ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

မေယုကို စုတ်တံချီဖို့ အနောက်တံခါးကို ပိတ်ကြစို့

[[[[သဇင်ပန်းခိုင် သတင်းဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၇) တွင်
ဖော်ပြခဲ့သော ဆောင်းပါး၊
RSO အဖွဲ့အစည်းသည် ယနေ့အချိန်အခါ အစိုးရ လက်နက်ကိုင်အဖွဲ့အစည်းများကိုတောင် ခြုံခိုတိုက်ခိုက်လာသည်ဆိုလျှင် မနက်ဖြန် ပြည်သူလူထုကို မတိုက်ခိုက်ဟု မည်သူက အာမခံမည်နည်း။ ရခိုင်လူထုကို ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းက ကာကွယ်ခြင်းသည် အလုံခြုံဆုံးဖြစ်လိမ့်မည်။]]]]

၁၉၇၈ ခုနှစ်က ရေးသားထုတ်ဝေခဲ့သည့် လ၀က အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရင်း ရခိုင်ပြည်နယ် မေယုဒေသကို ရင်တမမဖြင့် မှတ်တမ်းတင် ရေးသားသားခဲ့သည့် စာရေးဆရာ တက္ကသိုလ်မင်းသူ ရေးသားသော “မေယုကို စုတ်တံချီ”စာအုပ်ကို ဖတ်ရင်း ၁၉၇၀ ခုနှစ် ပတ်ဝန်းကျင်ကတည်းက ရခိုင်ပြည်နယ် အနောက်ဘက်တံခါးပေါက်ပြဲမှုသည် လ၀က၀န်ထမ်းများ၏ တိုင်းပြည်တာဝန်ကို မိဘပေးသည့် အမွေပဏာ ကိုယ်ကျိုးရှာမှု၊ တရားမ၀င် ခိုးဝင်လာသူများ၏ ဥပဒေကို ခုတုံးလုပ် မှောင်ခိုကြီးစိုးမှု၊ ဒေသခံများ တဖြည်းဖြည်းဒေသစွန့်ခွါမှုတို့အကြောင်းကို စုတ်တံချီရေးပြထားသည်ကို ဖတ်နေရင်း ၂၀၁၄ ခုနှစ် ဧပြီ ၂၇ ရက်နေ့က မတ်(၁)ရက်နေ့ထိ ရခိုင်အမျိုးသားညီလာခံတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ခေါင်းစဉ်ဆွေးနွေးမှုတို့မှ အတွေးတစ်စကို ဆောင်းပါးတစ်ပုဒ်ရေးရန် စိတ်ကူးရလာသည်။

