ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

ကမန်ကို လမန်မဖြစ်စေချင်


 “ကမန်”ဆိုသည့် အဓိပ္ပါယ်မှာ သုတေသီတို့က “လေးသည်တော်(သို့) လေးပစ်တော်သူ”ဟု ဆိုသည်။ ကမန်လူမျိုးများကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် တွေ့ရသည်။  ကမန်လူမျိုးသည် အစ္စာလမ် ဘာသာကို ကိုးကွယ်သော်လည်း နေထိုင်မှုတွင် ရခိုင်လူမျိုးများနှင့် ရိုးရာယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်ထုံးဖွဲ့မှု၊ စကားအပြောအဆို၊ စိတ်နေစိတ်ထား၊ ရုပ်ရည်၊ ပုံပန်းသဏ္ဍာန်စသည့်တို့မှာ တော်တော် နီးစပ်သည်။

သမိုင်းတွင် အန္ဒိယနိုင်ငံကို စိုးမိုးအုပ်ချုပ်တော်မူသော မဂိုဧကရာဇ် တစ်ပါးဖြစ်သည့် “ရှာဂျီဟန်”သည် ၁၆၅၇ ခုနှစ်တွင် နာမကျန်ဖြစ်ပြီး သားလေးဦးဖြစ်သော (၁)ဒါရာရှူကို (၂) ဒုတိယသား ရှားရှူဂျာ (၃) တတိယသား သြရန့်ဇစ်နှင့် (၄) သားအငယ်ဆုံး မူရဲ(ဒ်)တို့ နန်းလုခဲ့ကြသည်။ ဖခင်  “ရှာဂျီဟန်”မကွယ်လွန်မှီ သားနှစ်ပါးဖြစ်သည့် ရှာရှူဂျာ(Shah Shuja)နှင့် သြရန့်ဇစ်တို့ နန်းလုပ်ကြပြီး ရှာရှူဂျာသည် စစ်ရှုံးကာ ရခိုင်ပြည် မြောက်ဦးနန်းတော် ဘုရင် စန္ဒသုဓမ္မရာဇာ ဘုရင်ထံ(AD 1652- 74)ပိုင် စစ်တကောင်းတွင် ခိုလုံလာသည်။ နောက်ပိုင်းတွင် ဘုရင်နေပြည်တော် မြောက်ဦးမြို့ ရွှေနန်းတောင်ထိ ပြောင်းရွေ့ခဲ့သည်။ ရှာရှူဂျာနှင့်အတူ မိဖုရားပါရီဘာနု၊ သားတော် စူလတန်ဘန့်၊ သမီးတော်ကြီး ၀ူလ်ရာပ်ရာ၊ သမီးတော်လတ် ရော်ချန်အာရ်ဘီဂမ်၊ သမီးထွေး အမိနာဘာနု နှင့် အခြွေအရံ (၂၀၀) တို့ပါဝင်ခဲ့သည်ဟု ဆိုသည်။ ရှာရှူဂျာသည် နန်းကျဘုရင်တပါးဖြစ်သောလည်း အလွန်မာန်မကြီးသူဖြစ်သည်။ ရခိုင်ဘုရင်ဖြင့် တိုက်ရိုက် မဆက်ဆံဘဲ သားတော်ကိုသာ ကိုယ်စား စီးစေသည်။ ဤသည်ပင်လျှင် သူတွင် အကြံအစဉ်များရှိခဲ့သည်ဟု ဆိုသည်။ ရှာရှူဂျာကို လက်ခံခဲ့သည့်ဘုရင် စန္ဒသုဓမ္မရာဇာသည် ဗြဟ္မာဦးခေါင်းကို လက်ခံထားရသကဲ့သို့ ပြသာနာပေါင်းမြောက်မြားစွာကို ရှင်းနေရသည်။



