လုံး ကျောင်းဖွင့် တစ်ရက်သာ ဆရာ/မကို မြင်ဖူးပြီး တစ်နှစ်လုံးကို ပြန်၍ မပေါ်လာတော့သည်ကိုလည်း ကြားရသည်။]]]]]
ယနေ့ ခေတ်သည် ပညာကိုအခြေခံသည့် လူ့အဖွဲ့အစည်း (Knowledge-Based Society)ဟု ခေါ်ဆိုနေကြပြီးဖြစ်သည်။ ပညာခေတ်မှနေ အိုင်တီခေတ်(IT)သို့ ရွေ့လျားနေပြီးဖြစ်သည်တင်မက ကမ္ဘာ့ရွာ ဂလိုဘယ်လိုင်းဇေးရှင်းသို့ပင် ရောက်ရှိနေပြီဟု ကမ္ဘာ့နိုင်ငံအချို့က ကြွေးကြော်နေကြပြီဖြစ်သည်။ ပညာခေတ်ကို ကျော်လွန်သွားသော်လည်း အိုင်တီခေတ်သည် မြန်မာနိုင်ငံရှိ မြို့နယ်လူတန်းစား ရေပေါ်ဆီအချို့သာ ခံစားနေရသော်လည်း တောနယ်လူတန်းစား ကလေးငယ်များအတွက် မည်သို့မျှ ထူးမခြားနားသည်ကို တွေ့ရှိရသည်။
၂၀၁၄-၁၅ ပညာ သင်နှစ်အတွက် မေလ ၂၅ ရက် မှ ၃၁ ရက်အထိကို အခြေခံပညာ ကျောင်းများ၏ ကျောင်းအပ်နှံ ရေး ရက်သတ္တပတ်အဖြစ် ပညာ ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။ ယခုဆိုလျှင် ကျောင်းအပ်နှံခြင်းသည် ပြီးဆုံးသည်သာမက ကျောင်းသား/သူတိုင်း စာသင်ခန်းထဲသို့ပင် ရောက်ရှိနေကြပြီဖြစ်သည်။ တစ်နွေလုံးကို ခြောက်သွေ့နေခဲ့သော ကျောင်းပတ်ဝန်းကျင်များလည်း ပြန်လည် လန်းဆန်လာခဲ့သည်။ သို့ရာတွင် တစ်ချို့နယ်ဝေးကျောင်းများတွင် စာသင်ကျောင်းမရှိသည်က တစ်မျိုးနှင့် ကျောင်းရှိသော်လည်း ဆရာ/မများမှာ ဘယ်နေရာ ဘယ်ဆီကို ရောက်ပေါက်နေသည်ကို မသိရှိဘဲ ဇွန်လ မိုးရေနှင့်အတူ စီးမျောလျှက် ရှိပေအုံ့မည်။
ရခိုင်အရေး နှစ်နှစ်ပြည့်သော်လည်း မီးက ဆက်လက်တောက်လောင်ဆဲ
[[[[[ ဖွံ့ဖြိုးတိုးတက်ရေးဂျာနယ် အတွဲ(၃)၊ အမှတ်(၆)
တွင် ဖော်ပြပြီး ဆောင်းပါး။ ယနေ့ထွက်သည်။]]]]]
၂၀၁၄ ခုနှစ် မေလ ၂၈ ရက်နေ့ဆိုလျှင် ရမ်းဗြဲမြို့နယ် ၊ ကျောက်နီမော်အုပ်စု၊ သပြေချောင်းကျေးရွာသူ မသီတာထွေးကို ရော်ဘီ၊ ရော်ချီးနှင့် ခိုဖီး(ခ) ထက်ထက်ဆိုသည့် ဘင်္ဂလီကုလားသုံးယောက်မှ ပစ္စည်းလု မုဒိန်းကျင့်သွားသည့်မှာ နှစ်နှစ် တင်းတင်းပြည့်တော့မည်ဖြစ်သည်။ ဤနေ့ ဤရက်ကို ရခိုင်သားတိုင်း အမှတ်တရနေကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ၂၀၁၀ ခုနှစ် ပွင့်လင်းလာသည့် ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီအစိုးရ တစ်ရပ်၏ အုပ်ချုပ်မှု၊ ဥပဒေစိုးမှုတို့ကို စိန်ခေါ် စမ်းသပ်လိုက်သည့် လူမျိုးရေး ကဓိကရုန်းလည်းဖြစ်သည်။ အစိုးရ၏ သတင်းထုတ်ပြန်ခြင်း နောက်ကျမှု၊ ဥပဒေစိုးမိုးမှု၊ လုံခြုံရေးအားနည်းမှုတို့ကို တီးခေါက် စမ်းသလိုက်ခြင်းလည်းဖြစ်သည်။ ဤကိစ္စသည် ဥပဒေကြောင်းရ ဖြေရှင်းရမည်ကိစ္စဖြစ်သည်။ သို့သော်လည်း အရေးအခင်းပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံအစိုးရမှ နှစ်နှစ်ပြည့်အောင်ထိ အဖြေကို ရှာမတွေ့သေးသည်ကိုလည်း တွေ့ရသည်။
မေယုကို စုတ်တံချီဖို့ အနောက်တံခါးကို ပိတ်ကြစို့
[[[[သဇင်ပန်းခိုင် သတင်းဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၇) တွင်
ဖော်ပြခဲ့သော ဆောင်းပါး၊