“မေယုကို စုတ်တံချီ”စာအုပ်မှာ စာရေးသူဆရာ တက္ကသိုလ်မင်းသူ၏ အမှာစာ စာမျက်နှာ-စ တွင် “၁၉၅၇ ခုနှစ်တွင် ဌာနကို တိုးချဲ့၍ တစ်ပြည်လုံးတွင် ကင်းစခန်းပေါင်း (၄၅)ခု၊ အနှေးကင်း (၂၂)ဖွဲ့၊ အမြန်ကင်း (၁၃)ဖွဲ့နှင့် စုံစမ်းရေးအဖွဲ့ (၁၃)ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် “မြေမျိုး၍ လူမျိုးမပြုတ်၊ လူမျိုးမှ လူမျိုးပြုတ်မည်”၊ “အ၀ယ်လွယ်ပေမယ့်၊ အနေခက်စေရမည်” စသည့် ဆောင်ပုဒ်များကို ကိုင်စွဲပြီး ခိုးဝင်သူနိုင်ငံခြားသားနှင့် ဥပဒေချိုးဖောက်သူများကို ပစ်မှတ်ထားကာ ဟန့်တားခဲ့သည်။” ဟု ဖော်ပြထားသည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၉၅၇ ခုကတည်းက မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် နတ်မြစ်၏ ငိုကြွေးသံကို ထောက်ရှုနိုင်ပေလိမ့်မည်။ အနောက်ဘက်မှ ယင်းအချိန်က အရှေ့ပါကစ္စတန်နိုင်ငံကတည်းက ဘင်္ဂလီကုလားများသည် မြန်မာနိုင်ငံသို့ နည်းနည်းအမျိုးမျိုးဖြင့် ၀င်ရောက်ခဲ့သည်ကို ဖဆပလအစိုးရမှ ဟန့်တားရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ဆက်၍ “၁၉၆၂ ခုနှစ်တွင် စစ်တပ်က တိုင်းပြည်အာဏာကို ယူခဲ့သည့် နောက်ပိုင်းတွင်မူ၊ နိုင်ငံအတွက် အလွန့်အလွန်အရေးပါသည့် အဆိုပါခိုးဝင်သူ နိုင်ငံခြားသားများအား ဟန့်တားကာကွယ်သည့် မဟာဗျူဟာလုပ်ငန်းကို လစ်လျူခဲ့သည်မှာ ယနေ့တိုင်းဖြစ်သည်”ဟု ဖော်ပြထားခဲ့သည်။ စာရေးသူသည် အနောက်ဘက်က ခိုးဝင်များကို လက်မလှည်အောင်ထိ ဖမ်းဆီးခြင်း၊ လ၀က ဥပဒေအရ အပြစ်ပေးခြင်းများနှင့် ဒုက္ခသည်စခန်းများတွင် နေရာချထားမှုတို့ကို ပြုလုပ်ခဲ့ရကြောင်းတို့ကို စုတ်တံချီရေးဖွဲ့ထားခဲ့သည်။ စာရေးသူ တက္ကသိုလ်မင်းသူ၏ ပူပင်မှုသည် ၂၀၁၂ ခုနှစ် ဇွန်လတွင် အတိအလင်း မှန်ကန်ကြောင်းကို သက်သေပြခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့က ရခိုင်ပြည်နယ် အနောက်ဘက် ၀င်ပေါက် မေယုဒေသဖြစ်သော မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ရှိ ရခိုင်အပါအ၀င် မြန်မာတိုင်းရင်းသားမျိုးနွယ်စုများကို ဂျီနိုဆိုက်လုပ်ခဲ့သည်မှာ အစိုးရမှ ၁၄၄ ကို အချိန်မှီထုတ်ပြီး ကာကွယ်နိုင်ခဲ့လို့သာ တိုင်းရင်းသားများမှာ အသက်ဘေးမှ သီသီကလေး လွတ်မြောက်ခဲ့ရသည်။

အရှေ့တောင်အာရှနှင့် တောင်အာရှကို ပိုင်းခြားထားသော အရှေ့တောင်အာရှ၏အစ နတ်မြစ်သည် ၁၅၀ မိုင်ရှည်လျားသည်။ ၁၉၆၆ ခုနှစ် မေလ ၉ ရက်နေ့က မြန်မာ - ပါကစ္စတန် သဘောတူညီချက်အရ နတ်မြစ်ကို အလယ်က ပိုင်းလိုက်ပြီး နယ်နမိတ်ခွဲခြမ်းလိုက်သည်။ ရခိုင်သမိုင်းတွင် ကြီးကျယ်ခန်းနားခဲ့သော အနောက်ပြည်ဒေသသည် ဘင်္ဂလားဒေ့ရှ်ကို ပေးလိုက်ရသည်။ ထိုဘက်ကမ်းတွင် စစ်တကောင်းဒေသ၊ ကော့ဘဇာဒေသ၊ အ၀ကျွန်းဒေသတို့သည် ရခိုင်ပိုင်နက်ဖြစ်ခဲ့ပြီး ရခိုင်လူမျိုးများသည် ယနေ့တိုင်းနေထိုင်လျှက်ရှိကြသည်။ သို့ရာတွင် သူတို့မှာ မြန်မာနိုင်ငံသားဖြစ်ခွင့် မရရှိခဲ့ကြဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဘ၀ဖြင့် ဘ၀ကို ရပ်တည်ဖြတ်သန်းနေရသော်လည်း မကြာခဏဆိုသလို အမိမြန်မာနိုင်ငံတော်ကို လွမ်းဆွတ်သတိရကြောင်းကို ရင်နှင့်စွာ ကြားမိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ၁၂၈.၇၅ မိုင်ထိ နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုငံသည် လူဦးရေ သန်း ၁၆၀ ရှိပြီး ဧရိယာအားဖြင့် မြန်မာနိုင်ငံမှ ရှမ်းပြည်သာသာလောက်သာရှိသည်။ မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထက် သုံးဆလောက်ကြီးမားပြီး လူဦးရေ သန်း ၆၀ သာရှိသောကြောင့် မြေရိုင်းမြေလွတ်များဖြင့် နေထိုင်ရန် သင့်တင့်သည်။ ထိုကြောင့် ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလားများအဖို့ မြန်မာနိုင်ငံသည် ဘုမ္မိနက်သန်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူဦးရေ ပေါက်ကွဲလာမှုတို့သည် သေနတ်တစ်ချက်ပစ်ဖောက်စရာမလိုဘဲ မြန်မာနိုင်ငံအနောက်ဘက် မေယုဒေသကို လွှမ်းမိုးထားပြီးဖြစ်သည်။ နတ်မြစ်နှင့် မေယုမြစ်ကြားဒေသဖြစ်သည့် မေယုလွင်ပြင်ဒေသည် မြန်မာနိုင်ငံ၏ အစိပ်အပိုင်းအဖြစ် ပထ၀ီမြေပုံမှာသာရှိပြီး လူမျိုးများမှာ ဘင်္ဂလီများဖြင့် ပြည့်ကျပ်လျှက်ရှိသည်။ တိုင်းပြည်၏ သဘာဝအရင်းအမြစ်နှင့် လူ့အရင်းအမြစ်သည် မြန်မာတိုင်းရင်းသားတို့အတွက် မဟုတ်တော့ပါ။ ၉၅% နှုန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂလီလူမျိုး ခိုးဝင်သူများက နေရာယူထားပြီး ဖြစ်သည်။ ခိုးဝင်သူများသည် ခိုးဝင်များကဲ့သို့ မနေထိုင်သည်မက ကမ္ဘာကို မျက်ရည်ခံထိုးပြီး တိုင်းရင်းသားလူမျိုးသစ်အဖြစ် ဖန်းတီးလာသည့်အထိ အနောက်ဘက်ကနေ ခြိမ်းခြောက်လျှက်ရှိသည်။ “ပါကိစ္စတန် ဂျိန်နာဘတ်” ပါကစ္စတန် အဓွန်ရှည်ပါစေ လို့ မြန်မာနိုင်ငံထဲမှ ကြွေးကြော်နိုင်သည့်အထိ အနောက်ဘက် တံခါးသည် လုံးဝကျိုးပျက်သွားခဲ့ရသည်။

