{{{{{ ဖွံ့ဖြိုးတိုးတက်ရေးဂျာနယ် အတွဲ(၃)၊ အမှတ်(၅)မှာ ဖော်ပြပြီး ဆောင်းပါးဖြစ်ပါတယ်။
စည်သူအောင်မြင့်ရဲ့ ဆောင်းပါး (၄)ပုဒ်ကို
ပြန်လည် ရှင်းလင်းထားတဲ့ ဆောင်းပါးပါ။}}}
“နှုတ်တစ်ရာ စာလုံး”ဆိုတဲ့ မြန်မာစကားပုံ တစ်ခု ရှိပါတယ်။
စာထက်အက္ခရာတင်ခြင်းဟာ နောက်တစ်ချိန်မှာ သမိုင်းတွင်စေပါတယ်။ စာပေဟာ
ခေတ်ရဲ့ကြေးမုံဖြစ်တာကြောင့် ခေတ်အခြေအနေကို ရေးတဲ့အခါ မြေပြင်ပကတိက
ပိုအရေးကြီးပါတယ်။ ဒါကြောင့် စာရေးဆရာတစ်ယောက်က စာရေးတော့မယ်ဆိုရင်
အထူးသဖြင့် လူမျိုးတစ်မျိုးရဲ့ ကောင်းကျိုး၊ ဆိုးပြစ်များကို
ရေးတော့မယ်ဆိုရင် ပိုပြီး သတိထားဖို့လိုအပ်ပါတယ်။ တစ်မျိုးသားလုံးကို
ခြုံငုံရေးရတာကြောင့် တာဝန်သိစိတ်ရှိဖို့ လိုအပ်ပါတယ်။
စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်လိုမျိုး ကိုယ်လိုရာကို စိတ်ကူးယဉ်ပြီး ရေးလိုက်တာဟာ
အရေးခံရတဲ့ လူမျိုးတစ်မျိုးအတွက် အလွန်နစ်နာစေတာတော့ အမှန်ပဲ။
လူတစ်ဦးတစ်ယောက် နစ်နာခြင်းထက် လူမျိုးတစ်မျိုး၊ လူမျိုးစုတစ်စုအတွက်
အလွန် နစ်နာတယ်ဆိုတာကို စာရေးသူက သိရှိဖို့လိုပါတယ်။ အထူးသဖြင့် ယခုလို
အချိန်မှာ ရခိုင်အရေးကို ရေးမယ်ဆိုရင် ပိုပြီးတော့ ဂရုစိုက်ဖို့
ကောင်းပါတယ်။ ရခိုင်ရဲ့ အခြေအနေက ထိလွယ် ရှလွယ်တဲ့ အကြောင့်မို့
မှန်းသန်းရမ်းသန်းစာရေးခြင်းမျိုးကို ရှောင်ကြည်ဖို့ ကောင်းပါတယ်။
အရေးမတတ်ရင် တစ်မျိုးသားလုံး မြောင်းထဲကို ရောက်သွားနိုင်လို့ပါ။
စတုတ္ထတမဏ္ဍိုင်ဟာ တခြားမဏ္ဍိုင်ကြီး ၃ရပ်ကို ထိန်းညှိပေးရမယ်။
ပြည်သူလူထုလိုအပ်ချက်ကို အထိက လမ်းဖွင့်ပေးသည့်မှာ စာနယ်ဇင်းသည်
အဓိကဖြစ်တယ်ဟု ဆိုပါတယ်။
အခုတလောမှာ စာရေးဆရာ
စည်သူအောင်မြင့်ရေးသားသော ဆောင်းပါးများကို ဂျာနယ်တွေမှာ
ခပ်စိပ်စိပ်ဖတ်ရပါတယ်။ စာအရေးအသားတော်တော်ကို ကောင်းတာကိုလည်း
သတိပြုမိပါတယ်။ ရခိုင်နဲ့ ပတ်သတ်ပြီး ဆောင်းပါး (၄)ပုဒ်ကို စာရေးသူ
ဖတ်ရပါတယ်။ စာရေးသူဟာ ရခိုင်လူမျိုးတစ်ယောက်ဖြစ်တာကြောင့် ရခိုင်နဲ့
