ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နယ်မြေ ၄ ခုပိုင်းပြီးတော့ သတ်မှတ်ပါတယ်။ အဲဒီထဲက မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ စစ်တကောင်းတောင်တန်းဒေက လူမျိုးစုတွေရဲ့ စာရင်းပါ။
၁။ ချက္ကမ
၂။ မရ်မာ
၃။ တြိပူရ
၎။ ဂေါ်ခါး
၅။ မြို
၆။ တန်ရှင်ဂျ
၇။ ဗရွမ်
၈။ ခူမိ
၉။ အာမိယ်
၁၀။ ချက်
၁၁။ ပန်ခူ
၁၂။ လူချ
၁၃။ ကယန်
၁၄။ စန်တီလ်
၁၅။ ရခိုင်
များသောအားဖြင့် နှစ်နိုင်ငံ နယ်နိမိတ်ကြားမှာရှိတဲ့ လူမျိုးစုများဟာ
ဟိုဖက်နိုင်ငံမှာ ရှိသလို ဒီဖက်နိုင်ငံတွေလည်း အခြေချနေထိုင်ကြပါတယ်။
အိန္ဒိယနယ်စပ်မှာနေထိုင်တဲ့ နာဂတွေဆိုရင် အိန္ဒိယနိုင်ငံမှာ နေထိုင်သလို
မြန်မာနိုင်ငံမှာလည်း အများအပြားနေထိုင်ကြပါတယ်။ ဒီပြင် ကရင်ပြည်နယ်
ထိုင်းနယ်စပ်ဆိုရင်လည်း ကရင်လူမျိုးတွေဟာ မြန်မာနိုင်ငံမှာ နေထိုင်းသလို
ထိုင်းနိုင်ငံမှာလည်း နေထိုင်ကြပါတယ်။ နယ်နိမိတ် မျဉ်းဆိုတာ မြေပုံပေါ်မှာသာ
သတ်မှတ်ထားတာပါ။ တကယ့် မြေပြင်မှာတော့ စည်းတားထားတာမရှိဘူး။
နောက်ပိုင်းမှသာလျှင် သူတို့နိုင်ငံ လုံခြုံရေးအတွက် တံတိုင်းကာတာတို့ကို
ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်လာကြတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
စစ်တကောင်းဒေသဆိုတာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဒေသပါ။
အဲဒီဒေသမှာ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဖြစ်ချင်နေတဲ့
လူမျိုးကို ရှာကြည့်ရင် ဘယ်လို အဖြေထွက်မယ်ဆိုတာကို လေ့လာကြည့်နိုင်ပါတယ်။
ဝေဟင်အောင်
၂၆၊ ၁၁၊ ၂၀၁၃။
No comments:
Post a Comment