ဘင်္ဂလားကို အပိုင်စားရခဲ့သော ရှာရှူဂျာနေရာတွင် မဂိုဘုရင် သြရန်ဇစ်သည် အသစ်ဘုရင်တစ်ဦးကို ခန့်အပ်ခဲ့သည်။ ထိုဘုရင်ခံသစ်သည် ကာကွယ်ရေးကို အကြောင်းပြကာ ဟူဂလီရှိ ဒတ်ခ်ျသင်္ဘောများကို သိမ်းယူခဲ့သည်။ ထို့ပြင် ရှာရှူဂျာအား ပြန်လည်ပေးအပ်ရန် ရခိုင်ဘုရင်အား ရာဇသံပေးခဲ့ကြောင်း၊ ရခိုင်ဘုရင်မှ မပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။ ရှာရှူဂျာအကြောင်းပင် ရခိုင်ထီးနန်းကို နှစ်ကြိမ်းတိုင်းတိုင်း ရှာရှူဂျာတို့၏ ပုန်ကန်မှုကို ခံခဲ့ရကြောင်း သမိုင်းတွင် အခိုင်အမာဖော်ပြထားသည်။ ဒုတိယအကြိမ်တွင် ရှာရှူဂျာသမီး မဂိုမင်းသမီးကို ဘုရင်သုဓမ္မချစ်ကြိုက်မိပြီး မိဖုရားအဖြစ် ချီးမြောက်ခဲ့သည်။ ရှာရှူဂျာသား သုံးယောက်ကိုလည်း နန်းတော်ထဲတွင် စိတ်ကြိုက်နေထိုင်ခွင့်ပြုခဲ့သည်။ ရှာရှူဂျာတို့၏သားသမီးများကြောင်းပင် “ဝေဇယန္တာနှင့် ၊ ပမာမျှ၊ တူမောလှချင့်”ဟူသော ပဲခူးမင်းသမီးရှင်ထွေးနှောင်း ချီးမွမ်းခံသည် ရခိုင်နန်းတော်ကြီးတစ်ခုလုံး ပြပုံဘ၀ကို ရောက်ခဲ့ရသည်။ နောက်ဆုံးတွင် ဘုရင်သုဓမ္မသည် အချစ်ရေးထက် အမျိုးသားရေးကို ဦးစားပေးသောကြောင့် အပြီးအပြတ် ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် မဂိုတို့ဖြင့် ဆက်ဆံရေး တင်းမာခဲ့ရသည်။ လူမျိုးခြားကို ယုံကြည်ခဲ့သော ရခိုင်ဘုရင်သည် နောက်ဆုံး ကောင်းကောင်းသင်္ခန်းစာ ရလိုက်ခြင်းပင်ဖြစ်သည်။

ရှာရှူဂျာနှင့် အတူပါလာသော စစ်သည်များအား သစ္စာရေသောက်ခိုင်းပြီး ရခိုင်ဘုရင် စန္ဒသုဓမ္မရာဇာသည် ရခိုင်စစ်တပ်တွင် “ကမန်စစ်သည်”အဖြစ် အမှုတော် ထမ်းစေသည်ဟု ပါရှိသည်။ ရခိုင်ဘုရင်တို့သည် သဘောတရားကြီးခြင်းကို တွေ့ရှိရသည်။ မဂိုဘုရင် ရှာရှူဂျာကို လက်ခံသကဲ့သို့ ကျန်စစ်သည်များကိုလည်း စစ်သည်အဖြစ် လက်ခံပြီး မဟာမေဒင်ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုခဲ့သည်။
“ကမန်”ဟူသော ဝေါဟာရမှာ ရှေ့ရခိုင်ဘုရင်များ လက်ထက်ကတည်းက ခေါ်ဝေါ်ခဲ့သည့် နာမည်တစ်ခုဖြစ်ကြောင်းကို တွေ့ရှိရသည်။

ကမန်လူမျိုးသည် ရခိုင်တို့၏ မြောက်ဦးခေတ်တွင် ရခိုင်ဘုရင်တပ်မတော်ထဲတွင် သစ္စာရှိရှိ အမှုထမ်းခဲ့ကြသည့် စစ်သည်တော်များဖြစ်သည်။ ရခိုင်လူမျိုးနှင့် မြန်မာနိုင်ငံအပေါ်တွင် အမှန်တကယ် သစ္စာရှိခဲ့သည့် လူမျိုးဖြစ်သည်။ “ အမှန်က နှစ်သောင်းလောက်ရှိတဲ့ ကမန်လူမျိုးဟာ နှစ်သိန်းလောက်ဖြစ်နေလို့ ကျွန်တော်တို့ကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်၊ ကုလားကို ကမန်ဖြစ်အောင် လ၀ကကပဲ လာဒ်စားပြီး လုပ်ပေးနေတာ၊ ခံရတာက ကျွန်တော်တို့ကမန်တွေပဲ "လို့ ရမ်းဗြဲမြို့နယ်က " ကမန် "တစ်ယောက် BBC ကျေးတမာနဲ့ပေဖူးလွှာကဏ္ဍကနေ ၂၀၀၄-ခုနှစ်လောက်က ထအော်တာကို ကြားလိုက်ရတော့ ကျွန်တော့်ကိုယ်တွေ့ ကမန်အသွင်ပြောင်းလဲမှုကို တင်ပြချင်နေခဲ့သည်။ ခုအခြေအနေမှာ လိုအပ်ချက်ကလည့် ရှိနေပြီမို့ အုပ်စိုးသူအပါအ၀င်၊ နိုင်ငံရေးပါတီတွေ၊ မြန်မာရဟန်းရှင်လူ ပြည်သူပြည်သားတွေ စဉ်းစားချင့်ချိန်နိုင်အောင် တင်ပြလိုက်ပါသည်။