ပတ်သတ်တဲ့ဆောင်းပါးဆိုရင် ပိုပြီးတော့ အာရုံစိုက်ပြီး ဖတ်တတ်ပါတယ်။
အဲဒီအထဲမှာ စည်သူအောင်မြင့်ရေးတဲ့ ဆောင်းပါးနဲ့ ပတ်သတ်ပြီးတော့ နည်းနည်း
ဘ၀င့်မကျစရာတွေကို တွေ့ရလို့ ယခုဆောင်းပါးကို ရေးလိုက်ရတာပါ။
“ရခိုင်ပြဿနာ ဘယ်သူတွေမှာ တာဝန်ရှိသလဲ”ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ၃-၄-၁၄
ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ်မှာ စည်သူအောင်မြင့်ဆိုတဲ့ စာရေးဆရာ ရေးတဲ့
ဆောင်းပါးတစ်ပုဒ်ကို ဖတ်ခဲ့ရပါတယ်။ ဆောင်းပါးရှင်းက တော်တော်ကို
ပြည့်စုံအောင်နဲ့ ကောင်းအောင်ရေးထားပါတယ်။ ဖတ်ရတာလည်း အရသာရှိပါတယ်။
ပရိုဖက်ရှင်နယ် စာနယ်ဇင်းသမားရဲ့ တစ်ယောက်ရဲ့ သုံးသပ်ချက်မှာ အစိုးရကို
အဓိက ထောက်ပြရမည့်အစား လက်နက်မဲ့ အာဏာမဲ့ ရခိုင်လူထုကို အဓိက
အပြစ်ဖို့ချထားသည့်ကို တွေ့ရတယ်။ ဒါပေမယ့် သနားစရာကောင်းတာက
ရခိုင်ပြည်နယ်ကို တစ်ခါမှ မရောက်ဖူး၊ ရခိုင်တွေနဲ့ ထိတွေ့ ဆက်ဆံမှု
အားနည်းတယ်ဆိုတာကို ဆောင်းပါး အဖွင့်မှာကတည်းက သိသာပါတယ်။ မြေပြင်မကတိကို
မသိရှိပဲ အဝေးမြင်က ရေးသားချက်သည် လူမျိုးတစ်မျိုးသားလုံးကို
ထိခိုက်စေတယ်ဆိုတာကို တွေ့ရပါတယ်။ စာရေးသူတစ်ယောက်အနေဖြင့်
လူမျိုးတစ်မျိုးနဲ့ ထိတွေ့ဆက်ဆံမှု မရှိဘဲ တစ်ဖက်သတ်ရေးလျှင်
ထိုဆောင်းပါးသည် ရယ်စရာသာ ဖြစ်နေလိမ်မယ်ဆိုတာကို ပရိုဖက်ရှင်နယ် စာရေးဆရာ
တစ်ယောက်ဖြစ်တဲ့ စည်သူအောင်မြင့်တစ်ယောက် မသိလေသလား။
ပြည်ပအသံလွင့်ဌာနတွေဖြစ်တဲ့ BBC, VOA, RFA, DVB, မဇ္ဈိမ၊
ဧရာဝတီသတင်းဌာနတွေကို တော်တော် မှီငြမ်းထားသည့်ဟု ထင်ရတယ်။
ရခိုင်ပြည်သူများအတွက် ၄င်းပြည်ပသတင်းဌာနများဟာ သစ္စာဖောက်ခဲ့တာ
ကြာပြီးဖြစ်တယ်။ မတတ်သာလို့ ငြိမ်းခံနေရခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့်
ရခိုင်လူထုဟာ နည်းမျိုးစုံဖြင့် ၄င်းသတင်းဌာနများကို
ကန့်ကွက်ခဲ့တာတွေရှိခဲ့တယ်။ ဥပမာ- အစိုးရမှ ရိုဟင်ဂျာမရှိဘူးဟု
တရားဝင်ပြောကြားခဲ့သော်လည်း ၄င်းသတင်းဌာနများသည် မြိန်မြိန်ကြီး