ကျိုးပျက်သွားသော အနောက်ဘက် တံခါးကို မြန်မာနိုင်ငံတော် အစိုးရမှ ဖာထေးနိုင်ရန်အတွက် နစကဌာနကို ဖျက်သိမ်းပြီး ရဲလုံခြုံရေးတပ်ရင်းများ တိုးချဲ့ခဲ့သည်။ သို့ရာတွင် ဒေသခံရခိုင်တို့အတွက် နွေးထွေးမှုကို မပေးနိုင်ခဲ့ချေ။ ၂၀၁၄ ခုနှစ် မတ်လက ဒုချီရားတန်းကျေးရွာမှာ လုံခြုံရေး အောင်ကျော်သိန်း အသတ်ခံလိုက်ရကတည်းက ရခိုင်တို့သည် ညတစ်ညကိုတောင် ကောင်းကောင်းမအိပ်ရဲဘဲ ဖြစ်ခဲ့ရသည်။ ယင်းမတိုင်းခင်ကလည်း နယ်စပ်ခြံစည်းရိုးကို ပြုပြင်နေသည် တပ်မတော် ဆောက်လုပ်ရေးမှ စစ်သားသုံးယောက်ကို ဖမ်းဆီးသွားသည်မှာ ယနေ့တိုင်း တရားခံကို ဖမ်းဆီးမရရှိသေးပေ။ ဤအကြောင်းအရာများသည်ပင် အနောက်ဘက် မေယုဒေသသည် ကြောက်စရာကောင်းလောက်အောင်ပင် အနိဌာရုံများဖြစ်ကြောင်းကို ပြသနေခဲ့ခြင်းသည်။ ၂၀၁၂ ခုနှစ် ဇွန်လ၏ အနိဌာနရုံစိတ်များ မပြေပျောက်သေးခင် နောက်ဆက်တွဲ ဖြစ်ပွါးခဲ့မှုသည် စိတ်ပိုင်းဆိုင်ရာအရ များစွာ ထိခိုက်ခဲ့သည်။

