ခင်ဗျားတို့ သိတဲ့ ရခိုင်ဆိုတာ ရွှေဂစ်ထွက်တယ်။ တိုက်တေနီယမ်သဲထွက်တယ်။ နေပူတာင်က ကျောက်ထွက်တယ်။
လေးမြို့မြစ်စီမံကိန်းတွေရှိတယ်
ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ဝါးတောကို ပိုင်ဆိုင်ထားတယ်။ စက္ကူစက်ရုံတွေကို ပဲခူးတိုင်းမှာ တည်ဆောက်ထားတယ်။ ဘင်္ဂလားပင်လယ်အော်ကို ပိုင်ဆိုင်ပေမယ့် ရေထွက်ပစ္စည်းအကုန်လုံး တရုတ်ကိုသွားတယ်။ တရုတ်နဲ့ ရခိုင် ၊ ရခိုင်နဲ့ တရုတ်။
ဒိုးယိုပေါက်။ တစ်ပြည်နယ်လုံးကို ပေါင်းလို့ ကျောက်တော်မြို့မှာ သကြားစက်ရုံးတစ်ရုံးတည်းသာရှိတယ
နေပြည်တော်မှာ အိမ်တွေကမက သစ်ပင်တွေပါ မီးတွေပြောင်လို့။ ရခိုင်တွေ ကျော့ကုန်ခံပြီး ထွန်းထားခဲ့တယ်။ ဒါပေမယ့် ရခိုင်ပြည်သူ ဖယောင်းတိုင်ကို နှပ်မမှန်ခဲ့ဘူး။ လာတဲ့ မီးက တစ်ယူနစ်ကို ၄၆၀ ကျပ်ပေးဆောင်ရတယ်။ ဒီထက်မက ရခိုင်ပြည်နယ် တိုးတက်ရေးအတွက် NGO, INGOs တွေ ၆၈ ခုရှိနေတယ်။ ဒါထက် ထူးခြားတာက ၁၅ ခုသာ အစိုးရနဲ့ နားလည်မှု စာချွန်လွှာ MoU ထိုးထားခဲ့တယ်။ သူတို့တွေကို ရခိုင်ပြည်သူက ကြည်ဖြူစွာပင် လက်ခံထားခဲ့တယ်။ ဒါပေမယ့် ဒေသခံကို ဘာမထီး ကားတစ်ဝီ၀ီနဲ့ ကောင်းပေ့အိမ်ကို တစ်လ သိန်း ၄၀ ကျပ်ပေးပြီး ဒေသခံတွေကို ကဲ့ရဲ့ခဲ့တယ်။ NGO, INGOs လာတော့ အလုပ်ပါမယ် မျှော်လိုက်ကြတာ။ ရခိုင်တွေအတွက် မဟုတ်ခဲ့ဘူး။ နင်းပြားတွေမှာ တစ်လကို ပိုက်ဆံ တစ်သိန်းတန်အိမ်ခန်းဆိုတာ
စိတ်တောင်မကူးဝံ့ခဲ့ဘူး။ ရခိုင်တွေမှာ မဟာဒုတ်နဲ့ သူတစ်ချီ ကိုယ်တစ်လှည့် လုံးပန်နေခဲ့ရတယ်။ လှူသမျှအလှူ လာသမျှအလှူဟာ အနောက်ဘက်က ခိုးဝင်သူတွေဆီကို ရွှေလမ်းငွေလမ်းဖောက်ခဲ့ကြတယ်။
ဒေသခံတွေ မျှော်လင့်ခဲ့တာ
ပွင့်လင်းမှုပါ။ ပွင့်လင်းမှုကို တောင်းဆိုတာ အကြိမ်ကြိမ်ပဲ။ ဒေသခံတွေ အလှူငွေကို ငတ်ကြီးကျခဲ့တာ မဟုတ်ရပါဘူး။ လာသမျှ ကြည်ဖြူခဲ့တယ်။ သူတို့မပေးလည်းကိုယ်ခြေထောက်ပေါ်
ခင်ဗျားတို့ဆီက နိုင်ငံတကာအတွေ့အကြုံတွေကို မျှော်လင့်ပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာမှု နည်းနည်းလေးတော့