ကြော်ငြာနေကြသည်ကို သတိပြုကြည့်လျှင် သိနိုင်တယ်။
နောက်ထပ်
“ရခိုင်သူရဲကောင်း အလိုရှိသည်” ဆိုပြီး နောက်ထပ် ဆောင်းပါးတစ်ပုဒ်ကို
ဧရာဝတီသတင်း ၀က်ဆိုက်မှာ ဖတ်ခဲ့ရပါသေးတယ်။ ဧရာဝတီမြစ်ဟာ မြန်မာပြည်ရဲ့
အသက်ဆိုပေမယ့် ဧရာဝတီသတင်းဌာနဟာ ရခိုင်ပြည်သူရဲ့ အဆိပ်ဆိုတာကို
ရခိုင်သားတိုင်းသိပါတယ်။ အဲဒီသတင်းဌာနက တက်လာတဲ့ ဆောင်းပါဟာ
ရခိုင်ပြည်သူကို အဆိပ်မခပ်ဘူးလို့ ဘယ်သူက ပြောနိုင်သလဲ။ ဧရာဝတီသတင်းဌာနဟာ
ရခိုင်သတင်းများထက် ကုလားသတင်းများကို ဦးစားပေးဖော်ပြခဲ့တာ ကြာပြီး
ဖြစ်ပါတယ်။ မယုံကြည်လျှင် ဧရာဝတီသတင်းဌာန၏ တရားဝင် ၀က်ဆိုက်အား
ရှာဖွေကြည့်လျှင် ရခိုင်ကောင်းသည်ဆိုသည့် သတင်းထက် ကုလားကို
လူ့အခွင့်အရေးချိုးဖောက်နေသည်ကို တွင်းတွင်းကျယ်ကျယ်ဖော်ပြထားသည်ကို
တွေ့ရှိရလိမ်မယ်။ ရခိုင်ပြည်သူကို အဆိပ်ခပ်ခြင်းဟာ မြန်မာပြည်ကို
သစ္စာဖောက်ခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့ဆိုရင် ရခိုင်ဟာ မြန်မာနိုင်ငံရဲ့
ပြည်ထောင်စုထဲမှာ ရှိနေလို့ပဲ။ ဤဆောင်းပါးအရဆိုလျှင် စည်သူအောင်မြင့်သည်
မိမိနားရွက်ကို မိမိဆွဲတင် ကျနော်သူရဲကောင်းပါလို့ ရှိသမျှအပြစ်ကို
ရခိုင်ကို ပုံချ အသံကောင်း ဟစ်ချင်ပုံပေါက်နေတယ်။
ဒီမတိုင်းခင်ကလည်း ၂၇-၁၂-၁၃ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ်မှာပဲ
“ရခိုင်တိုင်းရင်းသား တစ်ချို့ စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေကို
အားကျနေသလား” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရပါတယ်။ AZG/MSF ကို ရခိုင်က
ထွက်သွားဖို့ မြောက်ဦးမြို့နယ် ပြည်သူတွေက
ဆန္ဒပြမောင်းထုတ်ခဲ့ခြင်းအကြောင်းကို တာလီဘန်နဲ့ ခိုင်းနှိုင်းခဲ့ဖြစ်ပါတယ်။
ဆောင်းပါးရဲ့ခေါင်းစဉ်ပေးထားပုံကစပြီး ဆောင်းပါးတစ်ခုလုံးရဲ့ အာဘော်ဟာ
ပရိုဖက်ရှင်နယ် စာနယ်ဇင်းသမားရဲ့ တင်ပြပုံအဆင့်အတန်းမှာရှိမနေဘဲ
ဖြစ်စဉ်တစ်ခုလုံးကို ဘက်မလိုက်ဘဲ မျှမျှတတ သုံးသပ်ထားတာမျိုးလည်း မတွေ့ရ။
