ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

သတင်းထုတ်ပြန်ချက်(၄/၂၀၁၄)


ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂၀၁၄ ခုနှစ် မတ် လ (၂၆-၂၇) ရက်များတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအပေါ် စုံစမ်း စစ်ဆေးရေး

အဖွဲ့၏ အစီရင်ခံစာအရ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်၍ သတင်းထုတ်ပြန်

***************

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၄/၂၀၁၄)
၂၀၁၄ ခုနှစ်၊ ဧပြီလ ၉ ရက်
၁၃၇၅ ခု၊ တန်ခူးလဆန်း ၁၀ ရက်
ရခိုင်ပြည်နယ် စစ်တွေမြို့ ၌ ၂၀၁၄ ခုနှစ် မတ်လ

(၂၆-၂၇)ရက်များတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ်
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရ ဆက်လက်ဆောင်ရွက်မည့်
အစီအစဉ်များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

၁။ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂၀၁၄ ခုနှစ်၊ မတ်လ (၂၆-၂၇) ရက်များတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော
အဖွဲ့အစည်းများ၏ရုံးများ၊ သိုလှောင်ရုံများနှင့်နေအိမ်များကို လူအုပ်စုဖြင့် အဓမ္မဝင် ရောက်ဖျက် ဆီးခဲ့သည့် ဖြစ်စဉ်များ
ဖြစ်ပွားခဲ့သည်။ ယင်းသို့ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ် ရပ်အမှန် ပေါ်ပေါက် စေရန်၊ ဥပဒေနှင့်အညီ ထိရောက်စွာ
တုံ့ပြန်အရေးယူဆောင်ရွက်နိုင်ရန်၊ အလားတူဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွား စေရန်နှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်
ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက် နိုင်ရန် တို့ကို ရည်ရွယ်၍နိုင်ငံတော်သမ္မတရုံး၏ ၂၈-၃-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာ
စာအမှတ် (၂၄/၂၀၁၄)ဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်မောင်မောင်အုန်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင် သည့်
စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေး၍ ဖြစ်စဉ်ဖြစ်ရပ်နေရာများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။


၂။ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အစီရင်ခံ တင်ပြမှု အရ အောက်ပါအကြောင်းရင်းများကြောင့် အဆိုပါ ဖြစ်စဉ်ဖြစ် ရပ်ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်-

(က) နိုင်ငံတော်အစိုးရက သန်းခေါင်စာရင်းကောက်ယူရာတွင်ဒေသခံ တိုင်းရင်းသားအချို့ လက်မခံနိုင်သော ကိစ္စ အတွက် ဆန္ဒပြသည့်အနေဖြင့် Malteser International အဖွဲ့မှငှားရမ်း၍ ရုံးဖွင့်ထားသော ရခိုင် အမျိုးသား ပိုင် အဆောက်အအုံတွင် အိမ်ရှင်ဖြစ်သူက ၎င်း၏သဘောဖြင့် သာသနာ့ အလံကိုလွှင့်ထူထားရာ ယင်းသို့ ဆောင်ရွက်မှုသည် နိုင်ငံတော်အစိုးရအပေါ်
ဆန့်ကျင်ဆောင်ရွက် သည့်သဘော သက်ရောက်သဖြင့် ထိုသို့ ဆောင်ရွက်၍ မရသော ၎င်းတို့ အဖွဲ့အစည်း၏ မူအရ အဆိုပါ အဖွဲ့မှ နိုင်ငံခြားသူ Ms. Yvonne Dunton သည် သဘောရိုးဖြင့် အလံကို ဖြုတ်သိမ်း ခဲ့သည်။ နိုင်ငံရေးလှုပ်ရှားမှုရှုပ်ထွေးချိန်တွင်
ယင်းနိုင်ငံခြားသူ၏ သဘောရိုးဖြင့် ဆောင်ရွက်မှုသည် ဥပဒေချိုးဖောက်မှု မပေါ်ပေါက်သော်လည်း မမှန်မကန်စည်းရုံး လှုံ့ဆော်သူ
အချို့၏ ပယောဂကြောင့် ဒေသခံတိုင်းရင်းသားအချို့မှ နိုင်ငံတကာအဖွဲ့အစည်းများအပေါ် အထင် အမြင် လွဲမှားမှု ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း သိရ သည်။

(ခ) အဆိုပါ နိုင်ငံခြားသူသည် မြန်မာနိုင်ငံသို့ ၁၉၉၃ ခုနှစ် ကတည်းက ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံရှိ ပြည်သူများ၏ အကျိုးကို
အကူအညီပေး လိုသောကြောင့် ဆန္ဒပြု၍ တာဝန် ထမ်းဆောင် နေသူဖြစ်ကြောင်း သိရသည်။ ၎င်းကိုယ် တိုင် လွန်ခဲ့ သည့် နှစ်၂၀ ခန့်မှစ၍ ဗုဒ္ဓဘာသာတရားတော်ကို ယုံကြည်စွာ လေ့လာ ဆည်းပူးနေသူဖြစ်ပြီး ဗုဒ္ဓ ဘာသာဝင်တို့ အထွတ်အမြတ်ထားသည့်
သာသနာ့အလံကို မဖွယ်မရာပြုလုပ်လိုသော စိတ်ဆန္ဒအလျှင်း မရှိ ကြောင်း ပေါ်ပေါက်သည်။

