ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

လက်ပံပွင့်ချိန်


ထူးထူးခြားခြားသည်နှစ် လက်ပံပွင့်ချိန်နောက်ကျသည်။ အမှန်ကဆို သည်ကာလမျိုးမှာ လက်ပံပွင့်တြွေေကကျမြေခနေလောက်ပြီ။သို့သော်လည်း တစ်ပင်လုံးကိုအနီရောင်ဇာပ၀ါကြီးဖုံး အုပ်ထားသည့် ရဲရဲနီနီလက်ပံပင်ကြီးတွေက လှချင်တိုင်းလှနေတော့သည်။
တစ်ချက်တစ်ချက် တောင်လေအဝှေ့မှာ တစ်ပွင့်စနှစ်ပွင့်စြွေကကျလာသော လက်ပံ ပွင့်တွေကလည်း ပန်းချီဆရာများကို အခက်တွေ့စေလေမလား။ နွေသရုပ်ကိုပီပြင်စွာဖော်ကျူး နေသည်မှာလည်း မငြင်းသာတော့ပြီ။ လက်ပံပွင့်တွေကို မြင်တိုင်းငယ်ငယ်က ကျောင်းစာထဲ သင်ခဲ့ရသည့် ကဗျာဆရာကြီး ဦးယာ၏ အဲချင်းကဗျာကို ပြန်လည်သတိရလာမိသည်။
''တစ်ပေါင်းငယ်မှညှာကျင်
နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်သို့၊ ပုရစ်ကယ်ရွှေဥ၊ပင်တိုင်းစုကြသည်
နုညိုစင်ငယ်တဲ့လေ .... ''
အချိန်ကာလများစွာ ရင်ထဲမှာ စူးနစ်နေခဲ့သော ကဗျာဖြစ်ပါသည်။ ရှောင်လွှဲ၍မရနိုင်သော လောကနိယာမ တရားများစွာကို ဖွင့်လှစ်ပြသ နေသ ယောင်ထင်ရသည်။ သစ်ရွက်တွေြွေကတာကိုမြင်တိုင်း နွေတစ်ကျော့ပြန် ရောက်တော့မှာပါလားဆိုတဲ့အသိက ၀မ်း နည်းဝမ်းသာ။သို့ပေမယ့်ြွေကကျခဲ့သမျှ တွေကို ပြန်လည်အလှဆင်ဖို့ ရွက်သစ်နု တွေ တစ်စတစ်စ ပြန်လည် ထွက်ပေါ်လာ တာကလည်း ချစ်စရာ့မြင်ကွင်းပင် ဖြစ် သည်။
ငယ်စဉ်ကဆို လက်ပံပွင့်တွေြွေကပြီ ဟေ့ ဆိုတာနဲ့ တစ်နေကုန်လက်ပံပင်ခြေအောက်က မခွာတော့ပြီ။ကလေးတစ်သိုက်နှင့် လက်ပံ ပွင့်ြွေက လုခဲ့ရသောနေ့ရက်များစွာက ယခုတိုင်အမြင် အာရုံထဲမှာရှိဆဲဆိုလျှင် လွန်မည်မထင်။ တောရွာ၊တောဓလေ့၊ ရိုးရှင်းသောမြင်ကွင်းများပေါ်တွင် ကိုယ်တိုင်သရုပ်ဆောင်ခဲ့သူဖြစ်သဖြင့် သည်မြင်ကွင်းများသည်မိမိအတွက်လွမ်းဆွတ်စရာ၊တမ်း တစရာများ ဖြစ်ခဲ့ရသည်က အမှန်။
ကျေးလက်တောရွာတွေမှာက ရှင်ပြုပွဲ၊မဂင်ဿလာဆောင်ပွဲတွေမှာလက်ပံပွင့်မပါမပြီး။အုန်းထ မင်း၊ကြက်သားဒန်ပေါက်တွေမပါလျှင်လည်း သတိထားကြပုံမပေါ်၊တမ်းတပုံမရ။ ပကတိအရှိ အတိုင်း လက်ပံပွင့်ခြောက်ကို သားရေနှင့်ချက်ကာကျွေးကြသည်သာ။ယင်းအတွက် ကလေးတွေ ကလည်း လက်ပံပွင့်တြွေေကတိုင်း လုယက်ကောက်ခဲ့ခြင်းဖြစ်သည်။