အတွေ့ကြုံကို အခြေခံပြီးရေးရမယ့် အကြောင်းအရာကို ကြားဖူးနားဝ ဗဟုသုတနဲ့
ကောက်ချက်ဆွဲပြီး ပွဲဆူစေမယ့် လူပြိန်းကြိုက် ခေါင်းစဉ်မျိုးနဲ့
တင်ဆက်ထားတဲ့ ဒီဆောင်းပါးဟာ မြန်မာတိုင်းမ်လို နာမည်ကြီးမီဒီယာတစ်ခုရဲ့
ကော်လံစားကဏ္ဍမှာ ပါလာတာ တော်တော်လေးကို အံ့သြစရာကောင်းနေပါတယ်။
စာရေးသူ စည်သူအောင်မြင့်သည် ဆောင်းပါးတစ်ပုဒ်ရေးသောအခါ နှစ်ဖက်အမြင်ကို
မသုံးစွဲဘဲ တစ်ဖက်သတ် အမြင်ဖြင့်သာ ရေးသည်ကို တွေ့ရပါတယ်။ ဥပမာအနေနဲ့ ၂၀၁၂
ခုနှစ် ဇွန်လ ရခိုင်ပြည်အရေးအခင်းတုန်းက AZG/MSF က အကြီးတန်းတာဝန်ခံ
ဘင်္ဂလီလူမျိုး ဦးကျော်လှအောင်ကိစ္စကို မသိလို့ရေးတာ ဖြစ်လိမ်မယ်လို့
ထင်ခဲ့မိပါတယ်။ AZG/MSF ဟာ ကျန်မာရေးစောင့်ရှောက်မှုထက် ရခိုင်ပြည်တွင်း
နိုင်ငံရေးအပေါ်ဝင်ရောက်စွက်ဖက်ခဲ့မှု၊ AZG/MSF မှာ ၀န်ထမ်းတွေ
အများကြီးရှိခဲ့ပေမယ့် တိုင်းရင်းသားလူမျိုး ၀န်းထမ်းဟာ
လက်ဖက်ပြည့်အောင်မရှိခဲ့ဘူးဆိုတာကို စာရေးသူ စည်သူအောင်မြင့် အဝေးမှုန်များ
ဖြစ်နေခဲ့သလား။ ဒီ့အပြင် မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာကိစ္စမှာ
အသတ်ခံလိုက်ရတာက ရဲတပ်ကြပ် အောင်ကျော်သိန်း။ AZG/MSF က သတင်းပေးလိုက်တာက
ဘင်္ဂလီ ၄၀ သေဆုံးဆိုတဲ့ သတင်းကြောင့် ဗြိတိန်၊ အမေရိကန် စတိမန့်တွေကို
ပြန်ရုပ်သိမ်းပြီး AP က သတင်းထောက်နှစ်ယောက် မရှုမလှ အလုပ်ထွက်သွားတာကို
စည်သူအောင်မြင့် တစ်ယောက် နှာစီးနေခဲ့သလားဆိုတာကို မေးကြည့်ချင်ပါတယ်။
ဒါပေမယ့် ရခိုင်ကို တာလီဘန်နဲ့ နှိုင်းခဲ့တာကတော့ တစ်ဆိတ်လွန်သလားလို့။
အမေရိကန်နိုင်ငံအပါအ၀င် ကမ္ဘာထိပ်သီနိုင်ငံတွေကပါ ကျီလန်စာစားဖြစ်နေရတဲ့
ဒီတာလီ ဘန်ကြီးနဲ့ အနှိုင်းခံရတော့ နည်းတဲ့ ဂုဏ်ပုဒ်တော့ မဟုတ်ခဲ့ဘူး။
ဒါပေမယ့် ၀မ်းနည်းစရာက တာလီဘန်တွေ အသေခံ ဗုံးခွဲလို့ သေသွားတဲ့လူတွေကို
စာရင်းကောက်ကြည့်မယ်ဆိုရင် ရေတွက်လို့တောင် ရလိမ့်မယ်မဟုတ်။
ရခိုင်တွေသတ်လို့ သေတဲ့ အစိုးရ၀န်ထမ်းတစ်ယောက်၊ ပြည်သူတစ်ဦးများ
စာရေးသူစည်သူအောင်မြင့် တွေ့ဖူးလေသလား မဆိုနိုင်။