၂၀၀၅ ခုနှစ်လောက်က ကမန်လူဦးရေဟာ ၆၀၀၀ လောက်နေ ၁၀၀၀၀ ကြားလောက်သာရှိမယ်လို့ ခန့်မှန်းကြသည်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကမန်တိုးတက်ရေးပါတီက ခန့်မှန်းတာက ၁၀၀၀၀၀ (တစ်သိန်း)လောက်သာရှိမည်ဟု ကမန်တိုးတက်ရေးပါတီ အတွင်းရေးမှူးက မိန့်ခွန်တစ်ခုတွင် ခန့်မှန်းပြောကြားခဲ့သည်။ အခု ကမန်း (၂)သိန်းကျော်ဖြစ်သွားပြီးတော့ ဒီလောက်တောင်မှ အပြောင်းအလဲ မြန်ရသလား။ လုပ်ကမန်များ တစ်ရက်ထက် တစ်ပိုများလာသည်။ ကမန်သည် တဖြည်းဖြည်းဖြင့် လမန်ဖြစ်လာချေပြီ။ ထို့ကြောင့် ရခိုင်လူမျိုးနှင့် မြန်မာနိုင်ငံအပေါ်သစ္စာရှိခဲ့သော ကမန်တိုင်းရင်းသားများအနေဖြင့် အထူးသဖြင့် ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ကမန် ဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ပွင့်ပွင့်လင်းလင်း ပြောကြားရမည့်အချိန်ဖြစ်သည်။

ရခိုင်မျိုးနွယ်စုတွင် ရခိုင်၊ မြို၊ သက်၊ ကမန်၊ ခမီး၊ မရမာ၊ ဒိုင်းနက် ဆိုပြီး (၇)မျိုးရှိသည်။ ဒါကြောင့် ကမန်ညီအစ်တော်များခင်ဗျာ ပါးစပ် ပိတ်မနေပါနှင့် ခင်ဗျာတို့သစ္စာခံဟာ ဒီနိုင်ငံတော်ကြီးဖြစ်ပါတယ်။ ခင်ဗျာတို့ အစဉ်အဆက် ဒီမြေ၊ ဒီရေမှာ သစ္စာရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် တရားမ၀င် ဘင်္ဂလီများကို လက်မခံကြောင်းနှင့် ခင်ဗျာတို့ အန္တရာယ်အတွက် လက်မခံနိုင်ကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပါတော့။ ခင်ဗျာတို့ ရွာထဲတွင် လက်ခံထားသော ဘင်္ဂလီများ၊ ကမန်အမည်ဖြင့် မှတ်ပုံတင် ကိုင်ဆောင်ထားသော ဘင်္ဂလီများအား ပွင့်ပွင့်လင်းလင်းဖော်ထုတ်ပါတော့။ အခု လတ်တလောဖြစ်နေတဲ့ သံတွဲပြသာနာဟာ ခင်ဗျာတို့နဲ့ ဘာမဆိုင်ဘဲ အကြမ်းဖက် ဘင်္ဂလီတွေက ဘာသာရေး အားကိုးတစ်ခုနဲ့ ခင်ဗျာတို့ ရောကြိတ်သွားတာပါ။ ခင်ဗျာတို့ကို အသုံးချသွားတာပါ။ အဲဒါကို ပွင့်ပွင့်လင်းလင်း ရှင်းပြပြီး ကျနော်တို့ညီအစ်ကိုတော်နဲ့ ပူပေါင်းပါ။ ကျနော်တို့ လက်ကမ်းကြိုဆိုနေပါတယ်။ ကျနော်တို့ တတွေဟာ သမိုင်းစဉ်ဆက်ကတည်းက အေးအတူပူအမျှ နေထိုင်လာကြသူများဖြစ်သည့်အတွက် တခြားတိုင်းရင်းသား ညီအစ်ကိုများနှင့် အတူတကွနေထိုင်ကြပါစို့။

