“မင်းဘွဲ့ရလား”
ကျနော် မဖြေချင်ဆုံး မေးခွန်း...
အင်္ဂလိပ်ခေတ်က ကိုနု(ဦးနု)ဟာ
သူရတဲ့ ဘွဲ့ကို အစိုးရဆီပြန်အပ်
သောက်သုံးမကျတဲ့ ဘွဲ့လို့ ဆန္ဒပြခဲ့တယ်.။
ဒါဆိုရင်
အခု ကျနော်တို့ ရထားတဲ့ ဘွဲ့ကို
အစိုးရဆီကို ပြန်အပ်ရင် .....
..............................
..............................
အင်္ဂလိပ်ခေတ် ပညာရေးစနစ်
ဟို .. ဝေဖန်လိုက်ကြတာ
“ကျွန်ပညာရေးစနစ်”တဲ့
ဒါပေမယ့် “ကျွန်”မဖြစ်တဲ့အပြင် “သခင်”တွေ ပေါခဲ့တယ်..။
အွင်...
အခုတော့ ဘွဲ့တစ်လုံးကိုပိုက်
ဈေးကွက် စီးပွါးရေး စနစ်မှာ
“ကျွန်”ခံချင်လို့
ကိုယ်ပြည်မှာ လိုက်ရှာ
ကျွန်ဈေးကွက်တောင် ပျက်နေတယ်..။
ဒီပညာရေးစနစ်ကို ခေါင်းစဉ်တပ်စရာ
ရှာမရဘူးဖြစ်နေတယ်..လူကြီးမင်းတ
အော်..ရှင်းပါတယ်
ကိုယ်ပြည်မှာ ကျွန်ဈေးကွက် ရှားတော့
ပြည်ပကို ထွက် .. ကျွန်ဈေးကွက်ရှာ ကျွန်ခံသွားတာတောင်
အခွန်ဆောင်ခိုင်း ခေါင်းပုံဖြတ်တာတောင် ခံရသေးတယ်။
ဝေဟင်အောင်
၁၈၊ ၃၊ ၂၀၁၄။
No comments:
Post a Comment