RSO အဖွဲ့အစည်းသည် ယနေ့အချိန်အခါ အစိုးရ လက်နက်ကိုင်အဖွဲ့အစည်းများကိုတောင် ခြုံခိုတိုက်ခိုက်လာသည်ဆိုလျှင် မနက်ဖြန် ပြည်သူလူထုကို မတိုက်ခိုက်ဟု မည်သူက အာမခံမည်နည်း။ ရခိုင်လူထုကို ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းက ကာကွယ်ခြင်းသည် အလုံခြုံဆုံးဖြစ်လိမ့်မည်။]]]]
၁၉၇၈ ခုနှစ်က ရေးသားထုတ်ဝေခဲ့သည့် လ၀က အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရင်း ရခိုင်ပြည်နယ် မေယုဒေသကို ရင်တမမဖြင့် မှတ်တမ်းတင် ရေးသားသားခဲ့သည့် စာရေးဆရာ တက္ကသိုလ်မင်းသူ ရေးသားသော “မေယုကို စုတ်တံချီ”စာအုပ်ကို ဖတ်ရင်း ၁၉၇၀ ခုနှစ် ပတ်ဝန်းကျင်ကတည်းက ရခိုင်ပြည်နယ် အနောက်ဘက်တံခါးပေါက်ပြဲမှုသည် လ၀က၀န်ထမ်းများ၏ တိုင်းပြည်တာဝန်ကို မိဘပေးသည့် အမွေပဏာ ကိုယ်ကျိုးရှာမှု၊ တရားမ၀င် ခိုးဝင်လာသူများ၏ ဥပဒေကို ခုတုံးလုပ် မှောင်ခိုကြီးစိုးမှု၊ ဒေသခံများ တဖြည်းဖြည်းဒေသစွန့်ခွါမှုတို့အကြောင်းကို စုတ်တံချီရေးပြထားသည်ကို ဖတ်နေရင်း ၂၀၁၄ ခုနှစ် ဧပြီ ၂၇ ရက်နေ့က မတ်(၁)ရက်နေ့ထိ ရခိုင်အမျိုးသားညီလာခံတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ခေါင်းစဉ်ဆွေးနွေးမှုတို့မှ အတွေးတစ်စကို ဆောင်းပါးတစ်ပုဒ်ရေးရန် စိတ်ကူးရလာသည်။

တာဝန်သိစိတ်နဲ့ တာလီဘန်မဟုတ်တဲ့ ရခိုင်သူရဲကောင်း
{{{{{ ဖွံ့ဖြိုးတိုးတက်ရေးဂျာနယ် အတွဲ(၃)၊ အမှတ်(၅)မှာ ဖော်ပြပြီး ဆောင်းပါးဖြစ်ပါတယ်။
စည်သူအောင်မြင့်ရဲ့ ဆောင်းပါး (၄)ပုဒ်ကို
ပြန်လည် ရှင်းလင်းထားတဲ့ ဆောင်းပါးပါ။}}}
“နှုတ်တစ်ရာ စာလုံး”ဆိုတဲ့ မြန်မာစကားပုံ တစ်ခု ရှိပါတယ်။ စာထက်အက္ခရာတင်ခြင်းဟာ နောက်တစ်ချိန်မှာ သမိုင်းတွင်စေပါတယ်။ စာပေဟာ ခေတ်ရဲ့ကြေးမုံဖြစ်တာကြောင့် ခေတ်အခြေအနေကို ရေးတဲ့အခါ မြေပြင်ပကတိက ပိုအရေးကြီးပါတယ်။ ဒါကြောင့် စာရေးဆရာတစ်ယောက်က စာရေးတော့မယ်ဆိုရင် အထူးသဖြင့် လူမျိုးတစ်မျိုးရဲ့ ကောင်းကျိုး၊ ဆိုးပြစ်များကို ရေးတော့မယ်ဆိုရင် ပိုပြီး သတိထားဖို့လိုအပ်ပါတယ်။ တစ်မျိုးသားလုံးကို ခြုံငုံရေးရတာကြောင့် တာဝန်သိစိတ်ရှိဖို့ လိုအပ်ပါတယ်။ စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်လိုမျိုး ကိုယ်လိုရာကို စိတ်ကူးယဉ်ပြီး ရေးလိုက်တာဟာ အရေးခံရတဲ့ လူမျိုးတစ်မျိုးအတွက် အလွန်နစ်နာစေတာတော့ အမှန်ပဲ။ လူတစ်ဦးတစ်ယောက် နစ်နာခြင်းထက် လူမျိုးတစ်မျိုး၊ လူမျိုးစုတစ်စုအတွက် အလွန် နစ်နာတယ်ဆိုတာကို စာရေးသူက သိရှိဖို့လိုပါတယ်။ အထူးသဖြင့် ယခုလို အချိန်မှာ ရခိုင်အရေးကို ရေးမယ်ဆိုရင် ပိုပြီးတော့ ဂရုစိုက်ဖို့ ကောင်းပါတယ်။ ရခိုင်ရဲ့ အခြေအနေက ထိလွယ် ရှလွယ်တဲ့ အကြောင့်မို့ မှန်းသန်းရမ်းသန်းစာရေးခြင်းမျိုးကို ရှောင်ကြည်ဖို့ ကောင်းပါတယ်။ အရေးမတတ်ရင် တစ်မျိုးသားလုံး မြောင်းထဲကို ရောက်သွားနိုင်လို့ပါ။ စတုတ္ထတမဏ္ဍိုင်ဟာ တခြားမဏ္ဍိုင်ကြီး ၃ရပ်ကို ထိန်းညှိပေးရမယ်။ ပြည်သူလူထုလိုအပ်ချက်ကို အထိက လမ်းဖွင့်ပေးသည့်မှာ စာနယ်ဇင်းသည် အဓိကဖြစ်တယ်ဟု ဆိုပါတယ်။

ရခိုင်တို့၏ နှစ်ဦးပွဲ (သို့) သျှစ်သောင်းဘုရားပွဲ
