ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

ခြေလှမ်းသစ်များနှင့် ရခိုင့်အမျိုးသားညီလာခံ


တိုက်ပွဲတစ်ပွဲတွင် ရန်သူ၏ အင်အားကို မသိဘဲ တိုက်ခိုက်ခြင်း၊ မိမိအင်အားကို မသိဘဲ ရန်သူကို တိုက်ခိုက်ခြင်း၊ အခြေအနေနှင့် အချိန်အခါကို မသုံးသပ်ဘဲ တိုက်ခြင်းသည် အမိုက်မဲဆုံး လုပ်ရပ်ဟု တရုတ်တို့၏ စစ်ရေးပါရဂူ ဆွန်ဇူးက ပြောဖူးသည်။

၂၇-၄-၂၀၁၄ ရက်နေ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပမည့် ရခိုင့်အမျိုးသားညီလာခံပွဲအတွက် ဝေဖန်သံ၊ အပြစ်တင်သံ၊ အားရသံများဖြင့် ရခိုင်အမျိုးသားတိုင်း ပြည်တွင်းပြည်ပတွင် သောသောညံနေသည်။ ယနေ့အချိန်အခါဖို့ အမျိုးသားညီလာခံ တစ်ခု လိုအပ်နေပြီးလော့။ အမှန်တကယ့် အမျိုးသားအကျိုးစီးပွါးအတွက် မြေပေါ်မြေအောက် နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၊ ပြည်တွင်းပြည်ပ ကွဲပြားနေသော ပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် စည်းလုံးညီညွတ်သော ရခိုင်အမျိုးသားဘုံဝါဒ တစ်ခု လိုအပ်နေပြီးလားဟု မေးစရာဖြစ်လာသည်။

ရခိုင်အမျိုးသားညီလာခံ ကျင်းပဖို့အတွက် ၂၀၁၃ ခုနှစ် ဇန်ဇ၀ါရီလက ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကျင်းပပြုလုပ်ခဲ့သော ညီလာခံမှ စတင်ခဲ့ခြင်းဖြစ်သည်။ ရခိုင်အမျိုးသားရေးကို ရှေ့ရှုပြီး ရခိုင်အဖွဲ့အစည်းများ ကိုယ်စားပြု အဖွဲ့များမှ ချမှတ်ခဲ့ခြင်းဖြစ်သည်။


"ကျနော်တို့က မတူညီတဲ့ အတွေးအခေါ်တွေရှိနေပေမယ့် ဦးဆောင်မှုတစ်ခု အောက်ကနေပြီး တူညီတဲ့ ပန်းတိုင်တစ်ခုကို အရောက်သွာဖို့အတွက် ဖြစ်ပါတယ်။ အဓိကအားဖြင့် ရခိုင်ပြည်သူလုထု စည်းလုံးညီညွတ်ရေး၊ တန်းတူရေးနဲ့ တရားမျှတရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့အတွက် မဟာဗျုဟာများ၊ နည်းဗျုဟာများချမှတ်ကာ ဆောင်ရွက်သွားဖို့လည်း ရည်ရွယ်ပါတယ်။ ရခိုင်လူမူဘ၀ ဖွံဖြိုးတိုးတက်ရေးအတွက်ကတော့ နိုင်ငံတော်က ချမှတ်ထားတဲ့ ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားကာ ခေတ်မှီတိုးတက်တဲ့ ရခိုင်ပြည်နယ်သို့ တက်လှမ်းနိုင်ရေးအတွက် မူဝါဒတွေအပြင် အဲဒီချမှတ်လိုက်တဲ့ မူဝါဒတွေကို လက်တွေ့အကောင်ထည် ဖော်နိုင်ရေးအတွက် အဲဒီညီလာခံကနေ ဆုံးဖြတ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု ရခိုင်အမျိုးညီလာခံ ကျင်းပမည့် ရည်ရွယ်ချက်နှင့် ပတ်သတ်ပြီး ရခိုင်တိုင်းရေးသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားသည်။