ဒေသခံတွေကို လေးစားမှုကလေးတော့ ပြခဲ့ပါ။ ရခိုင်ပြည်နယ်ရဲ့ အစိုးရအဖွဲ့မှာ ရခိုင်ဆိုတာ အရုပ်ကို ရေးပြရအောင် အာဏာပါဝါဆိုတာ ဒင်တို့လက်ထဲမှာသာ အသေဆုပ်ကိုင်ထားခဲ့တယ်။ ပြုတ်သမျှကို နူး၊ ပြုသမျှကို ခံ။ မှောက်ချင်ရင် မှောက်၊
လှန်ချင်ရင် လှန်။ ခံနေရတာ ဒေသခံတွေပါ။ ကိုယ်အိမ်မှာနေလို့ အစော်ကားခံရတာ ခင်ဗျားတို့ ကိုယ်ချင်စာကြည်ပါ။ ပညာတတ်တွေလို့ ပြောတဲ့ ရိုးမဟိုဖက်က ပညာရှိတွေက ရခိုင်ဆိုတာ သနားစရာသတ္တ၀ါမဟုတ်။ ရက်စက်တယ် ကြမ်းကြုတ်တယ်။
အလှူရှင်ကို မောင်းထုတ်တယ်တဲ့။ ရင်နာရလွန်လို့ မေးလိုက်ချင်ပါတယ်။ ဒင်တို့ ပညာမျက်စိနဲ့ ငါတို့ နေရာ ခဏကလေး ၀င်လာပြီး ကြည့်လှည့်ပါ။ အနောက်ဘက်မှာ မိုးညိုနေတယ်။ လူတိုင်းဟာ နေပူမှာ ကြိမ်ဒဏ်ရိုက်တာကို မခံချင်ဘူး။
အနောက်ရန်ကြောင့် အိပ်ကောင်းကောင်းမအိပ်ခဲ့ရ၊ စားကောင်းကောင်းမစားခဲ့ရတာ ကြာပြီ။ ပညာတတ်တွေ၊ ပညာရှိတွေ ဒါတွေကို မျက်လုံးဖွင့် ကြည့်လိုက်စမ်းပါ။ ငါတို့ဟာာ ဒေသခံတွေပါ။ ငါတို့တတွေဟာ ပြည်ထောင်စုသားတွေပါ။
ငါတို့တစ်တွေဟာလည်း လူတွေပါ။ လူ့အခွင့်အရေးကို နားလည်ပါတယ်။ လူ့အခွင့်အရေးထက် တိုင်းရင်းသားအခွင့်ရေးကို ပိုတန်းဖိုးထားပါတယ်။ ငါတို့တတွေ အင်္ဂလိပ်ကိုတော်လှန်၊ ဂျပန်ကို ချခဲ့ကြတုန်းက တစ်သံတည်း တစ်မိန့်တည်း။ ၁၉၄၇ ပင်လုံမှာ
သွေးစည်းပြခဲ့ကြတယ်။ ၁၉၄၈ လွတ်လပ်ရေးကို အပြုံးတွေနဲ့ ယူခဲ့ကြတယ်။ ခိုးဝင်တွေ စည်းလုံးခဲ့တဲ့ ပင်လုံလား၊ ခိုးဝင်တွေ ယူခဲ့တဲ့ လွတ်လပ်ရေးလား။ ဒါဆိုရင်
ပြည်ထောင်စုကို ပြာချပစ်ခဲ့။ လက်ခံတယ်။ ဒေသခံထက် ခိုးဝင်ထိရင် နာတတ်တဲ့ ဒင်တို့ရဲ့ အကျင့်တွေကို ခဏလေးပြင်ပေးပါ။
ဒင်တို့ ဗဟိုချက်မမှာ စိတ်အေးလက်အေးနေရဖို့ ငါတို့ သွေးတွေ ၊ ချွေးတွေ၊ ဘ၀တွေနဲ့ ရိုးမကို ထမ်းပြီး ခြံစည်းရိုးကာထားတာကို မျက်ကွယ်ပြုလိုက်ရင်လည်း လက်တော့ခဲ့ပါ။ ဒီမြေ၊ ဒီရေ၊ ဒီလေဟာ ဟာ ငါတို့မြေ၊ ငါတို့သမိုင်း၊ ငါတို့ ဘ၀လို့ ဖက်တွယ်ပြီးနေခဲ့တာ အခုဆိုရင် မြေစောင့်သရဲတွေ ဖြစ်နေခဲ့ရပြီ။
ဝေဟင်အောင်
၈၊ ၄၊ ၂၀၁၄။
No comments:
Post a Comment