ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

မြန်မာနိုင်ငံအနောက်ဘက် ခြံစည်းရိုးမှာ သေနတ်ပေါက်ပြီ။

 ၁၃၊ ၅၊ ၂၀၁၄ ရက်နေ့က မောင်တောမြို့နယ် တောင်ပြိုကျေးရွာအနီးမှာ တိုက်ပွဲကြောင့် မြန်မာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့မှ ဒုရဲအုပ် (၁)ဦးနှင့် တပ်သားအဆင့်ရှိသူ (၂)ဦး ကျဆုံးခဲ့သည်။

၁၇၊ ၅၊ ၂၀၁၄ ရက်နေ့ (ယနေ့) ၉ နာရီလောက်က RSO ဟုထင်ရသော အင်အား (၆၀)ဦးခန့်ပါ မှ ချုံခိုတိုက်ခိုက်မှု တိုက်ပွဲဖြစ်ရာ မြန်မာအစိုးရဘက်မှ (၄)ဦးကျဆုံးပြီး (၂)ဦးပျောက်ဆုံး၊ အရာရှိ ဒုရဲအုပ်နွေဦးမောင်တွင် ခါးတွင် ဒဏ်ရာပြင်းထန်စွာရရှိ။
သေဆုံးသူ တပ်ဖွဲ့ဝင်များမှာ
၁။တသသီဟအောင်၊
၂။ တသလှမင်းထက်၊
၃။ တသမင်းထွေး၊
၎။ တသနေလင်းစိုးတို့ ဖြစ်ပြီး
ပျောက်ဆုံးနေသူများမှာ
၁။ တသ ဝေလင်းစိုး၊
၂။ တသ အေရာမောင်တို့ဖြစ်ကြောင်းသိရှိရပါသည်။
ထို့ပြင် မြန်မာဘက်မှ MAသေနပ် ၂လက်ပါ ပျောက်ဆုံးနေပါသည်။

ခမရ (၃၅၂)မှ ဗိုလ်ကြီးစစ်မင်းသူ ဦးစီး တပ်စိတ်နှင့် မိုင်တိုင် ၅၂ အနီး (နတ်ရေကန်) တွင် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း။

နိုင်ငံတကာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ဒီသတင်းမျိုးဆိုလျှင် နှာစီးနေတတ်သည်။

Western Gate Guard နှင့် ဖုန်းသတင်းအရ သိရှိရသည်။


No comments:

Post a Comment