“ကဆုန်ပူခြင်း တော်သလင်း”ဆိုတဲ့ ရခိုင်မှာ အဆိုတစ်ခုရှိတယ်။ ထိုအထဲက တန်ခူးလ ဘယ်လောက်ပဲ ပူပူ ကဆုန်လနဲ့ တော်သလင်းကို မမှီဘူး။ အဲဒီထဲကမှာ ကဆုန်လဆိုတာ မြန်မာပြက္ခဒိန်၊ ရခိုင်ပက္ခဒိန်တို့အရ နှစ်ဦးလဖြစ်ပါတယ်။ ဒီလမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရခိုင်တို့ရဲ့ ယဉ်ကျေးမှု ဘဏ်တိုက်ဖြစ်တဲ့ သျှစ်သောင်းနဲ့ ဒုက္ကန်သိမ်းဘုရားပွဲကို နှစ်ဦးပွဲအဖြစ် ဦးဦးဖျားဖျားကျင်းပကြပါတယ်။ ဒီပွဲတော်ပြီးတာနဲ့ လယ်သမားတွေ လယ်ယာလုပ်ငန်းခွင်ထဲကို ၀င်ကြရတော့မှာမို့ ရှိသမျှ အပျော်တွေကို စုပေါင်းပြီး အပျော်တွေကို မြောက်ဦးချောင်းထဲမှာ လှေငယ်ကလေးမှာ ထည့်ပြီး စိတ်လွတ်လက်လွတ်ပျော်ကြ၊ ပါးကြပါတယ်။ ဒီပွဲရဲ့ ထူးခြားချက်ကတော့ ပွဲတော်ကို ရေပြင်ထဲမှာ လှေငယ်ကလေးများကို စီးမျောပြီး ရေပက်ကြတာဖြစ်ပါတယ်။ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ အရွယ်စုံပါဝင်ဆင်းနွဲကြပါတယ်။ အဲဒီမှာမှ ရခိုင်လူမျိုးတို့ရဲ့ သမိုင်းရေစီးကြောင်းနဲ့အတူပါလာတဲ့ လောင်းလှေပြိုင်ပွဲ၊ ကျင်ကိုင်ပွဲတို့ကို ကျင်းပပါတယ်။ လှောင်းလှေပြိုင်ပွဲဆိုတာ ရခိုင်ဘုရင်တွေလက်ထက်တုန်းက ဘုရင့်ရေတပ်မတော်မှာ အရွေးချယ်ခံဖို့အတွက် ယောက်ျားကောင်း ယောက်ျားမြတ်တွေကို ရွေးချယ်တဲ့ပွဲဖြစ်ပါတယ်။ ကျင်ဆိုတာလည်း ထိုနည်းအတိုင်းပါ။ ကာယကို ညာဏနဲ့ ထိန်းပြီး မြေမှာ လက်ထောက်တဲ့လူ ရှုံးပါတယ်။ လှေက စုပေါင်းကစားရတဲ့ ကစားနည်းမှာ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ၊ အပေးအယူမျှမှု၊ စည်းလုံးမှုတို့ကို ပြသတယ်ဆိုရင် ကျင်ဟာလည်း တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ စွမ်းရည်သတ္တိတွေကို ထုတ်ဖော်ပြသရတဲ့ အားကစားနည်းဖြစ်ပါတယ်။ ဒီနှစ်လည်း ဒီအချိန် ဒီပွဲတော်ဟာ စည်းကားလျှက်ရှိပါတယ်။
ဝေဟင်အောင်
၁၇၊ ၅၊ ၂၀၁၄။
ဓာတ်ပုံ - ကိုဒိုးရ်ရီ
ရွှေဂတ်(စ်) စီမံကိန်းနှင့် တရုတ်အမျိုးသားတို့၏ တတိယပြည် ထူထောင်ရေး
သုံးသပ်တင်ပြသူ - အောင်ရဲလင်း (စစ်တွေ) ဆောင်းပါး
အာရှဒေသတွင်း အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ရန်နှင့် အနောက်အုပ်စု၏ အာရှလွှမ်းမိုးမှုများကို ထိန်းချူပ်နိုင်ရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် အာဆီယံဒေသ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအပေါ် မက်လုံးပေးပြီး အမြတ်ထုတ်လာသည့် တရုတ်အမျိုးသားတို့၏ မဟာဗျူဟာ နိုင်ငံရေးအခင်းအကျင်းများကြားတွင် မြန်မာပြည် အနောက်ဘက်နယ်စပ်ဒေသတစ်ခုဖြစ်သော ရခိုင်ပြည်၊ ကျောက်ဖြူမြို့သည်လည်း အသုံးချခံပြည်နယ်တစ်ခု အဖြစ်ပါဝင်လာသည်ကို တွေ့ရသည်။
တရုတ်အမျိုးသားများအနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေး
ရင်းနှီးမြုပ်နှံမှုများပြုရာတွင် ဒေသအကျိုးဖြစ်ထွန်းစေရ မည်ဟု
မက်လုံးများပေးပြီး ၎င်းတို့ အကျိုးအမြတ်အတွက် ယခင် မြန်မာ
စစ်အာဏာရှင်များနှင့် ပူးပေါင်းပြီး တတိယ တရုတ်ပြည်ကို ထူထောင်ရန်နှင့်
ထိုဒေသရှိ တိုင်းရင်းသားလူမျိုးများကို အပြီးပိုင် ဖယ်ရှားရန် စီးပွားရေး