ပွင့်ြွေကတွေကောက်တာတစ်ပိုင်း၊လက်ပံပင်ပေါ်လာနားတဲ့ငှက်မျိုးစုံကို လေးခွဖြင့်ပစ်ရ သည် ကလည်းတစ်ပိုင်းဖြစ်သည်။ ကလေးများပီပီ ရရာမြင်ရာကိုလိုချင်ကြသည်။ ရွာအပြင် လက်ပံပင် တန်းတွေအောက်တွင်ကုန်ဆုံးခဲ့ရသောနေ့ရက်များ၊လက်ပံပွင့်လုရင်း ခေါင်းကွဲ၊ ထိပ်ပေါက် ဖြစ်ခဲ့ရသောနေ့ရက်များကပျော်ရွှင်စရာအတိ။ သို့သော်လည်း ပြောင်းလဲလာသော ကာလအပိုင်းအခြား တစ်ခုအောက်တွင် ဘ၀သည် ပျော်ရွှင် မှုနှင့်ဆန့် ကျင်ရာ သို့သာ ရောက်ရှိ လာပြီလားဟုတွေး တောမိပြန်သည်။
သစ်ရွက်ြွေက တိုင်းပင့်သက်လှိုင်း များအကြိမ်ကြိမ် ချ ခဲ့မိသည်အဟောင်း နှင့်အသစ်တို့၏ ခွဲခြားကွဲပြားမှုသရုပ် ကို ပီပြင်စွာပြသ နေသော နွေသရုပ် သည် ပန်းချီကားတစ်ချပ်ဟုတင်စားကြ သည့်တိုင် နောက်ကွယ်ကမေးခွန်းများစွာသည် ရင်ကိုတုန်ခါစေသယောင်ခံစားခဲ့ရပြန်သည်။
မမြင်နိုင်သော သဘောသဘာဝတစ်ခုသည် နောက်ကွယ်တွင်ရှိနေပြီဟု သိလိုက်ချိန်တွင် မိမိသည် အသိနောက်ကျသောသူ ဖြစ်နေခဲ့ပြီဟုထင်မိသည်။ အလှည့်အပြောင်းများလှသော လူ့သဘော၊လူ့မနောတို့နှင့် ဆက်နွယ်စခန်းသွားရမည်ကိုပင် ထိတ်လန့်နေသယောင် ထင်မိ စေသည်။
နွေသည်ပူ၏။နွေသည်ခြောက်သွေ့၏။တောရွာမှာနေတုန်းကတော့ ညအချိန်ပူအိုက်လျှင် ရွာလယ်မြေကွက်လပ်ထဲ ဖျာခင်းပြီးအိပ်လိုက်ရုံအဆင်ပြေသည်။ခြင်မကိုက်၊ဖြုတ်မလာ။ ဘာမှ စိုးရိမ်စရာမရှိ။ အခုတော့ အမှောင်ကြီးစိုးလာသည်နှင့်စာရေးဖို့ပင်မလွယ်။ နေရာဒေသ ကွာခြား မှုကလည်းအမှတ်ရစရာ။ အမေရောက်လာခါစက ''ငါတော့အသက်ရှုကျပ်သလိုပဲခံစား နေရ တယ်။ ကားသံစက်သံတွေကလည်း ပွက်လောရိုက်နေတာပဲ။ အိမ်ရှင်မိန်းမကြီးကလည်း ညနေ တစ်ခေါက်၊မနက်တစ်ခေါက် အိမ်မှာဆူပူနေတာနဲ့ထွက်ပြေးချင်စိတ်တောင်ပေါက်တယ်။ညဆိုလည်းဆောင်းဘောက်စ်စံတွေက ရင်တုန်လိုက်ရပါဘိ ...''ဆိုတဲ့စကားတွေကိုအမြဲလိုလို ကြားခဲ့ရသည်။ သို့သော်လည်း သည်စကားတွေကို အမေ့နှုတ်က အပြောကျဲလာသလားထင် သည်။ အနေကြာလာသောနေရာဒေသတစ်ခုအောက်တွင် အသားကျလာပုံပေါက်သည်။ သို့ တိုင်အောင် အမေ့မျက်နှာသည် အယင်ကထက်အိုစာရုပ်ပေါက်လာသလား ထင်ရသည်။
