ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

စဉ်စားမိသမျှ လောကပါလ



“ဒီနေ့ ချမ်းသာတဲ့ လူတွေကို ကြည့်လိုက်ရင် အရက်ရောင်းသူ၊ မှောင်ခိုးသွားသူ၊ နွားသတ်၊ ၀က်သတ်၊ ကြက်သတ်သူ၊ KTV ၊ ပြည်တန်ဆာခေါင်း စဖြင့် မတရားသဖြင့် စီးပွါးရှာသူတွေက ပိုအဆင်ပြေကြတာကို တွေ့ရတယ်။ ငါတို့လို့ တရားသောအားဖြင့် လုပ်စားသူတွေက အဆင်မပြေကြဘူး။ ဒီလောကဟာ မရားသူကောင်းစား၊ တရားသူ ဘေးဖယ်ဖြစ်နေတယ်။မင်း.. တစ်ချက်လောက် ဖြေကြည့်ပါအုံ့။”

တိုတိုနဲ့ ဖြေကြည့်ရင် မကောင်းတဲ့ ခေတ်မှာ အပယ်ငရဲ တံခါးဖွင့်ထားတာမို့ မကောင်းမှုက မြူဆွယ်နေတယ်။ အဲဒါကိုက ဆုတ်ကပ်သာသနာ။ ဒါကြောင့် မကောင်းမှု များများလုပ်လေ များများအဆင်ပြေလေ ၊ များများ ငရဲကို ရောက်လေပဲ။ နိဗ္ဗာန်တံခါးက တဖြည်းဖြည်း ပိတ်လာခဲ့ပြီး၊ ဒါကြောင့် သူတော်ကောင်း သူမြတ်လောင်းတွေနဲ့ ရှားပါးပြီ လူဆိုး လူယုတ်မာတွေ ကြီးစိုးတဲ့ ခေတ်ဖြစ်နေပြီ။


နည်းနည်းလေး အကျယ်ရှင်းရင်တော့ ဗုဒ္ဓဘာသာဟာ သက္ကရာဇ်အားဖြင့် ၂၅၀၀ နှစ်ကို ကျော်လာပြီးတဲ့နောက်မှာ လူတွေဟာ သိသိသာသာ တရားပျက်လာကြတယ်။ လူ့သက်တမ်းအားဖြင့် ရာပြည့်လောက်မှသည် ၂၅ ကို ထပ်နုတ်ပြန်လျှင် လူ့သက်တမ်းသည် ၇၅ နှစ်သာ ကျန်တော့တယ်။ ဗြဟ္မစိုးတရားတွေ ပျက်ယွင်းလာကြတယ်။ ဆုတ်ကပ်မှာ (၁) မင်းတရားပျက်ခြင်း (၂)မှူးမတ် စသော မင်းခစားတို့ တရားပျက်ခြင်း (၃) လူတရားပျက်ခြင်း (၄) နတ်တို့ တရားပျက်ခြင်း (၅) ရသေ့၊ ရဟန်းတို့ တရားပျက်ခြင်းတို့ကို ဆိုလိုတယ်။ တရားပျက် မပျက်ဆိုတာကို မျက်မြင်ပေတံနဲ့ တိုင်းတာကြည့်ရင် သိနိုင်တယ်။ အကုန်လုံး သောက်သောက်လဲ ပျက်နေတာပဲမဟုတ်လား။ (၁)ကနေ (၅)ထိကို ကြည့်လိုက် လာဒ်မပါရင် ဘာတစ်ခုမှ အဆင်မပြေတဲ့ ခေတ်။ အပေါ်ဖား အောက်ဖိတဲ့ ခေတ်ပါ။ ခေတ်ကိုက နတ်တင်တဲ့ခေတ်ပါ။ နတ်မတင်တော့ နင်မတတ်၊ နင်မတတ်တော့ ရှုံးတာပေါ့။ (မယုံရင် အဝေးသင်ဖြေဖူးတဲ့ တက္ကသိုလ်ကျောင်းသားတိုင်းသိပါတယ်၊ ရုံးကန်ကနားသွားသူတိုင်းသိပါတယ်)

ဒီထက် အကျယ်နည်းနည်းလေးထပ်ရှင်းရင် အသင်္ချေယျကပ်ကနေ တစ်ဖြည်းဖြည်း ဆုတ်ကပ်သာသနာကို ရောက်လာခဲ့တယ်။ ယုဂ်အားဖြင့်ဆိုရင် (၁) ကတယုဂ် (၂)တြေတယုဂ် (၃) ဒွါပရယုဂ် (၄) ကလိယုဂ် ဆိုပြီးတော့ ကမ္ဘာ့လူဦးရေကို (၄)ပုံ ပုံထားတယ်။
နံပါတ် (၁)ဖြစ်တဲ့ ကတယုဂ်မှာ လူ (၄)ပုံလုံးဟာ တရားစောင့်တယ်။
(၂)တြေတယုဂ် ကတော့ (၄)ပုံမှာ (၃)ပုံ တရားစောင့်တယ်။ ကျန်တဲ့ တစ်ပုံကတော့ တရားပျက်လာတယ်။
(၃)ကလိယုဂ်ကတော့ လူ(၄)ပုံမှာ (၂)ပုံက တရားစောင့်တယ်။ ကျန်တဲ့ (၂)ပုံက တရားပျက်တယ်။
(၄)ကလိယုဂ်ကတော့ လူ(၄)ပုံမှာ (၃)ပုံက တရားပျက်ပြီးတော့ (၁)ပုံကပဲ တရားစောင့်တယ်။
ဒီယုဂ်တွေက ကမ္ဘာကြီးကို တစ်ယုဂ်ပြီးတော့ တစ်ယုဂ် လည်ပတ်နေတာ ဖြစ်တယ်။ ကမ္ဘာကြီးကိုက အဓမ္မ၀ါဒီတွေက ဓမ္မ၀ါဒီတွေကို လွမ်းမိုးလာတယ်။

ယုံကြည်စွာ သဒ္ဓါထက်လို့
ရှက်,ကြောက်မှု ရှိရပေ။
အကြားအမြင် ပြည်စုံရ
လုံ့လခိုင်စေ။
သတိက ကောင်းပါသလေ
ပညာတွေမြင့်မား။
ခုနှစ်တွေ ပြည့်စုံမှုရယ်ကြောင့်
သုခမိန်သဘောဆိုက်
ခေါ်ထိုက်တကား။
အသျှင်ကုသလ(ငွေသဇင်)၏ အလင်္ကလာကျမ်းမှ ကောက်နုတ်ထားသည်။

ဦးမင်းအောင် - မျက်စိကိုမှိတ် နားကိုပိတ် တိတ်တိတ်နေပါ လူလိမ္မာ ဆောင်းပါးကို မှီဂြမ်းထားသည်။
စောစောစီစီ စဉ်စားမိတာလေးကို ဗဟုတအလိုငှါတင်ပေးလိုက်ပါတယ်။

ဝေဟင်အောင်
၂၅၊ ၁၁၊ ၂၀၁၃။

No comments:

Post a Comment