ပရိယာယ်များနှင့် ၀င်ရောက်လာသည်ကို ကျောက်ဖြူမြို့ မဒေးကျွန်းမှ တရုတ်တို့၏
နယ်ချဲ့မှုကို ယခုအခါ ပီပြင်စွာ တွေ့မြင်လာရပြီဖြစ်သည်။
မစ္စတာဝေ တို့ ရှာဖွေလေ့ တွေ့ရှိလေ ပိုက်ဆံကုန်လေပေါ့
ယနေ့ အတိအကျပြောရပါလျှင် ဒီနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့(ပုံမှန်ဆိုရင် ယနေ့အင်္ဂါပါ)ဆိုတော့ အလုပ်တွေက နားထားတယ်။ အိမ်မှာ အေးအေးလူလူပေါ့။ အဲဒါနဲ့
နေ့လည်ပိုင်းကျနော့ အိမ်သူသက်ထား မဒီလေးကို ခေါ်ပြီး စေတနာမိုး လက်ဖက်ရည်ဆိုင်ကို မလိမ့်တပတ်နဲ့ ခေါ်သွားတယ်။
(ဒါလည်း ဗျူဟာတစ်နည်းပေါ့) အဲဒါနဲ့ သူမကလည်း ဘာစိတ်ကူးပါလာတယ်မသိ။ ကြည့်ရတာ သမီးလည်း မပါဆိုတော့ သူကို သူ အပျိုစိတ်များဝင်ပြီး သမီးရည်စားဘ၀ကို သတိရတယ်နဲ့တူပါတယ်။
“ကို .. မြို့ကိုပတ်ပြီး ဆိုင်ကယ်တစ်ပတ်စီးကြအောင်နော်”တဲ့။ ဒီကကောင်လည်း ဘာပြောကောင်းမလဲ။ စစ်တွေမြို့ရဲ့
အပေါက်တရာ ဖာရာဗရဗျစ်လမ်းမပေါ်မှာ ဆိုင်ကို စီး၊ နောက်မှာ မဒီလေးနဲ့ဆိုရင် အန်ကိုက်ပဲလေ။ (ကိုအေးမောင်တို့ မနာလိုတဲ့ ကိန်းဆိုပါတော့) ဆိုင်ကယ်ကိုထုတ် ဆိုင်ကယ်နောက်မှာ မဒီကိုတင်၊ သူမက ကျနော်ခါးကို ဖက်လို့ပေါ့။ အမယ် မသိရင်
ကိုးရီးယားစုံတွဲတွေတောင် မနာဖြစ်မိမယ်။ (စာရေးဆရာ ပွင့်သစ်(တမန်းသား)က မနာလိုတဲ့ ကိန်းမျိုး) စစ်တွေမြို့ရဲ့ မဟာလမ်းမကြီးက အပေါက်ဖာနေတဲ့ ဖာမကလေးတွေ (အော်.. ယောင်လို့)လမ်းလုပ်သမလေးတွေကို ရှောင်ကွေ့ပြီး
အယင်းစစ်အစိုးရရဲ့ လူနေအိမ်တွေကို မီးရှိုး(အဲယောင်ပြန်ပြီ) ကိုးကွယ်တည်ဆောက်ထားတဲ့ လောကာနန္ဒာရှေ့ကို ဖြတ်သွားချိန်
(ကျိမြည်းအောင် ဆိုင်ကယ် ရပ်လိုက်တယ်)ရပ်လိုက်တာက “လင်း”စာပေ အရောင်းဆိုင်။ ဒီဆိုင်ဆိုတာ စစ်တွေမြို့မှာ ရခိုင်ပြည်က ထွက်သမျှစာအုပ်တွေကို မခိုမကပ်ဘဲ မိတ္တူဆွဲရောင်းနေတဲ့ ဆိုင်လေ။ (မူရင်းက မရှိတော့လို့ မိတ္တူ ကူးရောင်းတာပါ)
မဒီလေးက အလိုက်သိစွာပင် “ကို စာအုပ်ဝယ်မလား”တဲ့။ အမယ် ဒီက ကောင်က စာရူးဆိုတာ သိတယ်မို့လား။ ယားနေတဲ့နေရာကို လက်ကျလာတော့
ကွက်တိဆိုပါတော့။ (အတွေးမချော်ပါနှင့်)။ ဆိုင်ထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ ဆိုင်ရှင်အဒေါ်က မျက်နှာချိုချိုနဲ့ သူမရဲ့
မျက်နှာမဲကြီးကို ပြုံးနိုင်သမျှ ပြုံးပြထားတယ်။ (ဈေးဦးပေါက်ပုံ မကျသေးဘူး)။
“အဒေါ် ရခိုင်စာအုပ်တွေကို ညွှန့်ပြပါ”လို့ ရုပ်ရှင်မင်းသား ကျော်ဟိန်းစတိုင်နဲ့ ပြောလိုက်တယ်။ (စိတ်ကူးထဲ ပုံဖော်ကြည့်ပါ)

ရခိုင်အမျိုးသားနိ လက်ကမ်းစာစောင်´
ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးစံ
ကိုယ်ပိုင်ဘာသာစကား
ကိုယ်ပိုင်ကိုးကွယ်သည့်ဘာသာ
ကိုယ်ပိုင်ဒေသနယ်နမိတ်
ကိုယ်ပိုင်အချုပ်ချာအာဏာ ရို့
ဟိရယ်လူစုကို လူမျိုးလို့ သတ်မှတ်ပါရယ်။
ရခိုင်ဆိုစွာ သာမန်လူမျိုးတမျိုးမဟုပ်။ သမိုင်းအစဉ်အလာနန့် နှစ်ပေါင်းထောင်နဲ့ချီပနာ အဓွန့်ရှည်တည်တန့်ခရယ် လူမျိုးကြီးဖြစ်ပါရေ။ ဒေကနိအထိ လက်ညှိုးထိုးမလွဲသော ငြင်းပယ်ဆန့်ကျင်လို့မရသော သမိုင်းအထောက်ထားတိကို အထင်ရှားတွိနီရတုန်းပါ။
