ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

ကျောက်ဖြူမြို့ မဒေးကျွန်းဒေသခံပြည်သူများ စားဝတ်နေရေးပြသနာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရ


ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသခံ ပြည်သူများ ကျန်းမာရေး၊ ပညာရေးနှင့် စားသောက်နေထိုင်ရေး အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း သတင်းရရှိပါတယ်။
မဒေးကျွန်း သဘာဝဓာတ်ငွေ့ တူးဖော်ရေးမှာ လုပ်ကိုင်နေကြသော ဒေသခံ ရခိုင်လူမျိုး အလုပ်သမားများသည် အလုပ်သမားများ ရသင့်ရထိုက်သော အကျိုးခံစားခွင့်များကို မရကြကြောင်း သိရပါတယ်။
မဒေးကျွန်းဒေသခံများ ရင်ဆိုင်နေရသော အခြေအနေများကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့သော စာရေးဆရာ ဝေဟင်အောင်ကို ဒီဗွီဘီရခိုင်အစီအစဉ်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို ပြောပြပါတယ်။
(လုံးဝစိတ်မကောင်းစရာကောင်းတဲ့ ရင်ဆိုင်နေရသော အခက်အခဲများကိုမြင့်တွေ့ခဲ့ရပါတယ်။ အလုပ်သမားတစ်ယောက်က တစ်နေ့ကို လစာ ၄၅၀၀ကျပ်ဘဲ ရပြီး သူတို့နေထိုင်ရတဲ့တန်းလျားအိမ်ယာကတော့ နွားရုံသာသာလောက်သာရှိပါတယ်။ တရုတ်တွေကတော့ Air con အခန်းမှာ Facility အပြည့်အ၀နဲ့နေကြတာတွေဟာ တရားမျှတမူမရှိဘူးထင်မြင်မိပါတယ်။ မဒေးကျွန်မှာ နေထိုင်နေကြတဲ့ ဒေသခံရခိုင်တွေရဲ့ လူနေမူဟာလည်း ပြည်စုံမူမရှိပါ။ ကျန်းမာရေး၊ ပညာရေးအစစအရာ လျော့ကျနေပါတယ်။ရခိုင်ရွာတွေအများစုဟာ အရမ်းကို စုတ်ပြတ်သတ်ပြီး လူနေမူအဆင့်အတန်း အရမ်းကိုနိမ့်ကျနေပါတယ်။)
ကျန်းမားရေးစောင့်ရှောက်မူများလည်း အပြည့်အ၀မရရှိသည့်အပြင် ဒေသခံအလုပ်သမား သားသမီးများ၏ ပညာမသင်နိုင်သော အခက်အခဲများလည်း ရှိနေကြောင်း သိရှိရပါတယ်။
မဒေးကျွန်း ဒေသခံများ၏ လက်ရှိပညာရေး၊ ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်လို့လည်း သူက အခုလို ဆက်ပြောပြပါတယ်။
(အလုပ်သမားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မူ ပတ်သတ်ပြီးတော့ တရုတ်က အထောက်အပံ့တစ်ခုလည်းမပေးပါ။ အစိုးရကလည်း လျစ်လျူရှူထားပါတယ်။ မြင်ခဲ့ရတာတွေက တကယ့်ကို စိတ်မကောင်းစရာတွေပါဘဲ။ ကျွန်တော် မြင်ခဲ့တဲ့ ကလေးတွေအတွက် စာသင်ကျောင်ကလည်း စုတ်ပြတ်သတ်နေပြီး၊ ကလေးတွေကျောင်းပေါ် တက်လို့မရအောင်။ ခြေချလို့မရအောင်ထိ ပျက်စီးနေပါတယ်။ အဲဒီကျောင်းဟာ မဒေးကျွန်း စီမံကိန်းနဲ့ကပ်ရပ်ပါ။ တရုတ်တွေက ဘာထောက်ပံ့ကူညီပေးမူမရှိဘူးလို့ ပြောကြပါတယ်။ အစိုးရကလည်း ကျန်းမာရေး၊ ပညာရေးနဲ့ပတ်သတ်လို့ တစ်ခုလည်း လုပ်ဆောင်ပေးခြင်းမရှိဘူးလို့ ဒေသခံတွေက ကျွန်တော့်ကိုပြောပါတယ်။)




သဘာဝဓာတ်ငွေ့ တူးဖော်ရေးမှာ အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများ၏ ကျန်းမားရေး ပြသနာများကိုလည်း တရုတ်ကုပ္မဏီက ကူညီဖြေရှင်းပေးခြင်းမရှိလို့လည်း သူကဆိုပါတယ်။
သဘာဝဓာတ်ငွေ့တူးဖော်ရေးမှာလုပ်ကိုင်နေသော အလုပ်သမားများကို သူကိုယ်တိုင်တွေ့ဆုံမေးမြန်းခဲ့သော အလုပ်သမားများ၏ ပြောပြချက်နှင့်ပတ်သတ်၍ သူက အခုလို ဆက်လက် ပြောပြခဲ့ပါတယ်။
( ကျွန်တော် အလုပ်သမား သုံးလေးယောက်ကို တိုက်ရိုက်ထိတွေ့မေးမြန်းခဲ့ပါတယ်။ တစ်နေ့ကို လစာ ၄၅၀၀ ကျပ်ဘဲရရှိပြီး။ မိသားစုတွေရဲ့ ရပ်တည်မူကိုမေးမြန်းတဲ့အခါ အဲဒီလစာငွေနဲ့ မလုံလောက်သော်လည်းဘဲ ဒီလောက်နဲ့ဘဲဖြေသိမ့်နေရကြောင်း၊ ဖြစ်သလိုရပ်တည်နေကြရကြောင်း သူတို့ကပြောပါတယ်။)
မဒေးကျွန်းတွင် ဓာတ်ငွေ့ သိုလှောင်ရုံပေါင်း ၁၂ ခုကို တည်ဆောက်ထားပြီး တရုတ်နိုင်ငံသို့ ဓါတ်ငွေ့များကို စတင် ပို့ဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။

၎င်းလုပ်ငန်းစီမံကိန်းမှ ဒေသခံရခိုင်များမှာ မည့်သည့်အကျိုးအမြတ် တစ်ခုကိုလည်း ခံစားခွင့်မရရှိဘဲ နိုင်ငံတော်အစိုးရ၏ လစ်လျူရှူမှုကိုလည်း ခံနေရကြောင်း သတင်းရရှိပါတယ်။

မေလ ၃ ရက်၊ ၂၀၁၄ (မပန်းဇာဖြူ) Arakan DVD အစီအစဉ်မှ အင်တာဗျူး

No comments:

Post a Comment