သူငယ်ချင်းရို့မှာအကြောင်းအမျိုးမျိုးကြောင့် Windows OS မှာ Folder Options ပျောက်ဆုံးလားစော်မျိုးကြုံဖူးဖို့လို့ထင်ပါရေ။ များသောအားဖြင့် XP မှာ Spyware တိကြောင့် ဖြစ်စော်များပါရေ။ ယင်းပိုင်စော်မျိုးတိနဲ့ ကြုံလာကေ Spyware Software တစ်မျိုးမျိုးနဲ့ဖြေရှင်းလို့လဲရရေပိုင် အခုကျွန်တော် တင်ပြရေ နည်းလမ်းနဲ့လဲ ဖြေရှင်းလို့ရပါရေ။ မသိရေ သူငယ်ချင်းများအတွက်ရည်ရွယ်ပြီးကေ ဒေ Post ကိုတင်ပီးလိုက်စော်ပါရာ။
အရင်ဆုံး Start Menu ကို လားလိုက်ပါ။ ရပြီးကေ Run ထဲကို ၀င်လိုက်ပါ။ Run Box ပေါ်လာစော်နဲ့ gpedit.msc လို့ရိုက်လိုက်ပါ။ Enter ခေါက်လိုက်ပါ။ ပေါ်လာရေ Box မှာမှ User Configuration ကို နှိပ်လိုက်ပါ။ Administrative Template က နီပြီးကေ Windows Components။ ရပြီးကေ Windows Explorer မြင်ရစော်နန့် Tools Menu က Removes Folder Options Menu ကို Double Click လုပ်လိုက်ပါ။ Disable ကို Choose လုပ်ပီးလိုက်ကေ အားလုံး အိုကေ လားပါလိမ့်မယ်။ မရကေ ပြန်ပြောပါ။ ကျွန်တော်ပြန်ကြည့်လိုက်ပါမေ။ ကျွန်တော်မှားနီကေလဲ ပြန်ပြောပီးပါ။ ကျေးဇူးတင်ပါရေ။
(လူမှုကိစ္စအ၀၀သာလျှင် ပြည့်ဝခဲ့သော် ဘ၀..ဘ၀ သာလီစွ)
ပြည်ကြီးဘလင့်ခ်
No comments:
Post a Comment