ကိုယ့်ထီးကိုယ့်နန်း၊ကိုယ့်မင်း၊ ကိုယ့်အုပ်ချုပ်ပုံစနစ်၊ ကိုယ့်ပြည်သူနန့် နီထိုင်ခရယ်ကာလမှာ `အမျိုးသားနိ´ဆိုစွာ သတ်မှတ်နီဖို့မလိုအပ်ခပါ။
ထီးနန်းပျောက်လို့ သူတပါးလက်အောက်မှာ နီရရယ်အချိန်မှာတော့ခါ ငါရို့ရယ် လူမျိုးတမျိုးဖြစ်တေလို့ မိမိရို့၏ဥပဓိကို အထင်အရှားပြသဖို့အတွက် `အမျိုးသားနိ´ဆိုစွာသတ်မှတ်ဖို့လိုအပ်လာပါရေ။
ထီးသုဉ်း၊ နန်းသုဉ်း၊ တိုင်းပြည်ကြီးပျက်ပြုန်းပြီးရေနောက် မင်းဆိုးမင်းညစ် အဆက်ဆက်၏ လက်အောက်မှာ ရခိုင်ဆိုစွာ လူမျိုးတမျိုးအဖြစ် မပီးပြင်ခရပါ။ သူများအိမ်မှာ အယပ်တွဲနီရယ် ရီမျောကမ်းတင် လူတစုပိုင် ဆက်ဆံသတ်မှတ်ခံခကတ်ရပါရေ။
အဂု တဆိတ်ကေလောက် အသက်ယှူဖို့၊ ရုန်းဖို့ရွန့်ဖို့ ရလာရေအခါ ရခိုင်တိစွာ ကိုယ့်ခြီထောက်မှာ ကိုယ်ရပ်၊ ကိုယ့်ခေါင်းကိုကိုယ်မတ်ပနာ ``ရခိုင်လူမျိုးဝေး´´ဆိုစွာ ရင်ပွင့်အောင် ဟိန်းဟောက်ရင်း ရင်ကော့ပြကတ်ရပါဖို့ဗျာလ်။
အဂု ကျောက်ဖြူမှာကျင်းပခရေ သမိုင်းတင်ရသော `ရခိုင်အမျိုးသားညီလာခံ´က မြို့နယ်ပေါင်း ၁၈ ခုနန့် ပြည်တွင်းပြည်ပ အဖွဲ့စည်းအသီးသီး၏ ဆန္ဒကိုရယူပနာ `ရခိုင်အမျိုးသားနိ´ဆိုစွာကို ထထိန့်ကြိုးအောင် သတ်မှတ်ပီးလိုက်ပါဗျာလ်။
ကဆုန်လပြည့်ကျော်(၁) ရက်နိစွာ ငါရို့ရခိုင်အမျိုးသားတို့၏ အမျိုးသားနိဖြစ်ပါရယ်။ ကဆုန်လပြည့်ကျော် ( ၁ ) ရက်စွာ မဟာမုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ပြီးစီးခရေ နိဖြစ်တေ။
ကဆုန်လပြည့်ကျော် ( ၁ )ရက်ကို အမျိုးသားနိအဖြစ် သတ်မှတ်လိုက်တေ အတွက် ဒေပိုင်အကျိုးကျေးဇူးတိကို ရရှိလာဖို့ဖြစ်ပါရေ။
(၁) ရခိုင်ဆိုစွာ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်မင်း၊ ကိုယ့်တိုင်းပြည်နန့် ထိုးအယင်ကပင် တည်တံ့ခိုင်မာလာရေ လူမျိုးဆိုစွာ ပြသနိုင်ဖို့။
(၂) ဒေကနိ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံအဖြစ် ၀င့်ထည်နီရယ် မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အယင်ဆုံး လက်ခံကိုးကွယ်ခရေ လူမျိုးဆိုစွာကို ပြသနိုင်နိုင်ဖို့။
(၃) မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်ဗျာဒိတ်ပီးခရေ တိုင်းပြည်၊ ကိုယ်စားတော်ထားခွင့်ပြုခရေ တိုင်းပြည်အဖြစ် ဂုဏ်ယူနိုင်ကပ်ဖို့။
(၄) ကမ္ဘာမှာထင်ရှားရယ် မဟာမုနိရုပ်ရှင်တော်မြတ် ကိန်းဝပ်စံပယ်တော်မူရယ် ဒေသအဖြစ် ဗုဒ္ဓဘာသာဝင်အပေါင်းက ခံ့ညားနိုင်ဖို့။
(၅) မဟာမုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်နိုင်ခရေအတွက် ထိုးအယင် ဓည၀တီခေတ်ကပင် ကြီးသွန်းအတတ်ပညာ ထွန်းကားခရေတိုင်းပြည်၊ ဗုဒ္ဓရုပ်ပွားတော်တိအပါအ၀င် သာသနိကအဆောက်အဦးတိ အခိုင်အခန့် ဟိနီခရယ်တိုင်းပြည်အဖြစ် ကမ္ဘာက သိစီဖို့။
(၆) ဗုဒ္ဒဘုရားရှင်၏ တရားဒေသနာတော်တိကို ကျောက်ထက်အက္ခရာ၊ ကြီးထက်အက္ခရာ၊ ပီထက်အက္ခရာတိ တင်နိုင်ဖို့အတွက် ကိုယ်ပိုင်အက္ခရာနန့် ကိုယ်ပိုင်စာပီကို တီထွင်ဖန်တီးပနာ လောကီနဲ့ လောကုတ္တရာ နှစ်ဖြာသောစာပီကို ထွန်းပြောစီခရေလူမျိုးဖြစ်တေ ဆိုစွာကို ပြသနိုင်ဖို့။