The Voice ဂျာနယ်မှာ ဖတ်မိခဲ့တဲ့ “အမျိုးပျောက်မှာ စိုးကြောက်လှပါသည် ရခိုင်ပြည်”မှ ဆောင်းပါးတစ်ပုဒ်မှာ ပါတာကို ဖော်ပြပေးလိုက်သည်။
 ဥပဒေဆိုတာ ပြည်သူ့လွှတ်တော် ဒါမှမဟုတ် နိုင်ငံတော်အကြီးအကဲ နိုင်ငံတော် သမ္မတ စသည်တို့က ကြေညာထုတ်ပြန်ရတာမျိုးဖြစ်သည်။ နေ့စဉ် ထုတ် သတင်းစာတွေမှာ အသေးစိတ်ဖော်ပြရသည်။ ခင်ဗျားမသိဘူး လို့ ပြောလို့မရ။ ခင်ဗျားကျိုင်းတုံကို ရောက်ဘူးသလား၊ ကျိုင်းတုံမှာလူအများမြင်သာတဲ့ မြို့ရဲ့အချက်အချာနေရာတွေမှာ စာလုံးအကြီး ကြီးတွေ (အချင်းတစ်ပေခန့်) နဲ့ရေးထားတယ်။ 'ဥပဒေကို သင်ကမသိဟုဆိုကာမျှနဲ့ ဥပဒေကသင့်အားခွင့်လွှတ်လိမ့်မည် မဟုတ်' လို့ရေးထားတယ်။ အဲဒါဥပဒေရဲ့သဘောပဲ။ ခင်ဗျားအတွက် ပြောတာ ခင်ဗျားဟာခင်ဗျား ဒီမှတ်ပုံတင်ကတ်ပြားကို နိုင်ငံသား စိစစ်ရေးကတ်ပြားနဲ့ လဲချင်လဲ မလဲချင်လည်းနေလို့ ပြောပစ်လိုက် တယ်။ လူတွေကကိုယ်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ ဥပဒေလောက်ကိုပဲ စိတ်ဝင်စားတယ်။ တစ်မျိုးသားလုံးနှင့်ဆိုင်တဲ့ကိစ္စတွေကို စိတ်မဝင် စားဘူး။ နိဂုံးချုပ်အားဖြင့် ဝန်ထောက်ဦးမြဲရဲ့ 'မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်' ဆိုတဲ့ဆောင်ပုဒ်နှင့် ဝန်ထမ်းတွေကို သတိပေးထားသလို ကျွန်တော်ကတော့ မောင်တော၊ ဘူးသီးတောင် သာမက နယ်စပ်တွေမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေအားလုံး ဝန်ထမ်း အားလုံးကို အမျိုးပျောက်မှာ စိုး ကြောက်လှပါတယ် လို့ပဲ စိုးရိမ်စိတ်နဲ့ ပြောကြားရင်း နိဂုံးချုပ်ပါရစေတော့ဗျာ။

ဝေဟင်အောင်
၅၊ ၁၀၊ ၂၀၁၃။

ကျမ်းကိုး
ထွန်းရွှေခိုင်(၀ိဇ္ဇာ) - ရခိုင်မဟာရာဇ၀င်ကြီး ၊ စာ - ၄၅၀ တွင် စန္ဒသုဓမ္မရာဇာတွင် အကျယ်ဖတ်နိုင်သည်။
The Voice - အမျိုးပျောက်မှာ စိုးကြောက်လှပါသည် ရခိုင်ပြည်။
ခိုင်ထူး - "ကမန် ” (သို့မဟုတ်) “ ကုလား ” ၀င်ပေါက် -
http://arakantimes.net/burmese/index.php/2013-03-09-12-24-10/287-2013-03-20-14-02-53

ဝန်ခံချက် - ဤဆောင်းပါးတွင် စာရေးသူ ဖတ်မိသမျှထဲမှ ကမန်အကြောင်းကို ထုတ်နုတ်ခဲ့ပြီး တစ်ခုခု အမှားပါခဲ့လျှင် စာရေးသူ၏ တာဝန်သာဖြစ်ပါသည်။ နားလည်မှုဖြင့် ခွင့်လွတ်ပေးပါရန် အနုအညွတ်တောင်းပန်ပါသည်။

No comments:

Post a Comment