၎င်းအပြင် ၂၀၁၂
ခုနှစ် ဇွန်လ ၈ ရက် သောကြာနေ့ ဗလီပေါ်က ဆင်းလာသော ဘင်္ဂလီကုလားများသည့်
အပြစ်မရှိဘဲ ရခိုင်အိမ်များကို ဖျက်ဆီးခြင်း၊ ရခိုင်ကျေးရွာများကို
ဝင်ရောက်ဖျက်ဆီခြင်းများ၊ သတ်ဖြတ် လုယက်မှုများဖြင့် ရခိုင်လူမျိုးများကို
လူမျိုးတုန်းသတ်ဖြတ်ခဲ့တယ်။ အစိုးရမှ ၁၄၄ ကို အချိန်မှီထုတ်နိုင်ခဲ့လို့သာ
သီသီကလေးလွတ်မြောက်ခဲ့မှုကို စာရေးသူ စည်သူအောင်မြင့် ထုတ်ဖော်ရေးသားတာကို
မတွေ့ရှိရဘဲ အခံဘက်ဖြစ်တဲ့ ရခိုင်ကိုသာ အပြစ်ဖို့ချထားသည့်ကို တွေ့ရတယ်။
NGO အဖွဲ့အစည်းက ထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာထွန်းအောင်ကိစ္စကိုလည်း
သိလျှက် မသိဟန်ဆောင်နေသလားမသိပေ။ ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ မောင်တောမြို့
ဂျာမေဗလီက ဘင်္ဂလီများကို လွတ်ပြီး ရခိုင်အိမ်များကို ဖျက်ဆီးဖို့
စေခိုင်းခဲ့ခြင်းမှာ အဓိက NGO တာဝန်ခံများဟာ ခေါင်းဆောင်တွေ
ဖြစ်နေခဲ့ကြတယ်။ အရေးအခင်းမှာ အစိုးရမှ လိုက်လံဖမ်းဆီသောအခါ NGO
ထိပ်ပိုင်းခေါင်းဆောင် ၁၀ ကျော်လောက်ကို ဖမ်းဆီထိန်းသိမ်းခဲ့ရတယ်ဆိုတာကို
စာရေးသူ စည်သူအောင်မြင့် သိသိဖြင့် မမြင်ဟန်ဆောင်ခဲ့ပုံပေါက်တယ်။
NGO, INGO များကို ရခိုင်ဒေသဖွံ့ဖြိုးရေးအတွက် ရခိုင်ပြည်နယ်သို့
ခေါ်သွင်းခဲ့သော်လည်း လက်တွေ့တွင် ဒေသခံရခိုင်တို့မှာ အကျိုးခံစားခွင့်
တစ်ခုမျှ မရခဲ့ပေ။ အထူးသဖြင့် ဘင်္ဂလီတို့အပေါ်တွင် တစ်ဖက်သတ်
ပေးအပ်ခဲ့ခြင်းများသာ ဖြစ်တယ်။ အလုပ်အကိုင်အခွင့်အလမ်း ၊
ဒေသတိုးတက်ရေးအတွက် NGO, INGO တို့သည် အထောက်အကူးအပြုသည့်အပြင် ဘင်္ဂလီတို့မှ
ရခိုင်များအပေါ် အကြမ်းဖက်စော်ကားချက်များကိုပင် ကူညီပန့်ပိုးခဲ့တယ်။
သို့ပေမယ့် ရခိုင်များဟာ ၂၀၁၂ ခုနှစ် ဇွန်လမတိုင်းမှီအထိ
မည်သည့်ကန့်ကွက်ချက်ကို မပြုလုပ်ခဲ့ကြပေ။ နောက်ပိုင်း မခံနိုင်သည့်အဆုံးမှာ
ဆန္ဒပြ ကန့်ကွက်ခဲ့ကြခြင်းဖြစ်တယ်။
၎-၄-၁၄ ရက်နေ့ထုတ်
ရန်ကုန်တိုင်းမ်သတင်းစာမှာ “ရခိုင်ဒီမိုကရေစီ ကျဆုံးခန်း”ဆိုသည့်
ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရသေးတယ်။ အဲဒီဆောင်းပါးမှာလည်း
အယင်းဆောင်းပါးတုန်းများကလို စာသားနည်းနည်းလွဲရုံက လွဲပြီး အကြောင်းအရာက
အတူတူဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ RNDP က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲအနိုင်ရကြောင့်ကို
မြှောက်သလိုလိုနဲ့ ဒီမိုကရေစီအရ စီးပွါးဖွံ့ဖြိုးတိုးတက်မယ်၊ လူမှုရေးတွေ
တိုးတက်လာမယ်ဆိုတဲ့ အကြောင်းကို ဆောင်းပါးလေးပုဒ်လုံးတွင် ထပ်ကာထပ်ကာ
ရေးသားခဲ့ပြီး နောက်ဆုံး သီတာထွေအကြမ်းဖက်ခံရပြီးနောက် နောက်ဆက်တွဲ
အကြမ်းဖက်မှုတွေကို တန်းသီပြီးတော့ ရေးထားတယ်။ သူရေးသားချက်များဟာ
ရခိုင်တွေ အကြမ်းဖက်ချင်သည်ဆိုသည့် သဘောကို အဓိက ဦးတည်းရေးသည်ကို
တွေ့ရတယ်။ ဒီနေရာမှာ စာရေးသူ စည်သူအောင်မြင့် သတိမထားမိတာ တစ်ချက်ကို
တွေ့ရတယ်။ ရခိုင်တွေဟာ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားပါတယ်။ ဒီမိုကရေးစီကို
လိုလားပါတယ်။ တစ်ဦး တစ်ယောက်မှ ငတ်ပြတ်တာကို အလိုရှိမှာ မဟုတ်ပါဘူး။
လူတိုင်းအား ကိုယ့်အိမ်မှာ ထမင်းတစ်လုပ်ကို ကောင်းကောင်းစားချင်ကြတယ်။
အေးအေးဆေးဆေး နေထိုင်ချင်ကြတယ်ဆိုတာ ရခိုင်တိုင်းကို
မေးရင်သိရှိနိုင်ပါတယ်။ ဒါပေမယ့် ရခိုင်တွေ ခံစားနေရတာက
အမျိုးပျောက်သွားမယ့်အရေး၊ အနောက်က ပြိုဆင်းလာသည့် ဘင်္ဂလီတို့၏ အန္တရာယ်ကို
စိုးရိမ်းနေရတယ်ဆိုတာကို လုံးဝထည့်ရေးတာကို မတွေ့ရပါ။ လက်ရှိပြည်ထဲကို
ရောက်နေတဲ့ ဘင်္ဂလီတွေကို အစိုးရက ကိုင်တွယ်ပုံများမှာ အားရစရာမရှိကြောင့်ကို
တစ်ချက်မှ ထုတ်ဖော်ပြသခဲ့တာကို မတွေ့ရဘဲ ရခိုင်များကိုသာ တစ်ဖက်သတ်
အပြစ်ပုံချခဲ့တယ်။
အထူးသဖြင့် ဤဆောင်းပါးတွင် ရခိုင်များကို
အစွန်းရောက်အဖြစ် တိုက်ရိုက်သုံးစွဲနေခဲ့တာကို တွေ့ရတယ်။ ၂၀၁၃ ခုနှစ်
အောက်တိုဘာလက သံတွဲမြို့နယ်တွင် ဖြစ်ပျက်သွားခဲ့သော ကမန်များနှင့်
ပဋိပက္ခတွင် တိုက်ရိုက်သုံးစွဲသွားတာဖြစ်ပါတယ်။ စည်သူအောင်မြင့် တစ်ယောက်