အမျိုးသားညီလာခံ ကျင်းပရခြင်း ရည်ရွယ်ချက်ပင်လျှင် မတူညီခြင်းများကို ပေါင်းစပ်ပြီး ဘုံသဘောတူချက် ချမှတ်ခြင်းဖြစ်သည်။ ယခုကျင်းပမည့် အမျိုးသားညီလာခံသည် ၂၀၁၃ ဇန်နဝါရီလတွင် တစ်ကြိမ်၊ သြဂုတ်လမှာ တစ်ကြိမ်၊ ၂၀၁၄ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတစ်ကြိမ် စုစုပေါင်း ၃ ကြိမ် အစည်းအဝေး ပြုလုပ်ထားသည်ဟု ဆိုသည်။ ထိုပြင် အမျိုးသားညီလာခံ ကျင်းပနိုင်ဖို့ ကျင်းပရေးကော်မတီဝင်များမှ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အပါအ၀င်၊ ရခိုင်ပြည်ပြင်ပများထိ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးဆောင်ရွက်ချက် များကို တွေ့ရသည်။

ညီလာခံနှင့်ပါတ်သတ်ပြီး ညီလာခံဖြစ်မြောက်ရေး ကော်မတီ(ရန်ကုန်)က
၁။ ညီလာခံ ကျင်းပရေးကော်မတီ
၂။ လုပ်းငန်းကော်မတီ
၃။ ဆက်ဆံရေးနှင့် စည်းရုံးရေး ကော်မတီ
၎။ အကောင်အထည် ဖော်ဆောင်ရေးကော်မတီ
၅။ အမျိုးသား လေ့လာဆန်းစစ်ရေး မှတ်တမ်းနှင့် သုတေသနစုပေါင်းကော်မတီဆိုပြီး စုစု ပေါင်းကော်မတီ ၅ ဖြင့်ဖွဲ့စည်းသည့်အပြင် လုပ်ငန်းများအဆင်ပြေချောမွတ်စေရန် ကော်မတီ ၇ ရပ်ထိတိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လှုပ်ရှားမှု အဆင့်ဆင့်တို့ကိုလည်း ကြားသိခဲ့ရသည်။

စာရေးသူ လေ့လာမိသလောက် ရခိုင်ပြည်နယ်တွင် ပြည်တွင်းပြည်ပ မျက်နှာစုံ ညီလာခံကျင်းပခဲ့ခြင်းကို မတွေ့ရှိရပေ။ ရခိုင်ပြည်နယ် တွင် ၁၉၄၆ ခုနှစ်တွင် စစ်တွေမြို့နယ် တောကန်ညီလာခံ၊ ၁၉၄၇ ခုနှစ်တွင် မြေပုံမြို့နယ် ကြာအင်းတောင် ညီလာခံ၊ ၁၉၄၇ ခုနှစ်တွင် ဖဆပလမှ ကြီးမှူးကျင်းပခဲ့သည့် ရသေ့တောင်ညီလာခံတို့ကို ကျင်းပခဲ့သော်လည်း ညီလာခံဖြင့် မျိုးဆက်ပြတ်လတ်မှုကို ၆၅ နှစ်ကြာပြီး အနီးကပ်ဆုံးအဖြစ် ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၂၅)ရက်မှ (၂၆)ရက်နေ့အထိ နှစ်ရက်တာကျင်းပခဲ့သော ရသေ့တောင်ညီလာ ဖြစ်သည်။ ထိုညီလာခံသည်လည်း ရခိုင်သမိုင်းတွင် ကြီးကျယ်ခန်းနားခဲ့ပြီး အထူးသဖြင့် ပြည်တွင်းအင်အားများဖြင့် ကျင်းပခဲ့ခြင်းသည်။ ပြည်ပအဖွဲ့အစည်းများမှ သ၀န်လွှာများသာ ပေးပို့နိုင်ခဲ့ပြီး လူကိုယ်တိုင်း၊ ကိုယ်စားကိုယ်တိုင်း တက်ရောက်နိုင်ခဲ့ခြင်းများ မရှိခဲ့ပေ။ ယင်းမှ ပေါက်ဖွားပေးလိုက်သော ရခိုင်လူမှုကွန်ယက်အဖွဲ့အစည်းများ ပေါ်ပေါက်လာပြီး ရခိုင်ပြည်တွက် တက်ကြွစွာ ဆောင်ရွက်ချက်များကို တွေ့ရှိရသည်။

