ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

Hacker တစ်ယောက်၏ ကျင့်ဝတ်များ

၁။ သူတစ်ပါး၏ System များကို မည်သည့်အခါမှ မဖျက်ဆီးပါနှင့်။ ထိုဖျက်ဆီးမှုက သင့်ကို ဒုက္ခအကြီးအကျယ်ဖြစ်စေလိမ့်မည်။
၂။ သူတစ်ပါး၏ System များ၊ File များစသည်တို့ကို ပြုပြင်ခြင်း၊ လွဲပြောင်းခြင်းအစရှိသည်တို့ကိုမပြုလုပ်ရ။
၃။ သင်ကယုံကြည်စိတ်ချရသည့်လူဖြစ်သည့်တိုင်အောင် သင်လုပ်ခဲ့သော Hacking ဆိုင်ရာ နည်းလမ်းများ၊ သတင်းအချက်အလက်များကို အခြားသူတစ်ဦးအားမျှဝေခြင်းမပြုလုပ်ရ။
၎။ BBS (Bulletin Board System) တွင် Post တင်ရာ၌ မည်သူတစ်ဦးတစ်ယောက်၏ နာမည်အစစ်၊ ဖုန်းနံပါတ် အစစ်တို့ကိုဖော်ပြရေးထည့်ခြင်းမပြုရ။
၅။ သင်လက်ရှိပြုလုပ်နေသော Hacking project ကို BBS တွင်ရေးသားဖော်ပြခြင်းမပြုလုပ်ရ။
၆။ မည်သည် System ထဲသို့ဝင်ခဲ့စေကာမူ သင်၏ခြေရာလက်ရာများကို ဖျောက်ဖျက်ခဲ့ရမည်။
ရ။ အစိုးရ၏ Computer System များကို မတိုက်ခိုက်ရ။
၈။ သံသယအဖြစ်မခံရပါစေနှင့်။ သင်၏ Hacking Tools များကို လုံခြုံအောင်ထားပါ။
၉။ Hacker စစ်စစ် တစ်ယောက်ဖြစ်လာအောင် Hack ရမည်။ BBS မှ အချက်အလက်များ၊ စာအုပ်စာတမ်းများထိုင်ဖတ်ရှုယုံမျှဖြင့် Hacker ဖြစ်လာမည်မဟုတ်။
(မှတ်ချက်။ Hacker Notes ပါအချက်အလက်များကို သင့်လျော်သလိုဘာသာပြန်ဆိုထားခြင်းဖြိုက်ပါသည်။)

(လူမှုကိစ္စအ၀၀သာလျှင် ပြည့်ဝခဲ့သော် ဘ၀..ဘ၀ သာလီစွ)
ပြည်ကြီးဘလင့်ခ်

No comments:

Post a Comment