မိုး -
ရွာမယောင်၊ ရွာယောင်
သူဟန်ဆောင်လဲ
ရွာစေချင်တဲ့ ဒီလူမှာ
ရွာသာ ရွာပါတော့
ဆုတောင်းရ အကြိမ်ကြိမ်။
မိုး-
လေဟုန်ကိုစီး မိုးသီးတွေကြွေ
ရွာပါသော်လည်း ပြာသိပ်မိုးလောက်
တဖြောက်ဖြောက် .. စိုရုံလောက်သာ
ရွာလာတဲ့ ဒီမိုး ဆဲရုံသာ ရှိတော့တယ်။
မိုး -
“မရွာလည်း ဆဲ ၊ ရွာလည်း ဆဲ” တဲ့ သည်မိုး
ဒီမနုဿ ဒီလူက
ဒီတစ်ခါတော့ “တ”တော့မယ်။
ဝေဟင်အောင်
၉၊ ၅၊ ၂၀၁၄။
No comments:
Post a Comment