ရသေ့တောင်ညီလာခံပြီးနောက် ရခိုင်ပြည်နယ်တွင် တောင်ကုတ်မြို့တွင် ကျင်းပခဲ့သော ရခိုင်ကွန်ယက် အမျိုးသားညီလာခံ၊ ပထမအကြိမ် ရခိုင်လူငယ်ဖိုရမ်(စစ်တွေ)၊ ဒုတိယအကြိမ် လူငယ်ဖိုရမ်(မြောက်ဦး)၊ ရခိုင်အမျိုးသမီးညီလာခံ(စတုတ္ထအကြိမ်)တို့ကို ဆင့်ကဲ့အဖြစ် ပြည်တွင်းတွင် တွေ့ရှိလာရသည်။ ညီလာခံတိုင်းသည် အမျိုးသားအကျိုးစီးပွါးအတွက် ကောင်းခြင်း လက္ခာများကို တွေ့ရှိရသည်။

ယခုတစ်ကိမ် ၂၇-၃-၂၀၁၄ ရက်နေ့တွင် ကျောက်ဖြူမြို့တွင် ကျင်းပမည် ရခိုင်အမျိုးသားညီလာခံသည် ပြည်တွင်းအဖွဲ့အစည်းများ၊ ပြည်ပအဖွဲ့အစည်းများ၊ တစ်သီပုဂ္ဂလ ပညာရှင်များ၊ လေ့လာသူများနှင့် တခြားဆိုင်ရာ ပုဂ္ဂိုလ်တို့အနေဖြင့် တက်ရောက်ကြမည်ဟု သိရှိထားရသည်။ ညီလာခံနီးကပ်လာသည်နှင့်အမျှ ရံပုံငွေရှာဖွေသည့်အဖွဲ့များ၊ စာတမ်းပြုစုသည့်အဖွဲ့များ၊ အခမ်းအနား ပြင်ဆင်သည့် အဖွဲ့များဖြင့် အလုပ်ရှုပ်လျှက်ရှိနေကြသည်။ သို့ရာတွင် အမျိုးသားညီလာခံကို မချီတက်ခင်း ကြားကာလ ဖြတ်သန်းရပုံများကို စာရေးသူက ခြေလှမ်းများဖြင့် ကောက်ကြည့်မိသည်။

အမျိုးသားညီလာခံသို့ ချီတက်မသွားခင် ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေက မုန်းတိုင်းထန်နေသည်။ စာရေးသူ တစ်ဆင့်ချင်းကို သတင်း ဒိုင်ယာရီအဖြစ် တင်ပြပေးလိုသည်။ ခြေလှမ်းတိုင်းသည် ရခိုင်အမျိုးသားများအတွက် အရေးကြီးပြီး နောက်ဖြစ်လာမည့် အကျိုးဆက်များကို အမျိုးသားညီလာခံတွင် ထည့်သွင်းဆွေးနွေးသင့်လိမ်မည်ဟု ယူဆပေသည်။

ပထမဦးဆုံး သန်းခေါင်စာရင်း ကောက်ခံဖို့ ၄၁ ရက်အလို လောက်ဖြစ်သည့် ၁၆-၃-၂-၂၀၁၄ ရက်နေ့က သန်းခေါင်စာရင်းကောက်ခံမှုကို ကန့်ကွက်သည့် အနေဖြင့် ရခိုင်ပြည်နယ် (၁၁)မြို့နယ်တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ရခိုင်ပြည်သမိုင်းတွင် အကြီးကျယ်ဆုံး ဆန္ဒပြမှု ဖြစ်သည်။ လူထုပါဝင်မှု အများဆုံး ကန့်ကွက်ပွဲတစ်ခုကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။ ၉၁၄ အခြားဆိုသည့် ကုဒ်ပါတ်ဘေးနားတွင် ပါဝင်မည့် "ရိုဟင်ဂျာ"ဆိုသည့် စကားလုံး ရခိုင်တစ်မျိုးလုံး တစ်သံတည်းညီညာစွာ ကန့်ကွက်ခဲ့ခြင်းသည်။ ၇၀၁ သည် ရခိုင်လူမျိုး ကုဒ်နံပါတ်ဖြစ်သည်။ လက်ရှိ ရခိုင်တစ်မျိုးသားလုံး အန္တရာယ်ကို တွေ့ရှိသကဲ့သို့ နောက်ဖြစ်လာမည် အမျိုးသားအန္တရာယ်ကို ၀ိုင်းဝန်းတိုက်ထုတ်ကြမည့် ပထမဦးဆုံး ခြေလှမ်းအ စဖြစ်သည်။

