ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

ကမ္ဘာကြီးက ပူပူ - ရခိုင်ပြည်က ဆူဆူ

ကမ္ဘာကြီး ပူနွေးမှု ဒဏ်ကြောင့် အယင်းဆုံး ပျောက်သွားမည့် နိုင်ငံစာရင်းမှာ
(၁) မော်လ်ဒိုက်ကျွန်းစုများ
(၂) ဘင်္ဂလားဒေ့ရှ်နိုင်ငံ
(၃) ဖိလစ်ပိုင်
(၄) အီဂျစ်
(၅) တူမာလု
(၆) ပါပူးဝါနယူဂီနီ
(၇) ဘာဘေဒိုးစ်
(၈) ကီရီဘာတီ တို့ ဖြစ်ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ၁၂၅ မိုင်ထိ ထိစပ်လျှက်ရှိသည့် အိမ်နီနားချင်းနိုင်ငံဖြစ်သည်။ ကမ္ဘာ့လူဦးရေ အဆင့်သတ်မှတ်ချက်တွင် အဆင့်(၇)တွင် ရပ်တည်နေ၏။ မြေဧရိယာအားဖြင့် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်သာသာလောက်သာ ရှိသည်။ နိုင်ငံလူဦးရေမှာ သန်း ၁၅၀ လောက်ရှိသည့်အတွက် မြန်မာနိုင်ငံလူဦးရေထက် နှစ်ဆလောက်ရှိသည်။ ဘူမိဗေဒပညာရှင်များမှ ၂၀၅၀ ခုနှစ် မတိုင်းမှီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သန်း ၂၀ မှာ နေရာ ပြောင်းရွေ့ပေးရလိမ်မည်ဟု ခန့်မှန်းထားသည်။

ဒါကြောင့် လူကြီးမင်းများ ခင်ဗျာ-အခု ဖြစ်ပျက်နေတာကို ရခိုင်အရေးလို့ မမြင်စေချင်ပါ။ ရခိုင်အရေးလို့ မြင်လိုက်တာနဲ့ ပထမဦးဆုံး ပျောက်ကွယ်သွားမှာက ရန်ကုန်မြို့ဖြစ်ပါတယ်။ အနောက်တံခါးကို လုံခြုံအောင် ပိတ်ကြပါစို့။ လုံခြုံအောင် လုံးဝ လုပ်ရပါတော့မယ်။ ၁၉၈၂ ခုနှစ် ဥပဒေကို မြန်မြန်အကောင်အထည်ဖော်ပါ။ လူဦးရေ ဆူနာမီကို မခံစားရမီ ကြိုတင် ကာကွယ်တာ အကောင်းဆုံးသော လုပ်ဆောင်ချက်ဖြစ်ပါတယ်။

လက်ရှိရေးနေသော ဆောင်းပါးမှ ကောက်နုတ်ချက်

ဝေဟင်အောင်
၂၄၊ ၁၊ ၂၀၁၄။

No comments:

Post a Comment