ဂါမပညတ်
-----------
ဂါမ ပညတ်ဆိုတာကတော့ ပါဋိ စကားလုံးပါ။ ဒေသတစ်ခုမှာ ဒေသခံတွေ အားလုံး သဘောတူပြီးတော့ ချမှတ်ထားတဲ့ ဥပဒေပါ။ ဒီနေရာမှာ ဥပဒေနဲ့ စည်းကမ်း နည်းနည်းကွာတယ်ဆိုတာ သတိထားဖို့လိုပါတယ်။(အောက်မှာ ကျနော် နားလည်သလိုရှင်းပြထားပါတယ်) နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ဂါမ ပညတ်ဆိုတာရှိပါတယ်။ ကျနော်တို့ အရပ်ဒေသ ကျေးရွာတွမှာဆိုရင် လူပျို အပျိုဆိုတာ သီးခြားအဖွဲ့တွေရှိပါတယ်။ ကျေးရွာရဲ့ သာရေးနာရေးတွေမှာ အဲဒီလူပျိုအပျိုတွေကပဲ စုပေါင်းလုပ်ဆောင်ပေးကြပါတယ်။ ကျေးရွာလူကြီးနဲ့ မဆိုင်ဘဲ သူတို့မှာ သူတို့အသိစိတ်ဓာတ်တွေနဲ့ စုပေါင်းသတ်မှတ်ထားတဲ့ ပညတ်တွေရှိပါတယ်။ ဥပမာ - ဒီနေ့ သင်္ကြန်ရက်မှာ ဘုန်းကြီးကျောင်းကို စုပေါင်းရေသပ္ပါယ်ဖို့ သွားကြမယ်ဆိုတဲ့ ပုံမှန်လုပ်နေကျ အစဉ်အလာ တစ်ခုရှိတယ်ဆိုပါတော့။ အဲဒါကို ရွာက လူပျိုအပျိုတွေ အကုန်လုံးလိုက်ရပါတယ်။ (ခြွင်းချက် -ကျန်းမာရေးမှ အပ) အဲဒါကို မလိုက်ဘူး၊ ကလန်ကဆန်လုပ်ရင် ချောင်ထုတ်တယ်ဆိုတဲ့ ပညတ်ရှိပါတယ်။ ချောင်ထုတ်တယ်ဆိုတာက သူတို့ လူပျိုအပျိုစာရင်းက ထုတ်လိုက်တာပါ။ အဲဒီလို ထုတ်လိုက်တဲ့အတွက် အဲဒီလူဟာ တော်တော်
သိက္ခကျပါတယ်။ သူနဲ့ပတ်သတ်တဲ့ ရှင်ပြု၊ မင်္ဂလာဆောင်၊ အလှူအတန်ဆိုရင် လုပ်ဖို့ ကိုင်ဖို့ တစ်ယောက်မှ မသွားကြတော့ဘူး။ အဲဒါ ကျနော်တို့ အရပ်မှာ အမှန်တကယ်ရှိတဲ့ ပညတ်ချက်ပါ။
ယခုလည်း ကျနော်တို့အရပ်မှာ အရေးအခင်းပြီးကတည်း မိမိရပ်ရွာ၊ မိမိဒေသလုံခြုံရေးအတွက် အတိုင်းအတာတစ်ခုထိ ထိမ်းသိမ်းနိုင်ဖို့ ဒေသအလိုက် ဂါမ ပညတ်တွေရှိပါတယ်။ ဒါတော့ မလုပ်ပါနဲ့ လုပ်ရင် ဒါတော့ အပြစ်ပေးခံရပါမယ်ဆိုတဲ့ သဘောပါ။ ဒါက အစိုးရနဲ့ ဘာမှ မဆိုင်ဘဲ လူအဖွဲ့အစည်းတစ်ခုမှ အားလုံးသဘောတူညီချက်နဲ့ ထုတ်ပြန်ထားတဲ့ ပညတ်ချက် တစ်ခုဖြစ်ပါတယ်။ (တနည်းရဟန်တွေ ပတ္တနိကိက္ကုဇ္ဇန ကံဆောင် သပိတ်ဆိုတာကို မှတ်မိကြအုံမှာပါ။