(ဂ) ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း အချို့မှ ဝန်ထမ်းအချို့၏ တာဝန်ထမ်းဆောင်မှုအပေါ် ဒေသခံတိုင်းရင်းသားအချို့က သံသယဝင်ကာ ယုံကြည်မှု လျော့ပါး လျက်ရှိသည်။ ထိုအချိန်တွင် သာသနာ့အလံကို သဘောရိုးဖြင့် ဖြုတ်ယူ သိမ်းဆည်း ခဲ့ခြင်းအပေါ် ကော လာဟလ သတင်းများဖြန့်၍ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်း များအား ဒေသခံတိုင်းရင်းသားများက
အထင်အမြင်လွဲမှားမှု ပိုမိုမြင့်တက်လာအောင် စည်းရုံးလှုံ့ဆော်၍ စစ်တွေမြို့ ပေါ်တွင်ရှိသော ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများပိုင်ရုံးနှင့် ရုံးသုံး ပစ္စည်းများ၊ နေအိမ်များ၊ ထောက်ပံ့ရေးသိုလှောင်ရုံများနှင့်
ပစ္စည်းများ၊ ယာဉ်များကို အချိန်တိုအတွင်း လူအုပ်စု ဖွဲ့၍ အဓမ္မဖျက်ဆီး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

(ဃ) ဒေသခံတိုင်းရင်းသားအချို့၏ ဖျက်ဆီးမှုကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့ အစည်း ၁၈ ဖွဲ့တို့၏ရုံး ၁၄ ရုံး၊ နေအိမ် ၁၆ လုံး၊ သိုလှောင်ရုံ ၁၅ လုံး၊ မော်တော်ယာဉ်၁၄ စီး၊ ရေယာဉ် နှစ်စင်း၊ မော်တော် ဆိုင်ကယ်၂၉ စီးနှင့်
ရုံးသုံး ပစ္စည်းများ ခန့်မှန်းတန်းဖိုး ငွေကျပ်သန်း ၄၃၀ခန့်နှင့် အမေရိကန် ဒေါ်လာ ၄၃၀၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

(င) ဒေသအာဏာပိုင်အဖွဲ့အနေဖြင့် အချိန်တိုအတွင်း ထိရောက်သော ကာကွယ်မှုများ မပေးနိုင်ခြင်းကြောင့် ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော် လည်း နိုင်ငံခြားသားဝန်ထမ်းများအား လုံခြုံမှုရှိအောင် ကာကွယ် ဆောင်ရွက် ပေးနိုင် သဖြင့် ထိခိုက်ဒဏ်ရာ ရရှိမှုမဖြစ်ပေါ် ခဲ့ကြောင်း တွေ့ရှိရသည်။

၃။ နိုင်ငံတော်အစိုးရအနေဖြင့် အောက်ပါအတိုင်း ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံတကာနှင့် အများပြည်သူတို့သိရှိနိုင်ရန် သတင်းထုတ်ပြန်အပ်ပါသည် -

(က) စစ်တွေမြို့တွင် ကျန်ရှိနေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများ၏ လူပုဂ္ဂိုလ်
လုံခြုံရေး၊ရုံးနှင့် နေအိမ်များလုံခြုံရေး၊ တာဝန်ထမ်းဆောင်သည့် လုပ်ငန်းခွင် လုံခြုံရေးများအတွက် ထိရောက်စွာ အကာ အကွယ်ပေး ဆောင်ရွက် သွားမည်ဖြစ်သည်။ ထို့ပြင် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာ သွားသော နိုင်ငံခြားသားဝန်ထမ်းများအနေဖြင့် လုပ် ငန်းခွင်သို့ လုံခြုံစွာဖြင့် ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေး ကိုလည်း ကူညီ
ပေးသွားမည်ဖြစ်သည်။

(ခ) ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားသော အကူ အညီပေးရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် ကုလ
သမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် ရည်မှန်းချက် တာဝန် များကို မူလအခြေအနေအတိုင်း လုံခြုံစိတ်ချစွာ ထမ်းဆောင်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ နှင့် ရခိုင် ပြည်နယ် အစိုးရတို့ ညှိနှိုင်း၍ လုံခြုံရေးပြည့်ဝစွာ
ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ပြီး ထိရောက်သော ပူးပေါင်း ဆောင်ရွက် မှုများကိုလည်း တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်သည်။

(ဂ) ပြည်နယ်အစိုးရသည် ဖြစ်စဉ်ဖြစ်ပွားလျှင်ဖြစ်ပွားချင်း လျင်မြန် ထိရောက်စွာ တုံ့ပြန်အကာအကွယ်ပေးနိုင်မှု အားနည်း
ကြောင်းတွေ့ရှိ ရသဖြင့် နောင်တွင် အလားတူ မဖြစ်ပွားစေရေး အာဏာ ပိုင်အဖွဲ့များနှင့် လုံခြုံရေး တပ်ဖွဲ့ များ၏ စွမ်းဆောင်ရည်မြှင့် တင်ရေးကို အလေးထား ဆောင်ရွက် သွားမည် ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စု အစိုးရအဖွဲ့သည် အရေးပေါ်အခြေအနေများဆိုင်ရာ အထောက် အကူပြုအဖွဲ့ ကို ဆောလျင်စွာ ဖွဲ့စည်း တာဝန်ပေး၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်

(ဃ) ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း များပိုင် ရုံးအဆောက်အအုံများ၊ နေအိမ်များ၊ သိုလှောင်ရုံများ၊
ယာဉ်နှင့်ပစ္စည်းများကို လူစုလူဝေးဖြင့် အဓမ္မဖျက်ဆီးခဲ့ရာတွင် ပါဝင်ကျူးလွန်သူများကို လည်းကောင်း၊ ထိုသို့ဖြစ်ပွားရန် မမှန်မကန်သတင်းဖြန့်၍ စည်းရုံး လှုံ့ဆော် သူများကို လည်းကောင်းဖော်ထုတ်ပြီး ဥပဒေနှင့် အညီ ထိရောက်စွာ အရေး ယူဆောင် ရွက်သွားမည်ဖြစ်သည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

No comments:

Post a Comment