စစ်တွေမှာက နွေရာသီဆိုရေရှားသည်။တနဂင်ဿနွေနေ့ဆိုရေမလာတော့။ ကလေးတွေ ကျောင်း ပိတ်သလိုရေးပေးသူလည်းကျောင်းပိတ်ထားလို့နေမှာပေါ့ဟု အိမ်ကတူတော်မောင်ကပြောတော့ ရယ်ကြရသေးသည်။ အမေကတော့ ရေမလာတဲ့ရက်တွေဆို ချက်ပြုတ်ရေးတောင်မလုပ်ချင် တော့ဘူးဆိုပြီး ဘုရားကိုသွားတတ်သည်။ တကယ်တော့ ရေပြသဿသနာဟာစစ်တွေတစ်မြို့တည်း မဟုတ်၊နေရာဒေသအနှံ့အပြားမှာဖြစ်ပျက်နေခြင်း၊ကြုံတွေ့နေရခြင်း ဖြစ်ပေသည်။
ရေပြသဿသနာကမအေးသေးခင် နောက်ထပ်မီးဘေးအနဿတရာယ်က နိုင်ငံအနှံ့အပြားမှာဖြစ်ပွား နေတာကို ကြားနေရသည်။သိနေရသည်။စစ်တွေမှာလည်းမီးသတ်ဖို့သံပြားတွေ၊သံချိတ်တွေကို ၀ါးလုံးနဲ့ချည်ပြီး အိမ်ရှေ့မှာထောင်ထားကြရသည်။လက်တွေ့တွင် အသုံးဝင်တာမ၀င်တာအရေး ကြီးပုံမပေါ်။ သံမှိုဖြင့်ရိုက်ထားသော အရာကိုချိတ်ဖြင့်ငင်၍ရမရတွေးတောပုံမပေါ်။အသိခေါင်း ပါးသော လူမှုဝန်းကျင်းတွင်နေရသည်မှာလည်းတစ်ခါတစ်ရံ ရူးချင်စိတ်ပေါက်မိသည်။ စင်စစ် မီးအနဿတရာယ်ကျရောက်ခဲ့ပြီဆိုဦးတော့ အသုံးချလို့ရနိုင်ပါ့မလားဆိုသည့် အတွေးကဘာရယ် မဟုတ် ဦးနှောက်ခြောက်ခဲ့ရပြန်သည်။
နွေအပူသည် ဘ၀အပူလောက် လောင်ကျွမ်းနိုင်စွမ်းရှိခဲ့လျှင် သခင်ဿါရများစွာသည် ပြာပုံဖြစ် နေလေမလား။နွေရောက်တိုင်း နွေသမိုင်းကိုမရိုင်းစေဖို့ အလိုက်အထိုက်မျက်နှာချိုသွေးခဲ့ရသည် ကလည်း အခါခါ။နေ့လည်နေ့ခင်း ပွက်လောရိုက်ဆူညံသံတွေထွက်ပေါ်လာရာ ရွာပြင်လက်ပံ ပင်ကြီးအောက်မှာပွင့်ြွေကတွေကောက်ရင်းပျော်ခဲ့ရသော ငယ်ဘ၀ကို ပြန်မရနိုင်မှန်းသိပါလျက် နှင့် ရူးသွပ်စွာတပ်မက်ခဲ့မိသည်ကို အပြစ်ဆိုလေမလား။ သို့သော်လည်း ခံစားချက်တူညီသူတစ် ယောက်လောက်တော့ သည်ကမဿဘာမှာတွင် ရှိနေမှာပဲဟု ဖြေသာရပြန်သည်။
နွေရောက်တိုင်း ပြုန်းတီးခဲ့သော သစ်ပင်များကို ပြန်လည်သတိရတမ်းတမိသည်။တစ်ဘ၀ စာအတွက်မကြည့်ဘဲ မိမိတစ်ဦးတည်းတစ်ယောက်တည်း၏ကိုယ်ကျိုးအတွက်ကိုသာကြည့်၍ လုပ်ချင်တိုင်းလုပ်လိုက်ကြသော ဘာသာဗေဒမဲ့သစ်ပင်များကို အားနာမိသည်။ သနားမိသည်။ ခံစားချက်ချင်းတူညီမှုမှာ ကွာခြားကြခြင်းကို အပြစ်မဆိုသာသော်လည်း သစ်တစ်ပင်ကြီးထွား ရှင်သန်မှု အချိန်ကာလကို ထည့်တွက်စဉ်းစားသင့်သည်ဟုယုံကြည်သည်။သစ်တောသစ်ပင် မရှိသော ကမဿဘာကြီးသည် တစ်နှစ်ထက်တစ်နှစ်ပိုမို ပူပြင်းခြောက်သွေ့လာခဲ့သည်ကို ပြန်ကြည့် လျှင် သစ်တောပြုန်းတီးမှုသည် အဓိကအကြောင်းအရင်းများဖြစ်ကြောင်း သုတေသီများက အဖြေထုတ်ထားကြပြီးဖြစ်ပါသည်။ သို့သော် -- သို့သော်လည်း.......။