(၇) နိုင်ငံတကာပညာရှင်တိ လာရောက်လေ့လာနီရယ်ဗိသုကာလက်ရာ၊ စာပေ၊ ယဉ်ကျေးမှု၊ နန်းတော်၊ မြို့ရိုး၊ ကျုံး၊ ရီတန်းခါး၊ စသော မြို့ပြအဆောက်အုံတိ ပိုင်ဆိုင်ခရေ လူမျိုးအဖြစ် ဂုဏ်ယူဝင့်ကြွားနိင်စီဖို့။
ဆိုရေ မွန်မြတ်သော အကျိုးကျေးဇူးတိ ရဟိနိုင်ဖို့ဖြစ်ပါရေ။
ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ ချိုးနှိမ်၊ ဖိနင်းခံနီရရယ် ရခိုင်ဆိုရေ အမျိုးသားစိတ်ဓာတ် ပြန်လို့ဝင့်ကြွား ပျံ့လွင့်လာစီဖို့အတွက် ``အမျိုးသားနိ´´ကို နိုင်ငံရေးအသိ နိုင်ငံရေးခံယူချက် နိုင်ငံရေးရည်ရွယ်ချက်တိနန့် ရခိုင်တမျိုးသားလုံးက အမှတ်ထင်ထင် ထိန့်ထိန့်ကြိုးပနာ ကျင်းပဆင်နွှဲကပ်ရဖို့ဖြစ်ပါရေ။
ရခိုင့်အမျိုးသားနိမှာ ရခိုင့်အလံတော်နန့်အတူ ရခိုင်ရို့၏သွီးသား၊ ရခိုင်ရို့၏အတိတ်သမိုင်း၊ စရိုက်လက္ခဏာ၊ ရခိုင်ရို့၏ဇာတိမာန်၊ ရခိုင်ရို့၏ညီညွတ်မှုတိကို ကမ္ဘာကသိအောင် ပြန်ပနာလွှင့်ထူလားကပ်ပါမယ် ။
ရခိုင်အမျိုးသားနိ ကျင်းပရေးအဖွဲ
မြောက်ဦးမြို့
ရခိုင်သားရို့ အမျိုးသား၊ အမျိုးသမီးဝတ်စုံတိ ၀တ်ဆင်ခြင်းဖြင့် ဂုဏ်ပြု ကြိုဆိုလားကပ်ပါမယ်။

The ‘Rohingya’ Identity – British experience in Arakan 1826-1948
9 April 2014
Derek Tonkin
I only recently discovered the
Digital Library of India. Like a child let loose in a sweetshop, I have been
gorging myself on unrestricted historical candy. With the Census in Myanmar on
its way to completion, I looked to see how the British in their time had
handled the issue of the ‘Rohingya’ identity which is currently a matter of
deep concern: there sadly appears to have been a last minute change of heart by
the Myanmar Government not to allow self-identification by Muslims as
‘Rohingya’, under the threat by Buddhists in Rakhine State to boycott the
census if that was permitted.
There is a very simple answer to the
matter of British practice. There was no such identity as ‘Rohingya’ known to
the British Governments of either India until 1937 or of Burma after the
separation from India on 1 April of that year. In the 122 years between their
conquest of Arakan in 1826 and Burmese independence in 1948, not a single
reference to ‘Rohingya’ is to be found in any British official report, regional
gazetteer, census, legislation, private correspondence or personal
reminiscence. Even if such a self-identification had been made, the
census enumerator would have written ‘Chittagonian’ as they were under
instructions to do in both the 1921 and 1931 censuses if alternative identities
were offered, such as ‘Kawtaw’,'Barna’, ‘Babuji’ or ‘Magh’.
