လေပြေနှိုးမှ နိုးရသူ
နှင်းဖြန်းမှ လန်းရသူမို့
လေပြေနဲ့ နှင်းရေစက်ကို
မျှော်လင့်မိတာ..ဒီရင်မှာ။
ခါတော်မှီ ဒီပန်း
လန်းချင်လို့ မျှော်တော်မူ
ငွေနှင်းမြူ နွေမှာပျောက်တော့
စိုးကြောက်တဲ့ လေရိုင်းကို
မရှောင်နိုင် ရင်ကိုခတ်တော့
ငိုရတယ်လေ။
ဒီနွေပူ အပူဆုံးရင်ဖြင့်
သည်မိုးကို အားတင်ကာ မျှော်ပြန်တော့
သည်ဆောင်းက ပြန်လာမှာ
သံသရာစက်ဝိုင်း အချိန်မှန်မှန်လည်ပတ်နေတော့
ခဲလေသမျှ သဲရေမကျရအောင်
တရားသာ မှတ်တော့မယ်..။
သျှင်သွီး(နတ်တောင်)
၂၊ ၄၊ ၂၀၁၄။
ဓာတ်ပုံကို အင်တာနက်မှ ယူသုံးစွဲထားသည်။
No comments:
Post a Comment