ကမန်တွေနဲ့ ရခိုင်တွေပေါင်းပြီး သန်းခေါင်စာရင်းကို အတူလက်တွဲ စတိတ်မန့်
ထုတ်ပြန်တာ ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီကပင် သူတို့မှာ လူဦးရေ ၃
သောင်းလောက်သာရှိပါတယ်။ အဲဒီမှာ အခု သိန်းကျော်နေတယ်။ ဘင်္ဂလီတွေက
လုပ်ကမန်တွေများနေတယ်။ လူဦးရေစာရင်းကောက်ရမယ်ဟု ထုတ်ပြန်ခဲ့ချက်ကို
လျစ်လျူရှူခဲ့တာကို တွေ့ရတယ်။ ၄-၄-၁၄ ရက်နေ့ ထုတ်တဲ့ ဂျာနယ်တစ်စောင်က
ကိုယ်တိုင်းရင်းသားကို အစွန်းရောက်နှင့် ခိုင်းနှိုင်းခဲ့ခြင်းကိုပင်
အံ့သြမဆုံးဖြစ်ရပါတယ်။ အစိုးရ၏ လုံခြုံရေးအားနည်းမှု၊
အချိန်မှီမတားဆီနိုင်မှု၊ သတင်းထုတ်ပြန်မှု အခိုင်အမာမရှိခြင်းတို့ကို
တစ်ချက်မှ ထည့်သွင်းရေးသွားခဲ့ခြင်းကို မတွေ့ရဘဲ
ရခိုင်တိုင်းရင်းသားတို့သည် စည်သူအောင်မြင့်ဆီတွင် အစွန်းရောက်
ဖြစ်သွားလေသလော။
အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်စာရင်းဇယားများအရ
ယာယီသက်သေခံကဒ် ကိုင်ဆောင်သူ ၈.၅ သိန်းရှိတယ်ဟု ဖော်ပြခဲ့တယ်။ အဲဒါဆိုရင်
အဖြူကဒ်မကိုဘဲ ခိုးဝင် ဘယ်လောက်ရှိအုံ့မည်ကို ခန်းမှန်းလို့ကို မရ။ အဲဒါတွေ
အကုန်လုံးဟာ ရခိုင်ပြည်မှာ နေထိုင်ကြပြီး ရခိုင်ရိုးမအရှေ့ဘက်ကို သွားလို့
မရဘူးဆိုတာကို စည်သူအောင်မြင့် သိလောက်မယ်လို့ ထင်ပါတယ်။
ရခိုင်ပြည်နယ်တစ်ခုတည်းသာမှာ လှောင်ပိတ်ခံနေရပြီး သူတို့ ပြုသမျှကို
ဒေသခံရခိုင်များမှာ ခံနေရတာတယ်ဆိုတာ နေ့စဉ်သတင်းတွေမှာ ဖတ်ကြည့်ရင်
သိနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ တိုင်းရင်းသား (၇)မျိုးရှိတယ်ဆိုပေမယ့်
ယခု ခိုးဝင်ဘင်္ဂလီဦးရေဟာ ရခိုင်လူမျိုးပြီးရင်
ဒုတိယအများဆုံးဖြစ်နေတယ်ဆိုတာကို သတိချပ်မိလေသလားမသိပေ။ နိုင်ငံတကာ
အကူးအညီပေးရေးအဖွဲ့များ သုံးစွဲတကာကတော့ လူနည်းစုဟု သုံးစွဲသော်လည်း
တကယ်တမ်း ဘူးသီးတောင်၊ မောင်တောဒေသများမှာ သူတို့က ၉၅% အထက်မှာ ရှိနေတယ်။
နောက်ထပ် စည်သူအောင်မြင့် ထောက်ပြချင်တာက ကုသမဂ္ဂနှင့်
အစိုးရမဟုတ်သောအဖွဲ့အစည်းများကို ရခိုင်လူထုက မလိုလားချက်ကို ထောက်ပြသောအခါ