၂၇၊ ၄၊ ၂၀၁၄ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပြုလုပ်ကျင်းပခဲ့သော ရခိုင်အမျိုးသားညီလာခံတွင် အနောက်တံခါးအတွက် ရခိုင်များ၏ စိုးရိမ်းပူပင်မှုကို အထင်သားမြင်ခဲ့ရသည်။ အနောက်ဘက်တံခါးကို အမြန်ဆုံး ပိတ်ပေးကြဖို့ထိ ခေါင်းဆောင်ဆွေးနွေးသူများကို တက်ရောက်လာသော ပြည်သူ့ကိုယ်စားလှယ်များက တောင်းဆိုခဲ့သည်။ ထိုပူပင်မှုကိုပင် ရက္ခိုင်တပ်မတော် (AA) မှ ဒုဗိုလ်မှူးကျော်ဟန်က “အနောက်ဘက်ကို ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တာဝန်ယူမည်ကြောင်း၊ ယနေ့ အစိုးရသည်လည်း ပြည်ထောင်စုတိုင်းရင်းသားညီအစ်ကို စိတ်ဓာတ်ဖြင့် နွေးနွေးထွေးထွေး သော လက်များဖြင့် ကမ်းလှမ်းလျှက်ရှိသောကြာင့် အနောက်ဘက်ကို ရခိုင်ပြည်သူ လိုအပ်ချက်အရ ရက္ခိုင်တပ်မတော်က တာဝန်ယူမည်ဖြစ်ကြောင်း၊ မိမိတို့သည် ရခိုင်လူမျိုးဖြစ်သောကြောင့် ရခိုင်အကျိုးစီးပွါးအတွက် အနောက်ဘက်ကို စောင့်ရှောက်မည်ဖြစ်ကြောင်း” ပြောပြလိုက်သောအခါ တက်ရောက်လာသော ကိုယ်စားလှယ်များက လက်ခုပ်သြဘာပေးပြီး ထောက်ခံခဲ့ကြသည်။ ထို့အပြင် ရခိုင်တိုင်းရင်းသားဖြစ်သော ကမန်လူမျိုးများကိုလည်း သမိုင်းကြောင်းအရ ခိုင်မာခဲ့သောကြောင့် ရက္ခိုင်တပ်မတော်တွင် တပ်မတော်သားအဖြစ် လက်ခံသွားမည်ဖြစ်ကြောင်းနှင့် ကမန်လူဦးရေ သုံးသောင်းကိုပါ နွေးထွေးမှုပေးသွား ဖြစ်ကြောင့်ကိုပါ ပြောကြားခဲ့သည်။

ရခိုင်တို့၏ စိတ်ထဲတွင် အနောက်ဘက် တံခါးကို အစိုးရ၀န်ထမ်းများ စောင့်ရှောက်ခြင်းသည် မလုံခြုံဟု ခံစားနေရသည်။ မြန်မာနိုင်ငံတော် ဗဟိုအစိုးရက ကိုင်တွယ်ရန် အလှမ်းဝေးမှုတို့ကြောင့် အစိုးရလုံခြုံရေး ၀န်ထမ်းအဆက်ဆက်က လာဒ်စားမှု၊ လာဒ်ယူမှုတို့ကြောင့် မြန်မာနိုင်ငံအနောက်ဘက် ကျိုးပေါက်ခဲ့ရခြင်းဖြစ်သည်ဟု ခံစားနေကြရသည်။ ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်းတွင် နစက အကြီးအကဲဖြစ်သော ဗိုလ်မှူး အောင်ကြီး၏ လုပ်ရပ်ကပင် သက်သေပြသွားခဲ့သည်ကို ယနေ့တိုင်း မမေ့မပျောက်နေကြသည်။

ယခု ရက္ခိုင်တပ်မတော်ကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကြားတွင် ထားရှိမည်ဆိုလျှင် ဒေသလုံခြုံရေးကို များစွာ အထောက်အကူးပြုပြီး ဒေသခံများမှာလည်း နွေးထွေးစွာ ခံစားရလိမ့်မည်။ ကျောက်ဖြူမြို့ ရခိုင်အမျိုးသားညီလာခံကို တက်ရောက်လာသော ဘူးသီးတောင်မြို့နယ်မှ မြိုတိုင်းရင်းသားဖြစ်သော ဦးရန်ရောကပင် “ကျနော်တို့ကတော့ လက်ခံတယ်ဗျာ။ ရခိုင်တွေ ကိုယ်တိုင်း စောင့်ရှောက်တာ ပိုကောင်းတယ်”လို့ စာရေးသူကို ပြောပြသွားခဲ့သည်။

