အစိုးရအသိအမှတ်ပြု ကျောင်းဆရာအဖြစ် အသိအမှတ်ပြုခန့် အပ်ခြင်းခံရပြီး၊ ဆုချီးမြှင့်ခြင်းကိုလည်း ခံယူ ခဲ့ရပါသည်။ ဆရာထွန်းသည် နတ်ဆိပ်ရွာတွင် နေထိုင်စဉ်အတွင်း စာပေရေးဖွဲ့ မှုအများ ဆုံးရှိခဲ့ပါသည်။ သာခြင်းဝတ္တုများကို အများဆုံးရေးဖွဲ့ ခဲ့ပါသည်။ ဆရာထွန်းသည် သာခြင်းဝတ္တုတစ်ပုဒ်ကို အများဆုံး (၁၅)ရက်ခန့် သာ အချိန်ယူရေးဖွဲ့ သည်ဟု ဆိုပါသည်။ သူမတိုင်မီ သာခြင်းဆရာ အကျော်အမော်များဖြစ်ကြသော ဆရာအောင်ထွန်းလှ၊ ဆရာ မောင်သာအောင် (မြေငူကျွန်း)၊ ဆရာမောင်ယောက်ကေတို့ ၏ စာမူဟောင်းများကိုလည်း မွမ်းမံရေးဖွဲ့ ခဲ့ပါသည်။ ရခိုင်ဘာသာဖြင့်သာခြင်းရေးဖွဲ့ ရာ၌ တန်းခိုးဆရာထွန်းအား တုပနိုင်သူမရှိဟု တွေ့ ရှိရပါသာည်။ ဆရာထွန်းသည် မကွယ်လွန်မီနောက်ဆုံး အချိန်ထိသာခြင်းကဗျာများရေးဖွဲ့ ခဲ့ပါသည်။
ဆရာထွန်းသည် စာပေပညာအပြင် လက်မှုပညာ၊ နှီးဝါးအတတ်၊ စာဟောစာပြော ဆရာအတတ်၊ ပန်းချီပညာ၊ အားကစားနှင့်၊ သိုင်းပညာတို့ ကိုလည်း ကျွမ်းကျင်တတ်မြောက်ခဲ့ပါသည်။ ဆရာထွန်းသည် သာခြင်းဆရာမောင်သာအောင်ကိုလည်း မိဘသဖွယ် ကျွေးမွေးပြုစုစောင့်ရှောက်ပြီး၊ ဆရာမောင်သာအောင်ကွယ်လွန်သည့်အခါ တန်းခိုးရွာ၌ပင် မြှပ်နှံသဂြိုလ်ခဲ့ပါသည်။
တန်းခိုးဆရာထွန်းသည် ရခိုင်ဘာသာဖြင့် လင်္ကာများ၊ ရတုများ၊ သာခြင်းကြီးများ၊ သာခြင်းလတ်များ၊ သာခြင်းဖွဲ့ ငယ်များ၊ ဟောစာများ၊ အများအပြားရေးဖွဲ့ ခဲ့သည့် ရခိုင်စာဆိုတစ်ဦးဖြစ်ပါသည်။ ဆရာထွန်းရေးဖွဲ့ သော ကုသနှင့် ပဘာဝတီရတုတွင် ဖေါ်ပြချက်အရ၊ ဆရာထွန်းသည် လင်္ကာရှည်ကြီး (၁၇)ပုဒ်၊ ရတု (၃)ပုဒ်၊ သာခြင်းရှည်ကြီး (၄)ပုဒ်၊ သာခြင်းလတ် (၁၃)ပုဒ်၊ သာခြင်းဖွဲ့ ငယ် (၁၇)ပုဒ်၊ ဟောစာကြီး (၁၀)ပုဒ် ရေးဖွဲ့ ခဲ့သည်ဟု သိရပါသည်။ (နတ်မြစ်စန်းအောင် - ၂၀၀၁။ တ-န)
တန်းခိုးဆရာထွန်း ကွယ်လွန်ခဲ့သည်မှာ နှစ်ကာလကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တန်းခိုးဆရာထွန်းသည် ရခိုင်စာပေရေစီးကြောင်းတွင် လင်းလက်မြဲကြယ်စင်တစ်ပွင့် ဖြစ်ပါသည်။
ဝေဟင်အောင်
၂၂၊ ၁၁၊ ၂၀၁၃။
No comments:
Post a Comment