ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

ကြည့်မှန်

“ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ
ပြည်သူတွေကို သတ်ဖို့မဟုတ်”
ပစ်တဲ့ သေနတ်
ပေါက်တဲ့ ကျဉ်ဆံ
လှည့်တဲ့ ပြောင်းဝ
ပြည်သူ့ဖက်ကိုသာ။

နယ်ခြား စော်ကား
ကျူးကျော် ဘင်္ဂလီ
ပစ်တဲ့ သေနတ်
ထွက်တဲ့ ကျဉ်ဆံ
သင်္ကြန်အမြောက်
အသံသာရှိ အဆံမရှိ။

ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ
ပြည်သူတွေကို သတ်ဖို့မဟုတ်
ပစ်တဲ့ သေနတ်
ဖောက်တဲ့ ကျဉ်ဆံ
မိမိရင်ဝ
တိုင်းရင်းသားကို။

ဝေဟင်အောင်
၂၁၊ ၅၊ ၂၀၁၄။

No comments:

Post a Comment