“ဇာတိပုည၊ ဂုဏ်မာန”ကို စောင့်ထိန်းခဲ့သော ရခိုင်တို့သည် အနောက်ရန်ကို မည်သို့ ကာကွယ်ရမည်ကို ကောင်းကောင်းသိရှိကြသည်။ ယခုအခါ အနောက်ရန်သည် အနောက်တွင် နားမနေဘဲ မြန်မာနိုင်ငံအနှံအပြားသို့ပင် တောက်လောင်းလျှက်ရှိသည်။ ၂၀၁၂ - ၂၀၁၄ ခုနှစ်ကနေ ယနေ့ထိ ၁။၂၀၁၂ ခုနှစ် ဇွန်လ ရခိုင်အရေးအခင်း ၂။၂၀၁၂ ခုနှစ် အောက်တိုဘာ ရခိုင်အရေးအခင်း ၃။မိတ္ထီလာအရေးအခင်း ၄။ဥက္ကံအရေးအခင်း ၅။လားရှိုး အရေးအခင်း ၆။ဇီးကုန်း၊ ကြို့ပင်ကောက် အရေးအခင်း ၇။ကန့်ဘလူ အရေးအခင်း ၈။ ၂၀၁၃ ခုနှစ် အောက်တိုဘာ ရခိုင်သံတွဲအရေးအခင်း ၉။လှည်းကူးအရေးအခင်း ၁၀။ ၂၀၁၄ ခုနှစ် ဒလအရေးအခင်း စသည့်တို့သည် အနောက်ဘက်က ကူးစက်ခံခဲ့ရသည် မီးတောက်များဖြစ်သည်။ ၄င်းမီးတောက်တို့သည် ဆက်လက် မကူးနိုင်အောင် ပေါက်ပြဲနေသော အနောက်ဘက်က ရန်ကို အနောက်ဘက် တံခါးစောင့်များဖြစ်သော ရခိုင်တို့ စောင့်ရှောက်မှုသည်သာ အကောင်းဆုံးဖြစ်သည်။

အနောက်တံခါးလုံခြုံပြီးမှ မြန်မာနိုင်ငံတော် ဥပဒေအတိုင်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပေဒအရ လူဝင်မှုကြီးကြပ်ရေး စီမံကိန်းများကို အကောင်အထည်ဖော်ပြီး စစ်ဆေးသင့်ပေသည်။ ချောင်းငယ်များကို တစ်ဖက်ကို ဆည်ဖို့ပြီးမှ အတွင်းက ရေကို ထုတ်လွတ်သကဲ့သို့ ပြုလုပ်မှသာလျှင် အကောင်းဆုံးဖြစ်မည်ဟု သုံးသပ်မိသည်။ အနောက်တံခါး မလုံခြုံဘဲ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အကောင်အထည်ဖော်လျှင် စစ်လိုက် ပြန်ဝင်လိုက်ဖြင့် မုန့်လုံးကို စက္ကူကပ်သလို လိုက်တမ်းပြေးတမ်းကစားနေသလိုပင် ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် အနောက်ဘက်ကို ပိတ်ပြီးမှ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အကောင်အထည်ဖော်သင့်သည်။ ထို့အချက်အပင်လျှင် နိုင်ငံတကာ လူ့အခွင့်အရေးအရေးကို လိုက်နာရာ ရောက်ပေမည်။

တိုင်းပြည်နိုင်ငံတစ်ခုသည် မတည်ငြိမ်မအေးချမ်းလျှင် မည်သို့မျှ တိုးတက်မည်မဟုတ်ကြောင်းကို အစိုးရ လူကြီးမင်းများမှ မကြာခဏ ပြောကြားချက်များကို ကြားနေရသည်။ ထို့ကြောင့် ၁။သီအိုရီခေါ်သော သဘောတရား (Ideology) ၂။ပထ၀ီနိုင်ငံရေး (Geopolifics) ၃။သမိုင်း (History) ၄။ဥပဒေ (Law) ၅။စီးပွါးရေး (Economic) ကို အစီးအမံများ ချမှတ်ပြီး ၁၂၈.၇၅ မိုင်သော အနောက်ဘက် နယ်စပ်လုံခြုံရေးကို အစိုးရနှင့် ရက္ခိုင်တပ်မတော်တို့ အချိန်မှီညှိနှိုင်းပြီး တိုင်းပြည်၏ ပထ၀ီမြေပြင် မပျောက်ရေးကို တိုင်းပင်ဆွေးနွေးကြစေဖို့အတွက် ပြည်သူတို့က လိုအပ်လျှက်ရှိကြောင်းကို မေယုကို စုတ်တံချီပြီး အနောက်ဘက်ကို ရန်ကို ကာကွယ်ရန် တင်ပြပေးလိုက်မိသည်။

ဝေဟင်အောင်
၆၊ ၅၊ ၂၀၁၄။

ရခိုင်သတင်းမီဒီယာ တည့်တံ့ဖို့အတွက် ရခိုင်ဂျာနယ်များကို အမျိုးသားစိတ်နဲ့ အားပေးကြအုံ့နော်။

No comments:

Post a Comment