ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

ရခိုင်စာပေကိစ္စ ကျနော်အမြင်



ရခိုင်စာပေကိစ္စ ကျနော်အမြင်
----------------------
##စာပေဆိုတာဘာလဲ။
++စာပေဆိုတာ  ဘာသာစကားကို အက္ခရာနဲ့ မှတ်တမ်း တင်ထားခြင်းဖြစ်သည်။

##စာပေရေးဖို့ဆိုရင် ဘာတွေ လိုသလဲ။
++စာရေးဖို့ဆိုရင် -
ပထမ - အကြောင်းအရာ
ဒုတိယ - ရေးဟန်
တတိယ - ဘာသာစကား အရေးအသား
စာတစ်ပုဒ်အတွက် အကြောင်းအရာ ရပြီးဆိုရင် ရေးဟန်ဖြစ်တဲ့ ကဗျာလင်္ကာလိုရေးမလား၊ ဆောင်းပါးပုံစံရေးမလား၊ ၀တ္တုပုံစံရေးမလား၊

စကားပြေပုံစံရေးမလား။ ပြီးတာနဲ့ ဘာသာစကားအရေးအသားကို ရွေးရတော့မယ်။ ရခိုင်လိုရေးမလား၊ ဗမာလိုရေးမလား၊


အင်္ဂလိပ်လိုရေးမလား။ ကြိုက်တာကို ရေးရုံပဲ။

##စာပေနဲ့ ဘာသာစကား ဘာကွာသလဲ။
++ဘာသာစကားကို မိမိတို့ ကြိုက်နှစ်သက်ရာ အက္ခရာနဲ့ မှတ်တမ်းတင်ပြီး ကိုယ်တို့ဘာသာစကားနဲ့ အသံထွက်လိုက်ခြင်းပင်

စာပေဖြစ်သည်။ ဒါကြောင်း ဘာသာစကားသည့် အဓိကျပြီး ဘာသာစကားကို အခြေခံ၍ စာပေပေါ်ပေါက်လာခြင်းဖြစ်သည်။

##ရခိုင်မှာ စာပေရှိသလား။
++အခုရေးနေတဲ့ စာဟာ ရခိုင်စာဖြစ်ပါတယ်။ မြောက်ဦးခေတ်က စာကို ယူသုံးထားတာဖြစ်ပါတယ်။

##ရခိုင်စာနဲ့ ဗမာစာ ဘာကွာပါသလဲ။
ဒါကတော့ ဗမာက ဗမာမူလို ရေးပြီး ရခိုင်က ရခိုင်မူလို့ ရေးတာပဲ ကွာပါတယ်။ အက္ခတွေက အတူတူပါပဲ။

#ဒါဆိုရင် ရခိုင်စာနဲ့ ဗမာစာအတူတူဆိုတဲ့  သဘောလား။
မတူဘာဘူးခင်ဗျာ။ အင်္ဂလိပ်စာကို အက္ခရာကို သုံးပုံချင်းတူပေမယ် အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျတို့ မတူသလိုဘဲ ရခိုင်နဲ့ ဗမာလည်း

ကွဲပါတယ်။

##ရခိုင်စာပေကို ဘယ်နှစ်ခုနှစ်က စတင်သုံးစွဲခဲ့ပါသလဲ။
ခုနှစ် အတိအကျတော့ မရဘူးဗျာ။ ဗြဟ္မီအက္ခရာကို သုံးစွဲပြီး ပါဋိဘာသာကို မှတ်တမ်းတင်ခဲ့တဲ့ တောင်ပေါက်ကြီးကျောက်စာဟာ ဘီစီ(၃)

ရာစုခန့်က ရေးထိုးခဲ့တာမို့ ရခိုင်သမိုင်းမှာ အဲဒီကတည်းက စသုံးတာလည်း ဖြစ်နိုင်သလို ဒီပြင် ရှေ့က ကျောက်စာတွေကတော့

မတွေ့ရသေးတော့ BC - 3 ရာစုလောက်က စတင်လာခဲ့တယ်လို့ ပြောရပါလိမ်မယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၀၀ ပတ်ဝန်းကျင်လောက်က သုံးစွဲခဲ့တယ် ဆိုပါတော့။ အဲဒီနောက်ပိုင်းမှာတော့ ကျောက်စာတွေ၊ ဒင်္ဂါစာ၊ ပေစာ၊ ပုရပိတ်စာတွေ၊ ခေါင်းလောင်းစာတွေက တောက်လျှောက်ကို တွေ့လာခဲ့ရပါတယ်။ ရခိုင်စာအနေနဲ့တော့ ရက္ခ၀ံဏအက္ခရာကို ဝေသာလီခေတ်နှောင်းပိုင်းလောက်မှာ စတင်ပြီး ပီးပြင်လာခဲ့ပါတယ်။ လေးမြို့ခေတ်နဲ့၊ မြောက်ဦးခေတ်ကတော့ လုံးဝ ရက္ခ၀ံဏအက္ခရာ၊ ရခိုင်စာပေဖြစ်သွားပါပြီ။