ယင်းအပြင်း ၂၀.၃.၂၀၁၄ ရက်နေ့က "ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှု လုပ်ရန်လိုပြီလား" အမည်ရ အဆိုပါ ဆောင်းပါးကို Zeeshan Khan ဆိုသူက ရေးသားခဲ့ပြီး Dahaka Tribune တွင် ဖော်ပြခဲ့သည်။ ထိုသတင်းကိုပင် ရခိုင်အမျိုးသားတို့မှ ဦးဆောင်ပြီး ၂၆-၃-၂၀၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ မြန်မာနိုင်ငံအစိုးရမှလည်း ၂၁-၃-၂၀၁၄ ရက်စွဲဖြင့် Dahaka Tribune သတင်းဌာနကို ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုဖြင့် ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ ဒါလည်း ရခိုင်အမျိုးသားညီလာခံကို ချီတက်မည့် အကြောင်းအရာများစွာထဲတွင် တစ်ခုအပါဝင် ဖြစ်လာလိမ်မည်။

သန်းခေါင်စာရင်းနဲ့ ဆက်စပ်ပြီး ၂၁.၃.၂၀၁၄ ရက်နေ့ ရခိုင်တစ်မျိုးသားလုံးက အစိုးရဆီမှ သန်းခေါင်စာရင်းနဲ့ ပတ်သတ်ပြီး နေ့လည်း ၁၂း၀၀ နာရီကို နောက်ဆုံးတောင်းဆိုခဲ့သော်လည်း အစိုးရ တုန့်ပြန်မှု မရှိခဲ့ချေ။ ထို့ကြောင့် သန်းခေါင်စာရင်း ကောက်ခံမှုကို ရခိုင်တစ်လုံးအတိုင်းအတာဖြင့် သပိတ်မှောက်အထိမ်အမှတ်အဖြစ့် သာသနာ့အလံများကို အိမ်တိုင်းတွင် လွင့်ထူးပြီးသပိတ်ကို စတင်လုပ်ဆောင်ခဲ့ကြသည်။ သို့ရာတွင် ကံမကောင်းချင်တော့ အခြားသော ပယောဂတစ်ခု တိုက်ဆိုင်စွာပင် ၀င်ရောက်လာခဲ့သည်။

၂၆-၃-၂၀၀၄ ရက်နေ့ ညနေ ၇း၀၀နာရီ ပတ်ဝန်းကျင်လောက်တွင် ( Malteser) NGO အဖွဲ့မှ အမေရိကန်နိုင်ငံသူ အရာထမ်းတစ်ဦး ဖြစ်သူ Ms. Yevon က သူတို့ ငှါးထားသည့်အိမ်မှ သာသာနာ့အလံကို ဖြုတ်ယူပြီး သာသနာ့အလံကို အိပ်ထဲတွင် ထည့်ရာ မဆံ့သဖြင့် ခါးကြားထိုးရာ ဖင်ကြားတွင် ညှပ်သလို ဖြစ်ရာမှစတင်ပြီး အနီးအနားမှ လူငယ်များနှင့် အမျိုးသမီးများ ကန့်ကွက်ရာမှ စတင်ပြီး အခင်းဖြစ်ပွါးခဲ့သည်။ အခင်းဖြစ်ပွါးမှုကြောင့် NGO များငှါးရမ်းထားသည့် ကျောင်းတက်လမ်းရပ်ကွက်၊ ဘောက်သီးစုရပ်ကွက်၊ ဘောင်းဒွတ်သားစု ရပ်ကွက်များတွင် အခင်းဖြစ်ပွါးခဲ့သည်။ ထိုနေ့ ညဥ့် ၁၁း ၅၅ မိနစ်တွင် အစိုးရ လုံခြုံရေးများမှ သေနတ်ပစ်ဖောက်ပြီး ထိန်းသိမ်းခဲ့ရသည်။