နွေအကြောင်းတွင် ဥသြငှက်မှာလည်း မပါမဖြစ်ပါရပေဦးမည်။
တစ်ခါတစ်ရံတောင်လေနှင့်အတူလွင့်မျောပါလာတတ်သော ဥသြတွန်သံများက ကဗျာစာ ဆိုများအတွက် သီဖွဲ့ရေးသားချင်စရာအတွေးပုံရိပ်တို့ဖန်တီးရှင်များဖြစ်နေမလားဟု ကောက် ချက်ချမိပြန်ပါသည်။သို့သော်လည်း ဥသြတွန်သံကို နွေရောက်တိုင်းကြားနေရဦးမှာကအမှန်။အလားတူ နွေရောက်တိုင်းလက်ပံတွေပွင့်ကြြွေကကြသည်ကိုမြင်တွေ့ကြရမှာကလည်း ဖြစ်မြဲ တရားတစ်ခုအလားပင်ဖြစ်ပေမည်။
အမှန်ဆိုမြင်ကွင်းတွေအားလုံးက သဘာဝအလျောက်ဖြစ်တည်နေခဲ့ကြသော်လည်း တိုး တက်ပြောင်းလဲလာသော ကမဿဘာကြီး၏နောက်ကွယ်တွင် ပျက်စီးမှုများဒွန်တွဲပါလာလေမလားဆို သည့် အတွေးကလည်း ထိန်းမနိုင်သိမ်းမရ။ တွေ့နေမြင်နေကျ ဖောက်ပြန်မှုသဘောတရားတွေ ကိုနားမစွင့်ရဲအောင်အထိ ကြားနေခဲ့ရပြန်သည်။
ဟေတီငလျင်ဘေးဒုကဿခ၊ချီလီငလျင်အနဿတရာယ်အစရှိတဲ့ သဘာဝအနဿတရာယ်တွေကလည်း လူ သားတို့ကို စိန်ခေါ်နေသယောင်။အဘိုးရှိတုန်းကတော့အမြဲပြောသည်။''ကပ်သုံးပါးဟာ အမြဲ ဒွန်တွဲပြီးလာကြတာကွ၊တကယ်လို့ ဒုဗဿဘကဿခနဿတရကပ်ကြီးကျပြီဟေ့ ဆိုတာနဲ့ သတဿတနဿတရကပ္ဆုိတဲ့ သေကြေကြမှုတွေဖြစ်လာကြမှာပဲ၊ဒီလိုဖြစ်လာတော့ ထပ်ပြီးတစ်ခါ ရောဂနဿတရကပ်ဆိုတဲ့ ရောဂါ ဘယတွေဖြစ်လာကြတတ်တယ်''တဲ့။မှတ်သားစရာစကားများပင်ဖြစ်ပါသည်။
နွေနှင့်လက်ပံသည်ခွဲခြားမရ။နွေရောက်လျှင်လက်ပံပွင့်သည်။လက်ပံပွင့်လျှင်နွေရောက်ပြီ။ အပွင့်နီနီများအကြား ငှက်ရောင်စုံတို့လာရောက်ပျော်ပါးကြသည်မှာ ကြည်နူးစရာ။ပင်ခြေတွင် ခင်းထားသော ပွင့်ဖတ်များကလည်း စိန်ကတဿတီပါခင်းထားသည့်အလား။တစ်ချိန်လုံးတစ်ပွင့်ပြီး တစ်ပွင့်ြွေကကျနေတတ်သည့် လက်ပံပွင့်များသည် လူနေအရပ်နှင့်နီးလျှင် ကောက်ယူအသုံး ပြုတာကို ခံကြရပေမယ့် အဝေးမှာရှိတဲ့လက်ပံပွင့်ြွေကတွေကတော့ ကောက်သူမဲ့နေလေမလား၊ မဆီမဆိုင် တွေးတောခဲ့သည်ကလည်းအခါခါ။ သို့သော်လည်း ယနေ့မျက်မှောက်ကာလမှာ လက်ပံပင်ကြီးတွေ တစ်စတစ်စ ရှားပါးလာခဲ့ပြီဖြစ်သည်။ တစ်ချို့ကလူနေမှုအတွက်အသုံးပြု၊ တစ်ချို့ကကိုယ်ကျိုးအတွက်အသုံးပြု၊ကြာလျှင်လက်ပံပွင့်တွေကို မြင်ရဖို့ပင် လွယ်ပါဦးမလား။