##ဒါဆိုရင် ရခိုင်စာပေနဲ့ ဗမာစာပေ ဘယ်က ပိုရှေ့ကျပါသလဲ။
++ကျနော် တွေ့မိသလောက်ကတော့ ရခိုင်စာပေက ပိုရှေးကျတယ်။ AD 1080 ခုနှစ်လောက်မှာ တွေ့တဲ့ မြစေတီကျောက်စာ(သို့)

ရာဇကုမာရ်ကျောက်စာဟာ အစောဆုံး ကျောက်စာလို့ ဆိုပါတယ်။ ပုဂံခေတ် ကျန်စစ်သားဆိုတာ ရခိုင်က လေးမြို့ရဲ့ နောက်ဆုံးခေတ်နဲ့မှ

ခေတ်ပြိုင်မို့ တော်တော်ကို နောက်ကျပါသေးတယ်။

##အခုအချိန်ထိ ရခိုင်စာက သတ်သတ်မှတ်မှတ်မရှိသေးဘဲ အငြင်းအခုန်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒါ ဘယ်လိုများဖြစ်ရတာပါလဲ။
++ဗမာစာပေမှာလည်း ဒီနေ့ထိ ငြင်းရ ခုန်ရဆဲပါ။ တိုင်းရင်းသားတွေဖြစ်တဲ့ ကရင်တို့မှာလည်း မတည်ငြိမ်သေးပါဘူး။ ရခိုင်ထီးနန်း

ကျဆုံးခဲ့တာ နှစ်ပေါင်း ၂၃၀ နီးပါးရှိပါပြီ။ အဲဒီမှာ စာတစ်အုပ်၊ ပေတစ်အုပ်တောင် ထုတ်ခွင့်မရှိခဲ့ဘူး။ ပိတ်ပင်ခံဘ၀မှာ ဒီလောက်ထိ

ထိမ်းသိမ်းထားနိုင်ခဲ့တာကိုက  ရှေးဘိုးဘွားတွေကို ကျေးဇူးတင်ဖို့ကောင်းပါတယ်။ နှုတ်တိုက်ရွတ် ၊ မုဆိုးမ ခြေရာကောက်နည်းတွေကိုပဲ

သုံးစွဲခဲ့ရပြီး ကြိုးစားပြီး မှတ်တမ်းတင်ထားခဲ့ရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင် ရခိုင်မူလတန်းသင်ရိုးစာအုပ်ထွက်လာတော့မှာမို့

အခြေအနေကတော့ အတိုင်းအတာတစ်ခုလောက်ထိ တည်ငြိမ်သွားပါလိမ်မယ်။

##ဘာများ ပြောချင်ပါသေးသလဲ။
++ကံကောင်းတာတစ်ခုက ရခိုင်တွေရဲ့ မွေးရာပါ အခြေခံအရ ဗမာစာနဲ့ ရေးထားတဲ့စာတွေအကုန်လုံးကို ရခိုင်လို အသံထွက်ဖတ်နိုင်ပါတယ်။

ဗမာလို ရေးထားတာကို အိုတိုမစ်တစ် ရခိုင်လို နားလည်တာပါ။ ဒါကြောင့် မြန်မာစာလို့ ပြောတာဟာ ဗမာတစ်ယောက်တည်း

ပိုင်တာမဟုတ်တဲ့အတွက် မြန်မာသမိုင်းကို သင်တဲ့အချိန်မှာလည်း သမိုင်းမှန်ဖြစ်အောင် ပုဂံဘုရင် အနော်ရထာတို့ထက်ရှေ့ကျတဲ့

ရခိုင်ဘုရင်တွေ၊ မွန်ဘုရင်တွေကို ထည့်သင်စေချင်ပါတယ်။ ဒီအပြင်သမိုင်းကို သင်တဲ့အခါ မချန်မလှပ်ဘဲ မှန်မှန်ကန်ကန်ဖြစ်အောင်

တိုင်းရင်းသားတွေရဲ့ သမိုင်းအားလုံးကိုထည့်သင်စေချင်ပါတယ်။ ဒါမှလည်း ပြည်ထောင်စု စစ်မှန်မှာမို့ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်အောင်

သမိုင်းမှန်တွေကိုလည်း ဒီမိုကရေစီခေတ်မှာ သင်ကြားစေချင်မိတာတော့ အမှန်ဘဲ။

ဝေဟင်အောင်
၂၂၊ ၉၊ ၂၀၁၃။

အစတုန်းကတော့ ဆောင်းပါးလို ရေးမလို့ပါ။ Oo Aye Maung Facebook ပေါ်မှာ ရခိုင်စာကဏ္ဍကို မြင်ယင်း ရေးသားလိုက်သည်။

No comments:

Post a Comment