ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

အားတင်ထားပါ...။

ရခိုင် .. စိတ်ပျက်အားလျော့နေပြီးလား
စိတ်ဓာတ်တွေကို မကျမိပါစေနဲ့ကွယ်..။
ရခိုင်.. မင်းတို့ရဲ့ဘ၀က
ရင်နာစရာပါလားနော်..
ကုလားလည်း ကြောက်ရ
အစိုးရလည်း အားကိုးမရ
အနာဂတ်ဆိုတာ ဘာမှန်းကို မသိသေး..
သောင်ပြင်မှာ လွတ်နေတဲ့ ခွေးတစ်ကောင်လို့ပါလားကွယ်..
မင်းတို့ကံကြမ္မာ မင်းတို့ မပိုင်တော့
လုပ်သမျှ ခံ၊ ပြုတ်သမျှ နူးရတာပေါ့...
ဒါပေမယ့် .. စိတ်ဓာတ်တော့ မကျမိပါစေနဲ့နော်
ညပြီးရင် နေ့ဆိုတာရှိသေးတာပဲ..
အမှောင်ကုန်တော့ အလင်းလာမှာပေါ့..
ရှိသမျှအားနဲ့ နောက်ဆုံးအချိန်ထိ
တိုက်ပွဲဝင်သွားဖို့ အဆင့်သင့်လုပ်ထားစမ်းပါ..
ရခိုင်.. မင်းတို့ရဲ့ အတိတ်သမိုင်းမှာ
ဆုံးဖြတ်ချက် အမှား၊ ရွေးချယ်မှု အမှားတွေကြောင့်
မင်းတို့က အတိတ်ခေါင်းဆောင်တွေကို အပြစ်တင်မိသလို
မင်းတို့ လက်ထက်မှာ နောက်ထပ် အမှားလုပ်ခွင့် မပေးတော့ဘူး။
အားတင်းထားစမ်းပါ..
ငါတို့ သွေးတွေ လည်ပတ်နေသေးတယ်..
ငါတို့ အရိုးတွေ ပြိုင်ပြိုင်ထနေသေးတယ်..
ငါတို့ ခွန်အားတွေ ရှိနေသေးတာပဲ..
ငါတို့ မျိုးဆက်တွေကို ကောင်းသော အမွေတွေကို ပေးရအုံ့မယ်..
သူတို့တတွေကို ငါတို့ လမ်းပြပေးခဲ့ရအုံ့မယ်..
လာ..ထွက်ခဲ့စမ်းပါ
ဒီတစ်ချီမှာ ငါတို့ စည်းလုံးမှုအားနဲ့ ငါတို့ မျိုးဆက်အတွက်
သမိုင်းမှာ ဒီလိုရှိခဲ့တယ်ဆိုတာကို အတူလက်တွဲ သက်သေပြလိုက်ကြရအောင်..

ဝေဟင်အောင်
၂၄၊ ၃၊ ၂၀၁၄။

No comments:

Post a Comment