ဒါကြောင့် အရပ်ဖက်အဖွဲ့အစည်းအတွက် အလုပ်လုပ်သူတွေဟာ ပရဟိတ္တစိတ်ရှိဖို့လိုပါတယ်။ INGO/NGOs လို အရပ်ဖက် အဖွဲ့အစည်းမပါဘဲ တိုင်းပြည်တိုးတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်ဘူး။ ပြည်သူတို့ လိုချင်တာက ပွင့်လင်းမြင်သာမှုပါ။ ဒါကြောင့် ပွင့်လင်းမြင်သာဖြစ်အောင် လုပ်နိုင်တာက အစိုးရပဲ ရှိပါတယ်။ ဒါပေမယ့် ပရဟိတ္တကို အရောင်ပြပြီး နောက်ကွယ်က သတင်းသမားတွေ ခိုလုံလို့ အကောင်းဆုံးနေရာဟာ အဲဒီ လူမှုအဖွဲ့အစည်းဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာအဖွဲ့အစည်းဆိုရင် ပိုသတိထားရပါလိမ်မယ်။ ကျနော်တို့ ကိုယ်တွေ့တွေ များခဲ့ပါပြီ။ Hidden Genocide ကို လွင့်ခဲ့တဲ့ အယ်ဂျာဇီယားသတင်းဌာန၊ ဒုချီးရားတန်းကျေးရွာ ကိစ္စမှာ သတင်းအမှားကို ပေးပို့ခဲ့တဲ့ AZG/MSF တို့က သင်ခန်းစာကို ယူသင့်ပါပြီ။
ဝေဟင်အောင်
၁၊ ၄၊ ၂၀၁၄။
No comments:
Post a Comment