၎င်းနှင့် ဆက်စပ်ပြီး ၂၇.၃.၂၀၁၄ ရက်နေ့တွင် အခင်းဆက်လက်ဖြစ်ပွါးခဲ့ပြီး စစ်တွေမြို့ တစ်ခုလုံးတွင် NGO များ ငှါးရမ်းထားသည့် အိမ်တိုင်းအလိုလို ဖျက်ဆီးခံလိုက်ရသည်။ ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်းကတည်းက INGO, NGO များအပေါ်တွင် အမြင်မကြည်ခဲ့သော ဒေသခံများ၏ ဒေါသသည် အစရသည်ဆိုလျှင်ပင် မီးစကဲ့သို့ တောက်လျှောက် ဖြစ်ပေါ်သွားခဲ့သည်။ ယင်းမတိုင်းခင်ကပင် INGO, NGO များကို ဒေသခံများက အမျိုးမျိုးသတိပေးခဲ့ကြသည်။ ယင်းနဲ့ ဆက်စပ်၍ နဂိုကတည်းက ညနေပိုင်း ၅း၀၀ နာရီခန့်လောက်တွင် ရူပတောင်ရပ်ကွက်၊ WFP အဖွဲ့၏ ဆန်များသိုလှောင်ထားသည့် ဂိုဒေါင်းမှ လုံခြုံရေးများ ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မညီးမဆိုသည့် အမျိုးသမီးငယ်မှာ ခါးတွင်သေနပ်ဒဏ်ရာဖြင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံးအရောက်တွင် သေဆုံးသွားခဲ့သည်။ ညမထွက်ရအမိန့် ၁၄၄ ကို တိုးမြှင့်လိုက်ပြီး ယခင် ညဥ့် ၁၂ နာရီမှ နံနက် ၅ နာရီကို ည ၆ နာရီမှ နံနက် ၆ နာရီထိ တိုးမြှင့် သတ်မှတ်လိုက်သည်။

သန်းခေါင်စာရင်းနဲ့ ပတ်သတ်ပြီး ၂၄.၃.၂၀၁၄ ရက်နေ့ထိ သန်းခေါင်စာရင်းနှင့် ပတ်သတ်ပြီး AA ရက္ခိုင်တပ်မတော်၊ မဗသ(အထက်မြန်မာပြည်)၊ ALP ၊ အမေရိကန်နိုင်ငံ လူမှုကူးညီရေးအသင်း၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု (၇)စုမှ သဘောထားထုတ်ပြန်၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီသန်းခေါင်စာရင်း နာမည်လိမ်တိုက်ဖျက်ရေး ကော်မတီ(စစ်တွေ) တို့မှ စတိတ်မန့် ထုတ်ပြန်ထား ခဲ့သည်။ ယင်းနဲ့ ဆပ်စပ်ပြီး ရခိုင်ပြည်နယ်တွင် မြို့နယ်စုံနီးပါး ကန့်ကွက်ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပြီး မန္တလေး၊ လားရှိုး၊ ရန်ကုန်၊ အမေရိကန် နိုင်ငံတို့တွင် ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့ကြသည်။

ရခိုင်တို့၏ အမျိုးသားစည်းလုံးမှု သင်္ကေတအဖြစ် ၂၇-၃-၂၀၁၄ ရက်နေ့စွဲဖြင့် ရခိုင်အမျိုးသားပါတီ(ANP)၏ ၁/၂၀၁၄ ကြေငြာချက်ကို ပထမဦးဆုံးထုတ်ပြန်ခဲ့သည်။ ရခိုင်အမျိုးသားညီလာခံသည်လည်း အလွန်နီးကပ်သို့ အချိန်သော ရောက်သွားပေလိမ်မည်။ ဧပြီလ ၁၃ ရက်နေ့ ရခိုင်တို့၏ အတာသင်္ကြန်ကို အကောင်းဆုံး ပျော်ရွင်ဖြတ်သန်းကြပြီး ရခိုင်အမျိုးသား ဘုံသဘောတူတစ်ကို ဆုံးဖြတ်ဖို့ ရခိုင်သားမှန်လျှင် ရခိုင်မျိုးသားညီလာခံ (ကျောက်ဖြူမြို့)သို့ ချီတက်ကြပါစို့လို့ တိုက်တွန်းလိုက်မိသည်။

စည်းလုံးညီညာ ၊ စဉ်ခိုင်မာဖို့
သာယာရွှေပြည် ၊ ဓွန့်ရှည်တည်ဖို့
ခေတ်မီဖွံ့ဖြိုး ၊ အလှတိုးဖို့
ခိုင်မာဘုံဝါဒ၊ ဖြစ်ပေါ်လာဖို့
အမျိုးသားရေး ၊ အလေးပေးဖို့
အမျိုးသားညီလာခံ၊ တက်ကြစို့။

ဝေဟင်အောင်
၂၉၊ ၃၊ ၂၀၁၄။




ဖွံ့ဖြိုးတိုးတက်ရေး ဂျာနယ်တွင် ဖော်ပြပြီ။
http://www.arakantimes.net/burmese/index.php/2013-03-09-12-24-10/676-2014-04-08-11-50-21

No comments:

Post a Comment