ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

အမျိုးသားနေ့


တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သည် “အမျိုးသားနေ့”ဖြစ်သည်။

မြန်မာနိုင်ငံအမျိုးသားနေ့ ပေါ်ပေါက်လာပုံ

၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပညာရေးဌာနတစ်ခု ဖွင့်လှစ်ခဲ့ပြီး ကိုလိုနီပညာရေးကို သင်ကြားစေခဲ့သည်။ ကိုလိုနီအုပ်ချုပ်ရေးယန္တရား သက်ဆိုးရှည်စေရန် ရည်ရွယ်သည့် ပညာရေးစနစ်တစ်ခုဖြစ်သည်။ နယ်ချဲ့တို့၏ ကိုလိုနီကျွန်ပညာရေးစနစ် ဖြစ်သည့် ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို ကောလိပ်ကျောင်းသားများက ဆန့်ကျင်ခဲ့သည်။ ထိုကဲ့သို့ တစ်မျိုးသားလုံးက ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် ဂျီစီဘီအေ အသင်းကြီးက သတ်မှတ်ခဲ့သည်။



စကားချပ်-
အမျိုးသားနေ့ဆိုတာ လူမျိုးတစ်မျိုးရဲ့ကြင်အင်းလက္ခာတွင် အလွန်အရေးကြီးသည်။ အမျိုးသားနေ့ သတ်မှတ်ဖို့အတွက် ထိုလူမျိုး တစ်မျိုးလုံးအတွက် စည်းလုံးခြင်း၊ အောင်မြင်ခြင်း၊ အထွတ်အထိတ်သို့ ရောက်ရှိခဲ့သော ရက်ကိုမှ သတ်မှတ်ရသည်။

“ကရင်အမျိုးသားနေ့” ဖေဖော်ဝါရီလ ၁၁
“မွန်အမျိုးသားနေ့” တပို့တွဲလပြည့်ကျော် (၁) ရက်
“ပအို့ဝ်အမျိုးသားနေ့” တပေါင်းလပြည့်နေ့
“ချင်းအမျိုးသားနေ့” ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့
“ကချင်းအမျိုးသားနေ့” ဇန်နဝါရီလ ၁၀ ရက်နေ့
“ကယားအမျိုးသားနေ့” ဧပြီလ ၁၀ ရက်နေ့
“ရခိုင်အမျိုးသားနေ့” မသိပါ။

တခြား ဆက်စပ် အကြောင်းအရာ
----------------------------------
တိုင်းရင်းသားလူမျိုးတွေအလိုက် သက်ဆိုင်ရာ အမျိုးသားနေ့... ပြည်နယ်နေ့နဲ့ နှစ်သစ်ကူးနေ့တွေရှိကြပါတယ်... တစ်ချို့ကတော့ ရှေးယခင်အစဉ်အဆက်က သတ်မှတ်ခဲ့ကြတာဖြစ်ပေမဲ့ တစ်ချို့ကတော့ ဒီဘက်ခေတ်ကျမှ အစိုးရက သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်.... နေ့စွဲတစ်ချို့အတွက် အခုအချိန်ထိ အငြင်းပွားနေရဆဲဖြစ်ပေမဲ့ အများစုလက်ခံထားတဲ့နေ့ရက်လေးတွေကို လက်လှမ်းမီသလောက်စုစည်းဖော်ပြပေးသွားပါ့မယ်....

၁) ကချင်ပြည်နယ်နေ့ (ကချင်အမျိုးသားနေ့) >>> ဇန်နဝါရီလ ၁၀ ရက်နေ့
◄ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ဗြိတိသျ အစိုးရ အုပ်ချုပ်ခဲ့သည့် လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး နောက်ထပ် ၆ ရက်အကြာ ဇန်နဝါရီလ ၁ဝ ရက်နေ့ကို ကချင်ပြည်နယ်နေ့ သတ်မှတ်ခဲ့

၂) ကယားပြည်နယ်နေ့ >>> ဇန်နဝါရီလ ၁၅ ရက်နေ့
◄ ကယားအမျိုးသားနေ့ ဧပြီလ ၁၀ ရက်နေ့

၃) ရှမ်းပြည်နယ်နေ့ (ရှမ်းအမျိုးသားနေ့) >>> ဖေဖော်ဝါရီလ ၇ ရက်နေ့

၎) ချင်းပြည်နယ်နေ့ (ချင်းအမျိုးသားနေ့) >>> ဖေဖော်ဝါရီလ ၂၀ ရက်နေ့
◄ ချင်းပြည်နယ်တွင် ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကိုဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ဖြင့် အစားထိုးရန်ဆုံးဖြတ်ခဲ့သော ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ၁၉၅၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ချင်းရေးရာကောင်စီမှ ဆုံးဖြတ်ခဲ့
◄ ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌားန်းပြီးနောက် ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်အဖြစ်သတ်မှတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းပြည်နယ်နေ့အဖြစ် ကျင်းပခဲ့
◄ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့၏ ရန်ကုန်မြို့ငြိမ်းချမ်းရေးစင်တာ၌ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှစ၍ နှစ်ရက်ကြာကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်အခြေခံဥပဒေအရ ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်အဖြစ်သတ်မှတ်ခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကို ချင်းပြည်နယ်နေ့အဖြစ်လည်းကောင်း သတ်မှတ်ရန် သဘောတူညီမှုရခဲ့

၅) မွန်ပြည်နယ်နေ့ >>> မတ်လ ၁၉ ရက်နေ့
◄ မွန်အမျိုးသားနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့

၆) ကရင်ပြည်နယ်နေ့ >>> နိုဝင်ဘာလ ၇ ရက်နေ့
◄ ကရင်အမျိုးသားနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့

၇) ရခိုင်ပြည်နယ်နေ့ >>> ဒီဇင်ဘာလ ၁၅ ရက်နေ့
◄ ရခိုင်တစ်မျိုးသားလုံးအတွက် အသက်တမျှအရေးကြီးသော ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်လိုလာသဖြင့် ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေးကြိုးပမ်းမူ(ယာယီ) ကော်မတီကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖွဲ့စည်းခဲ့

အင်တာနက်ကရှာတွေ့သမျှလေးတွေကို လက်လှမ်းမီသလောက်စုစည်းပြီး ဗဟုသုတအလို့ငှာ ဖော်ပြပေးတာဖြစ်ပါတယ်... သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများကတော့ အတိအကျသိကြမှာပါ... လွဲမှားနေတာတွေလည်းရှိနိုင်တဲ့အတွက် ကွဲလွဲချက်များတွေ့ရှိရင် comment မှာ ရေးပေးခဲ့ကြပါ... ကျေးဇူးတင်ပါတယ်ခင်ဗျား...









ဝေဟင်အောင်
၂၇၊ ၁၁၊ ၂၀၁၃။

No comments:

Post a Comment