စည်းကမ်း
---------
စည်းကမ်းဆိုတာကတော့ လူတစ်ဦးတစ်ယောက်က သတ်မှတ်ပြဌာန်းပေးထားတာပါ။ လိုက်ကို လိုက်နာရမယ်။ ဒါကို မလိုက်ရင် သတ်မယ်။ အပြစ်ဒဏ်ပေးမယ် ဆိုပါတော့..။ ဥပမာ - ကျောင်းမှာဆိုရင် ကျောင်းစည်းကမ်းရှိပါတယ်။ အဲဒါကို ထုတ်ပြန်တာက ဆရာ/မတွေက ထုတ်ပြန်ထားတာပါ။ ဒါမလုပ်နဲ့ဆိုရင် ကျောင်းသား/သူတွေက လိုက်နာရပါတယ်။ မလိုက်နာဘူးဆိုရင် သူနဲ့ သင့်တင့် လျောက်ပတ်တဲ့ ပြစ်ဒဏ်ကို ပေးရပါတယ်။ ဒါက စည်းကမ်းသဘောပါ။
ဥပဒေ
-------
ဥပဒေကတော့ တော်တော် ကျယ်ပြန့်လွန်တာမို့ အကျယ်ကို ကျနော်မဆိုလိုချင်ပါ။ အများသဘောတူ၊ အများကောင်းကျိုးအတွက် စုပေါင်းအများသဘောတူညီချက်နဲ့ ရေးဆွဲတာပါ။ သူမှာ ဥပဒေ ၊ နည်းဥပဒေ ဘာညာဆိုတာ ရှိသေးတာပေါ့။ ဒါပေမယ် - ဥပဒေတစ်ခုဖြစ်ဖို့အတွက် စုပေါင်းပြီးတော့ ညှိနှိုင်းခဲ့ရပါတယ်။ အထပ်ထပ်အခါ ဆွေးနွေးငြင်းခုံပြီးမှ ထွက်လာတဲ့ အဖြေကို ဘောင်းသတ်မှတ်ပြီးတော့ ပြဌာန်းလိုက်တာကို ဆိုလိုတယ်။
စည်းကမ်းကတော့ - အပေါ်ကနေ အောက်ကို တိုက်ရိုက် သတ်မှတ်ချက်ဆိုပါတော့။ ဥပဒေကတော့ - အောက်ကနေ အပေါ်ကို သွားတဲ့ စုပေါင်းစနစ်ဆိုပါတော့။
ရခိုင်လူမျိုးတို့လိုက်နာရသော အစဉ်လာ ဂါမ ပညတ်(၃) မျိုးရှိပါတယ်။
------------------------------
(၁) ဂါမပညတ်ဟုထုတ်လျှင် ထုတ်သောရွာ၏ သဘောတူညီချက်ကို ရယူရပြီး ဆုံးဖြတ်ချက်ကို တစ်ရွာလုံးက လိုက်နာရပါသည်။
(၂) ဒေသပညတ်ဟုထုတ်လျှင် သတ်မှတ်အပ်သောဒေသ၏သဘောတူညီချက်က
(၃) လောကပညတ်ဟုထုတ်လျှင် ဘုရင်မင်းမြတ်တို့သာထုတ်၍ နိုင်ငံသူနိုင်ငံသားအားလုံးလိုက
ဒါတွေဟာ ရခိုင်ဒေသမှာ အမှန်တကယ်ကို ရှိတဲ့ ပညတ်ချက်တွေ ဖြစ်ပါတယ်။ ဒါတွေ ကျနော် နားလည်သလို ရေးထားတာပါ။
ကျေးဇူးတော်ရှင် ပညာပါရမီဆရာတော်၏ Comment ကို ပြန်လည်း သုံးစွဲထားပါသည်။
ဝေဟင်အောင်
၁၁၊ ၉၊ ၂၀၁၃။
No comments:
Post a Comment