ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

ရခိုင်ပြည်လွတ်မြောက်ရေးပါတီဥက္ကဌခိုင်မိုးလင်း၏အတ္ထုပတ္တိအကျဉ်း

ရခိုင်ပြည်လွတ်မြောက်ရေးပါတီဥက္ကဌလည်းဖြစ် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးခိုင်မိုးလင်းကို ရခိုင်ပြည် ရသေ့တောင်မြို့ အ၀ဒါကျေးရွာတွင် အဖဦးမောင်ဖြူသီး အမိဒေါ်လှညွှန့် ဦးတို့ မှ ၁၉၄၃ ခုနှစ်တွင်ဖွားမြင်ခဲ့ပြီးငယ်နာမည်မှာ ထွန်းစိန်လှဖြစ်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် တွင်းဥက္ကဌကြီးခိုင်မိုးလင်း၏ ကိုယ်ပိုင်နံပါတ်မှာ AC/001 ဖြစ်သည် ဥက္ကဌကြီးခိုင်မိုးလင်းသည်အခြေခံပညာ အထက်တန်းအောင်မြင်ပြီးနောက် ၁၉၆၃ ခုနှစ်တွင် ရခိုင်ပြည်လွတ်လပ်ရေးအတွက် ဖွဲ့ စည်းကြသော စစ်ကောင်စီမြေအောက်တော်လှန်ရေးတွင်ပါဝင်ခဲ့သည် ၄င်းစစ်ကောင်စီသည် ၃-၄ နှစ်ခန့် လှုပ်ရှားပြီးကျယ်ပြန့် သောအင်အားစုဖြစ်လာရန် ၁၉၆၇ ခုနှစ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကိုဖွဲ့ စည်းတည် ထောင်ခဲ့ကြသည်

ထိုသို့ ဖွဲ့ စည်းချိန်တွင် တွဲဘက်အတွင်းရေးမှူးအဖြစ် ဥက္ကဌခိုင်မိုးလင်းသည် ပါတီ၏ခေါင်း ဆောင်မှုအခန်းမှပါဝင်ခဲ့ပြီး ရန်သူ့ လက်နက်ကိုယ့်လက်နက်ဖြစ်ရေးအတွက် ပါတီ၏သဘောတူဆုံးဖြတ်ချက် အရမြန်မာ့တပ်မတော်(ရေ)သို့ ဝင်ရောက်ခဲ့သည် ၁၉၆၈ ခုနှစ်တွင် ရခိုင်အမျိုးသား ၂ ဦး၏ သစ္စာဖောက်မှု ကြောင်းအစိုးရ၏ဖမ်းဆီးထောင်ချ ညှင်းပန်းနှိပ်စက်မျိုးစုံကိုခံခဲ့ရသည် ၁၉၇၃ ခုနှစ်တွင် အကျဉ်း ထောင်မှပြန်လည် လွတ်မြောက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU တည်ရှိရာနယ်မြေသို့ ထွက်ခွာကာ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆာင်များနှင့် ရခိုင့်တော်လှန်ရေးအား အကူအညီပေးရန်အတွက် ဆွေးနွေးရာ KNU ခေါင်းဆောင်များဖြစ်သော မန်းဘဇံ ဗိုလ်ချုပ်စောဘိုမြတို့ ထံမှအကူအညီပေးမည့် သဘော တူညီချက်အားရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည် ထိုသဘောတူညီချက်ကို ရရှိပြီးနောက်ဥက္ကဌခိုင်မိုးလင်းသည်ရခိုင့် အမျိုးသားရေးအပေါ်သစ္စာစောင့်သိသောရခိုင်လူငယ်များကိုစည်းရုံးပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီကိုပြန်လည်ဖွဲ့ စည်းခဲ့သည်

ထိုအချိန်မှစပြီး ကရင်အမျိုးသားအစည်းအရုံး KNUနှင့်လက်တွဲကာဦးနေ၀င်း အစိုးရအားကရင်ပြည်တွင် ၁နှစ်ခန့် ကြာတိုက်ပွဲဝင်ခဲ့သည် ၁၉၇၆ ဇွန်လ (၂၀)ရက်နေ့ တွင်ကရင်ပြည်သော် လဲ့ထာစခန်းမှ မိုင်ပေါင်း ၁၀၀၀ ကျော်ဝေးသော ရခိုင်ပြည်သို့ ခရီးရှည်စတင်ချီတက်ခဲ့သည် ၁၉၇၇ ခုနှစ်တွင် ရခိုင်ပြည်နှင့်နီးကပ်သော ချင်းပြည်သို့ ရောက်ရှိစဉ်မြန်မာ့တပ်မတော် နမခဗျူဟာ(၂) ဗျူဟာမှူးဗိုလ်မှူးကြီး မျိုးညွှန့်(သာသနာရေးဝန်ကြီးဖြစ်ခဲ့သူ) ဦးစီးသောမြရတာနာစစ်ဆင်ရေးတပ်များ နှင့်လှံစွပ်ထိုးပွဲအပါအ၀င် တိုက်ပွဲကြီးငယ်ပေါင်း ၂၉ ကြိမ်ထက်မနည်းဖြစ်ခဲ့ဖြစ်ပြီး စားနပ်ရိက္ခာနှင့်အဆက်အသွယ်များဖြတ် တောက်ခံရ ကာချေမှုန်းခံခဲ့ရသည် ထိုအချိန်တွင် ဥက္ကဌခိုင်မိုးလင်းသည် ရန်သူ့ ထံအညံမခံဘဲ ၁၉၇၇ ခုနှစ် ဇွန်လ (၄) ရက်နိန်တွင် သူရဲကောင်းပီးသစွာဖြင့်ချင်းပြည်နယ် တွန်းဇံတံတားပေါ်တွင်မိမိကိုယ်ကိုပစ္စတိုဖြင့် စတေးသွားခဲ့သည်။

No comments:

Post a Comment