အော်.. မိုးတိမ်..
လေတိုက်တိုင်းရာ ယိမ်းနွဲ့ရအောင် သင်၏ ပန်းတိုင်းဘယ်မှာလဲ။
အော်..လှိုင်းလုံး..
လေတိုက်တိုင်းသာ မြူထူးရအောင် သင်၏ ပန်းတိုင်းဘယ်မှာလဲ။
အော်..ငှက်ငယ်..
လေဟုန်ကိုခွင်း မာန်ဟုန်ပြင်းနဲ့ အားကောင်းမောင်းသန် ပျံသန်းလည်း သင်၏ ပန်းတိုင်းဘယ်မှာလဲ။
အော်..ရခိုင်တို့..
မိုးတိမ်ပိုင်လွင့်၊ လှိုင်းလုံးပိုင် မြူ
ငှက်ငယ် အားမာန် .. ပမာတုလို့
အမျိုးသီလ နှစ်ဌာနကို ပြည့်ဝမဏ္ဍိုင် စောင့်စွမ်းနိုင်လည်း
ငါတို့ အနာဂတ် ပန်းတိုင်ဆိုတာ ဘယ်မှာလဲ။
သျှင်သွီး(နတ်တောင်)
၂၊ ၄၊ ၂၀၁၄
No comments:
Post a Comment