အထူးသဖြင့် ရခိုင်လူဖွဲ့အစည်းတစ်ခုလုံးကို အပြစ်ပုံချပြီး တာလီဘန်နဲ့
နှိုင်းခဲ့တယ်။ စာရေးသူ စည်သူအောင်မြင့်ဟာ နှစ်ဖက်မျှမျှတတရေးရမည့်အစား
အပြစ်တင်စောသည်ကို တွေ့ရတယ်။ ဆောင်းပါး (၄)ပုဒ်လုံးတွင် (၃)ပုဒ်လောက်က
အတူတူဖြစ်နေတယ်။ စည်သူအောင်မြင့်က ပြည်မတွင် အိပ်ကောင်းကောင်း၊
စားကောင်းကောင်းဖြင့် နေရချိန်တွင် ရခိုင်လူထုသည် အိပ်ကောင်းကောင်းမအိပ်ရ၊
စားကောင်းကောင်းမစားရသည်ကို လုံးဝ ထည့်သွင်းစဉ်စားပုံ မပေါက်ခဲ့ချေ။
အထူးသဖြင့် အစိုးရအုပ်ချုပ်မှု ယန္တရား၏ အားနည်းချက်ကို ထောက်ပြမှု
ဆောင်းပါးလေးပုဒ်လုံးတွေ့ နည်းနည်းလောက်သာ တွေ့ရတယ်။ စည်သူအောင်မြင့်
သိသင့်သည်က ရခိုင်လူမျိုးတို့သည် အုပ်ချုပ်ခံ လူတန်းစားသာဖြစ်တယ်။
အုပ်ချုပ်သည့် လူတန်းစားဖြစ်သော အစိုးရမှ ၁၉၈၂ ခုနှစ် ဥပဒေကို
အသုံးမပြုခြင်း၊ အနောက်ဘက် တံတိုင်းကို ကောင်းကောင်းမကာကွယ်နိုင်ခြင်း၊
ဥပဒေစိုးမိုးမှု အားနည်းခြင်း၊ သတင်းထုတ်ပြန်မှု နှောင့်နှေးခြင်း၊
ပြည်နယ်အစိုးရတွင် လုပ်ပိုင်ခွင့်အာဏာ နည်းပါးခြင်း၊
ထိပ်ပိုင်းခေါင်းဆောင်များတွင် ရခိုင်ကိုယ်စားပြု ပုဂ္ဂိုလ်များ ပါဝင်မှု
နည်းပါးခြင်းတို့ကြောင့် တိုင်းရင်းသားဖြစ်တဲ့ ရခိုင်တွေဟာ
စိုးရိမ်းပူပင်မှုအောက်မှာ နေ့စဉ်နဲ့အမျှ ဖြတ်သန်း နေရတယ်ဆိုတာကို
ထည့်သွင်းစဉ်စားစေချင်ပါတယ်။
နောက်ဆုံး ပရိုဖိုင်ရှယ်နယ်
စာရေးသူတစ်ယောက်အနေဖြင့် အလောတကြီးဖြင့် ခံစားချက်ကို ဦးတည်ပြီး
စာမရေးစေချင်ပါ။ ရခိုင်အကြောင်းကို ရေးလိုလျှင် အဝေးမှ သတင်းထက်
မြေပြင်ပကတိက အခြေအနေကို စုံစမ်းပြီးမှ ရေးစေချင်ပါတယ်။ လူမျိုးတစ်မျိုးကို
ခြုံငုံရေးရသောကြောင့် အကြောင်းအရာ မခိုင်လုံလျှင် လူတစ်ဦးတစ်ယောက်
သိက္ခာကျခြင်းမဟုတ်ဘဲ တစ်မျိုးသားလုံးဒုက္ခရောက်စရာရှိ သောကြောင့် စာရေးသ
ူစည်သူအောင်မြင့်အနေဖြင့် နောက်နောင် ဒီလိုအရေးသားမျိုးကို
ရှောင်ရှားစေလိုပါတယ်။
ဝေဟင်အောင်
၁၀၊ ၄၊ ၂၀၁၄။
No comments:
Post a Comment