၂၇၊ ၄၊ ၂၀၁၄ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန် သဘာဝဓာတ်ငွေ့ သိုလှောင်ရုံသို့ ကျောက်ဖြူမြို့နယ်မှ ညီငယ်နှစ်ယောက်လိုက်ပို့ချက်အရ သွားရောက်လေ့လာခွင့်ရရှိခဲ့ပါတယ
“အစ်ကို ဒီမှာ အလုပ်လုပ်တာ တစ်နေ့ကို ဘယ်လောက်ရလဲ”လို့ ကျနော်မေးကြည့်တော့
“တစ်နေ့ကို ၄၅၀၀ ကျပ်ရပါတယ်”လို့ ဖြေခဲ့တယ်။ ခေတ်အခြေအနေအရ ပိုက်ဆံ ၄၅၀၀ ကျပ်ဆိုတာ မိသားစုတစ်စုအတွက် ဘယ်လိုမှ လောက်ငှသည့် ငွေမဟုတ်မှန်းကို တွက်ကြည့်ရင် သိနိုင်ပါတယ်။ အလုပ်သမားတစ်ဦးရဲ့ ရပိုင်ခွင့်ဆိုတာ သူတို့ကတော့ သိပုံမပေါက်ဘူး။ လုပ်သမျှကို ခံနေရတဲ့ ဘ၀ဆိုတာ ပြောစရာတောင်မလိုပါဘူး။ ဒေသခံရခိုင်အလုပ်သမားတွေကို ထားတဲ့နေရာဟာ နွားတင်းကုတ်ထက် ဆိုးဝါးသေးတယ်ဆိုရင် လွန်မယ်လို့ မထင်ပါဘူး။ တရုတ်အလုပ်သမားတွေနဲ့တော့ မိုးနဲ့မြေလို ကွာခြားပါတယ်။ သဘာဓာတ်ငွေ့သိုလှောင်တဲ့နေရာကို
ငါ့အသွေးလည်းကို ဆွဲနုတ်
ငါ့အသက်ကိုလည်း ဆွဲထုတ်
ငါ့သွေးတွေကို ဖောက်ထုတ် ယူသွားကြတယ်..
ယူသွားကြပေါ့လေ ..
ငါကျေကျေနပ်နပ် လက်ခံတယ်လို့တို့ မထင်လိုက်နဲ့
ဟို .. ကြည့်လိုက်စမ်း
ပြည်ပသွားလည်း ကျွန်
ပြည်တွင်းနေလည်း ကျွန်
ကျွန်..ကျွန်ချင်းဂုဏ်ပြိုင် ဘယ်သူမွဲပြာကျနိုင်မလဲ
အာဏာရှိသူက မျက်ကွယ်ပြု
မဟာတရုတ် မဟုတ်တရာတွေက
မြေပေါ်မြေအောက် သောက်သောက်လဲ ယူကြကုန်တာပေါ့။
ယူကြပါစေကွယ်
ဒို့အစိုးရတောင် ပေးသေးတာပဲ
ရက်ရောတဲ့ ဒို့လူမျိုးတွေ
လက်ပိုက်ကြည့်နေရုံမှ တစ်ပါး
ဘ၀နာပွါးကြရုံပေါ့။
ဝေဟင်အောင်
၂၊ ၅၊ ၂၀၁၄။
No comments:
Post a Comment