အရင်ကဆို နေရာဒေသအတော်များများမှာ လက်ပံပင်ကြီးတွေကို တွေ့နေမြင်နေခဲ့ရသော် လည်း တစ်ချို့လက်ပံပင်ကြီးတွေဆို မြင်ကွင်းကပျောက်ကွယ်သွားခဲ့ကြပြီဖြစ်သည်။ သစ်တစ် ပင်ကောင်း ငှက်တစ်သောင်းနားခိုနိုင်သည်ဟု ဆိုရိုးစကားရှိခဲ့သော်ငြားလည်းသစ်ပင်ကြီးများကို ဘာကြောင့်ခုတ်လှဲပစ်ကြသလဲဆိုတာ စဉ်းစားစရာ၊တွေးတောစရာ။ ပင်အိုမှာငှက်မခိုဟုကြားဖူး သည်။သို့တိုင်အောင် ငှက်အိုများနားခိုဖို့အကိုင်းကလည်း လိုဦးမှာက သေချာသည်။
နွေရက်များစွာကို ဖြတ်သန်းလာခဲ့ပြီးပြီဖြစ်သော်လည်း ပြန်လည်ဖြတ်သန်းရဦးမည့် နွေရက်များစွာကို စိုးထိတ်နေပြီဟုပင်ထင်မိသည်။အချိန်ရထားပေါ် စီးမျောလိုက်ပါရင်း ဘ၀ရှင် သန်မှုနည်းလမ်းပေါင်းမြောက်များစွာထဲက အဖြူရောင်စာရွက်ပေါ်တွင် ပန်းသီသူတစ်ယောက် အဖြစ် ရပ်တည်နိုင်မှုဒီဂရီကို တွက်ချက်တိုင်းတာခဲ့ရသည်ကမငြင်းသာ။ သို့စေကာမူ လှပသော ပန်းပွင့်များဖြစ်စေဖို့၊သန့်ရှင်းသောပန်းများဖြစ်စေဖို့ ကြိုးစားရဦးမည်ပင်ဖြစ်သည်။
အချိန်ကာလတစ်ခု၊မြင်ကွင်းတစ်မျိုး၊ခံစားချက်တဖုံ၊ဖြစ်ပျက်ခြင်းများစွာနှင့်ရောနှောသက် ၀င်နေခဲ့သော လူ့လောကကြီးသည်ကျယ်ပြန့်သည်ဆိုသည့်တိုင် အမြဲတစေဖြစ်ပျက်နေဦးမည် ဖြစ်သကဲ့သို့ ပြောင်းလဲခြင်းများသည်လည်းဆက်လက်ဖြစ်တည်နေပေဦးမည်ဖြစ်သည်။ယင်း အတွက် ဖြစ်ခြင်းပျက်ခြင်းကို လွန်ဆန်၍မရနိုင်သောသဘောတရားများစွာကိုသာယုံကြည်ထား ရမည်ဟုထင်မိသည်။
ဘ၀နှင့် ရင်းခဲ့ရသမျှ အင်အားများကို ပြန်လည်မွေးဖွားရသော လူသားများအတွက်နွေရက် များသည် ကာလရှည်ကြာလွန်းလှသည်ဆိုဦးတော့ နိယာမ၏ အနိမ့်အမြင့်ကို ရင်ဆိုင်ရမှာက မလွဲ။ဖြစ်လွယ်ပျက်လွယ်မှုပုံစံခွက်ထဲက နွေကာလသည် တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင် ခဲ့မည်ဆိုလျှင် လက်ပံပွင့်များသည်လည်းနွေနှင့်အတူ နွေသရုပ်ကို ဖော်ဆောင်လေမလား...။
ပင်ယံထက်တွင် ရောင်စုံငှက်တစ်အုပ် အော်ဟစ်သံသဲ့သဲ့ကိုကြားယောင်နေမိပါတော့ သည်.......။

ရေး - သန်းလှိုင်

No comments:

Post a Comment