*****
သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄
လာမည့်
သန်းခေါင်စာရင်းကို ဘာကြောင့် ဆန္ဒပြသင့်သလဲ။ ဘာကြောင့် ကန့်ကွက်သင့်သလဲဟု
မေးခွန်းသည် ယနေ့အချိန်အခါတွင် အသံပိုမိုကျယ်လောင်လာသည်။ အထူးသဖြင့်
ရခိုင်ဒေသခံများကြားတွင် ပိုမိုစိုးရိမ်စိတ်များလာကြသည်။
စာရေးသူသည်လည်း ရခိုင် တစ်ဦးမို့ မိမိလူမျိုးရေး ပျောက်ကွယ်သွားမည်ကို
စိုးရိမ်မိသည်။ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်က
တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်က တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်သာကောက်ခံခဲ့ပြီး ယခု
နှစ်ပေါင်း ၃၀ အလွန်တွင် ကောက်ခံမည့် သန်းခေါင်စာရင်းမှာ
တတိယအကြိမ်မြောက်ဖြစ်သည်။ နိုင်ငံတကာတွင် သန်းခေါင်စာရင်းကောက်ယူမှုကို ၁၀
နှစ်တွင် တစ်ကြိမ်ကျစီ ယေဘုယျအားဖြင့် ကောက်ယူတတ်ကြသည်။
တတိယအကြိမ်အဖြစ် ယခုလာမည့် ၂၀၁၄ ခုနှစ် မတ်လ (၃၀)ရက်နေ့မှ ဧပြီ(၁၀)ရက်နေ့ထိ ကောက်ယူမည့် သန်းခေါင်စာရင်းသည် လက်ရှိ သတိပြုစရာများစွာရှိသည်။ သန်းခေါင်စာရင်းကောက်ယူမှု နီးကပ်လာသည်နှင့်အမျှ ဝေဖန်သံတို့သည် အမျိုးမျိုးထွက်ပေါ်လာသည်။ အထူးသဖြင့် ကုဒ်နံပါတ်အသုံးပြုမည့် စနစ်သည် သတိမထားမိလျှင် အလွန်အန္တရာယ်ဖြစ်မည်ကို လေ့လာတွေ့ရှိရသည်။ ပထမဦးဆုံး ကောက်ခံမည် နမူနာမေးခွန်းများ၊ ကုဒ်နံပါတ်များ၊ ရည်ညွှန်ချိန်များကို အတိုင်းအတာ တစ်ခုလောက်ထိ ထုတ်ပြန်ထားပြီးဖြစ်သည်။ ထိုအထဲမှ တစ်ချို့ကို ကောက်နုတ်ပြပါမည်။

သမိုင်းစာမျက်နှာ - ၂၂၉
သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက
“မအရအောင် သမိုင်းကို သင်ရမယ်”လို့ အဆိုအမိန့်သည် ခေတ်သမိုင်းကို ထင်ဟတ်စေသည်။ လူ့မှုအဖွဲ့အစည်းတိုင်းတွင်
သူတို့ လူမျိုး၏ အတိတ်တစ်ချိန်က ဖြစ်ပျက်မှုများအားလုံးကို ပြန်ကောက်ကြည့်လျှင် သမိုင်းမည်သည်။
သမိုင်း(History)ဆိုသည်မှာ ဂရိစကားလုံးဖြစ်သည်။
အတိတ်ကို ပြန်လည် လေ့လာခြင်း ၊ အတိတ်က လူသားတို့နှင့်
ဆက်နွယ်သည့် အကြောင်းအရာများကို ပြန်လည် လေ့လာခြင်းဖြစ်သည်။ သမိုင်းကို ယနေ့ ကမ္ဘာပေါ်တွင်
နည်းမျိုးစုံဖြင့် ပြန်လည်လေ့လာဖော်ထုတ်နေကြသည်။ သမိုင်းထဲတွင် အံ့သြစရာ၊ လေ့လာသင်ယူစရာ၊
ကြီးကျယ်ခန့််နားမှု၊ ကြောက်စရာကောင်းမှု၊ ၀မ်းနည်းစရာများဖြင့် ပြည့်နှက်နေသည်။
ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းများတွင်လည်း
ယနေ့အချိန်ထိ လေ့လာစရာများ၊ သင်ယူစရာများ မကုန်ခမ်းနိုင်အောင်ထိ ရှိနေသည်။ မြန်မာ့သမိုင်းတွင်
ကြီးကျယ်ခန်းနားခဲ့သော အနော်ရထား၏ စည်းရုံးမှုကြောင့် ပထမမြန်မာနိုင်ငံတော်၊ ဘုရင့်နောင်၏
စည်းရုံးမှုကြောင့် ဒုတိယမြန်မာနိုင်ငံတော်နှင့် အလောင်းမင်းတရား ဦးအောင်ဇေယျ၏ စည်းရုံးမှုကြောင့်
တတိယမြန်မာနိုင်ငံတော်တို့သည် အံ့မခန်းဖြစ်ခဲ့လျှင် ၊ အင်္ဂလိပ်တို့၏ ကျူးကျော်စစ်ကြောင့်
သီပေါမင်း ပါတော်မူခြင်း သည်လည်း ၀မ်းနည်းစရာများဖြစ်ခဲ့ရသည်။
လူ့အခွင့်အရေး လက်နက်ပုန်း
လူ့အခွင့်အရေးဆိုတာ အင်အားကြီးနိုင်ငံတွေက အင်အားငယ်တဲ့ နိုင်ငံတွေကို
နိုင်ငံရေးအရ ကစားဖို့အတွက် အသုံးပြုလို့ အကောင်းဆုံး
လက်နက်ပုန်းဖြစ်ပါတယ်။ လူ့အခွင့်အရေးကို လိုရင် တစ်မျိုးသုံးပါတယ်။
မလိုရင် တစ်မျိုးသုံးတတ်ပါတယ်။ သူတို့နိုင်ငံတွေကျရင် လူ့အခွင့်အရေးထက်
အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအခွင့်အရေးအရ ထိန်းညှိတတ်ပါတယ်။ (ဥပမာ-
9/11 ပြီးနောက်ပိုင်း အမေရိကန်ကို
လေ့လာကြည့်ပါ) INGO/NGOs ဆိုတာ လူ့အခွင့်အရေးကို အသုံးချဖို့အတွက်
အကောင်းဆုံး တိုက်စစ်မှုတွေ ဖြစ်ပါတယ်။ အဲဒါကို အစိုးရအနေနဲ့ လူ့အခွင့်အရေး
ကစားကွက်ကို နားလည်ဖို့ လိုပါတယ်။ လိမ္မာပါးနပ်ဖို့ လိုပါတယ်။ INGO/NGOs
တွေကို သတိချပ်ဖို့လည်း လိုပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်တစ်ခုရဖို့ဆိုရင်
ရဲထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ ဆေးထောက်ခံစာ၊ ဘွဲ့ရ မိတ္တူ၊ ဆယ်တန်းအောင်
အမှတ်စာရင်းမိတ္တူတွေကို ချပြရလို INGO/ NGOs
ကိုလည်း သူတို့တစ်ယောက်ချင်းစီရဲ့ အတ္ထုပတ္တိတွေကို စီစစ်ပြီးမှ
မြန်မာနိုင်ငံကို အ၀င်ခံတာ အကောင်းဆုံးပဲ။ အယင်းအစိုးရတွေရဲ့
အုပ်ချုပ်ရေးစနစ်ကို အပြစ်ချဖို့အတွက် အခုအစိုးရကို အသုံးချတာတွေလည်း
ရှိသေးတယ်။ တိုင်းပြည်တစ်ပြည်တိုးတက်ဖို့ အရပ်ဖက်အဖွဲ့အစည်း၊ အစိုးရ၊
နိုင်ငံရေးပါတီတွေဟန်ချက်ညီဖို့လိုတယ် လို့
ဆိုတယ်။ ဒါပေမယ့် အစိုးရ၊ နိုင်ငံရေးပါတီတွေကို အဓိက ပြည်သူလူထုနဲ့
ထိန်းညှိပေးတာက အရပ်ဖက် အဖွဲ့အစည်းပါ။
ပြည်နယ်လေးရဖို့တွက် သူဖုန်းစားလို တောင်းခဲရတာပါလား
၁၉၆၀ ခုနှစ် – ရခိုင်ပြည် ပြည်နယ်ပေးရေး/မပေးရေး ပါလီမန်ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ထုတ်ဖော်ပြောကြားခဲ့သော ဝန်ကြီးချူပ်မိန့်ခွန်းနှင့် အစည်းအဝေး၌ ဝေဖန်ချက်များပေးခဲ့ကြသည့် အတိုက်အခံ ခေါင်းဆောင် သခင်သာခင်၊ ရမ်းဗြဲအမတ် ဦးဘမြိုင်၊ သံတွဲအမတ် ဦးကျော်တင့်၊ ရ-တ-ည အမတ် ဦးလှထွန်းဖြူတို့၏ တင်ပြချက်များကို မှတ်တမ်းတရပ်အနေဖြင့် ထိုအချိန်ကာလက ထုတ်ဝေခဲ့သော မြဝတီ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးရာ – ထိုမှတ်တမ်းအား Arakan Review စာဖတ် ပရိတ်သတ်များ ဖတ်ရှုလေ့လာနိုင်ရန် မူရင်းအတိုင်း မျှဝေလိုက်သည်။
rakhine_by_xumarov-d5fu73e
ရခိုင်ပြည်နယ် ပြဿနာ
စုဆောင်းတင်ပြသူ – စိန်အေးထွန်း
ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပြည်ထောင်စုသားတိုင်းနှင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း သက်ဆိုင်နေသော ပြဿနာတရပ် ပေါ်ပေါက်လျက်ရှိသည်။ ယင်းပြဿနာမှာ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် ပေးထိုက် မပေး ထိုက်ဟူသော အငြင်းပွားနေမှုပင်ဖြစ်သည်။ ပေးထိုက်သည် ဟူသော အင်အားစုဘက်က ပြည်နယ်ပေးသင့် ပေးထိုက်ကြောင်း အကိုးအကားပေါင်းစုံဖြင့် တင်ပြနေကြသလို မပေးထိုက်ဟူသော အင်အားစုဘက်များကလည်း မပေးထိုက်ကြောင်း အကိုး အကားပြလျက် ငြင်းဆိုနေကြသည်။
ဤ အင်အားစုနှစ်ခု၏ အဓိက ဆိုလိုရင်းမှာ ပေးထိုက်သည်ဟူသော အင်အားစုများက ရခိုင်နှင့် မွန်သည် ရာဇဝင်ကြောင်းအရ သီးခြား ဘုရင်ရှိခဲ့သည်။ သီးခြားယဉ်ကျေးမှုရှိသည်။ သီးခြားစကားနှင့် စာပေရှိသည်။ ထို့ကြောင့် ရခိုင်နှင့် မွန်ပြည်နယ် ပေးသင့် ရထိုက်သည်ဟု အဆိုပြုနေကြသည်။ မပေးထိုက်ဟူသော အင်အားစုများအနေဖြင့်လည်း ရခိုင်နှင့်မွန် ပြည်နယ်ပေးလျှင် ပြည်ထောင်စု စည်းလုံးညီညွတ်မှု လျော့ပါးစေနိုင်သည်။ အိမ်ကြီးထဲ အိမ်ကလေး ဆောက်ဆိုသလို တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲပြားပြီး တိုင်းပြည် ကမောက်ကမ ဖြစ်လာနိုင်သည်ဟု ဖွင့်ဟနေကြသည်။

Subscribe to:
Posts (Atom)