ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

အရိပ်မပေးနိုင်သော သစ်ပင် ?


ယနေ့ စောစောစီစီ စစ်တွေမြို့ရဲ့ ဈေးကြီးကို ကျနော်မဒီနဲ့ ဈေးဝယ်ထွက်ခဲ့တယ်။ သူကတော့ ဈေးထဲကို ၀င်သွားပြီး ကျနော်ကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်လျှောက်လည်ကြည့်နေမိခဲ့တယ်။ ဈေးရဲ့ တစ်နေရာမှာ “အဘွားမှာ ဈေးဦးတောင် မပေါက်သေးပါဘူး တူလေးရယ်။ လောလောဆယ် ဈေးဦးတောင် မပေါက်သေးဘူး။ နောက်တခေါက် လာလှည့်မှ ယူပါ” လို့ အဘွားအိုတစ်ယောက်ရဲ့ အသံ။ သူရောင်းနေတဲ့ ပစ္စည်းတွေက ခရမ်းသီး၊ မူလာဥ နည်းနည်းရယ်၊ အရွယ်ကတော့ အသက် ၆၀ ကျော်အရွယ်လောက်ရှိမယ်။ လူငယ်က “မရဘူး၊ အခုပေးရမယ်။ အပေးဘူးဆိုရင် ဒါကို သိမ်းမယ်”ဆိုပြီး ခရမ်းသီ တွေကို ကောက်ယူလိုက်တယ်။ ကျနော်လည်း တော်တော်ကို စိတ်မကောင်း ဖြစ်သွားတယ်။ အဘွားကြီးက မျက်နှာငယ်လေးနဲ့ ပါးစပ်ကလည်း အသံချိုလေးတွေနဲ့ တောင်းပန်ပါတယ်။ အဘွားကိုတော့ ဘယ်သူမှ ကူးမယ့်သူမရှိဘူး။ ဈေးဝယ်တဲ့သူတွေကလည်း တွေ့နေကျ ပုံစံအတိုင်းပဲ ဖြတ်လျှောက်သွားကြတယ်။ ဒါကတော့ နေ့စဉ်တွေ့နေကျထဲက သမားရိုးကျ ပုံစံတခု ထင်ပါရဲ့။

ကျနော်လည်း အတွေးတစ ရလာခဲ့တယ်။ ကျနော် (၁၀)တန်း ကျောင်းသား ဘ၀တုန်းကပါပဲ.. ဆရာမ တစ်ဦးက မေးခဲ့ဖူးပါတယ်။ အပင်တော့ ပါတယ် ၊ ဒါပမယ့် အရွက်မရှိဘူး၊ အသီး မသီးဘူး၊ အရိပ်လည်း မရဘူး။ အဲဒီအပင်ကို သိသလားလို့ မေးခဲ့ဖူးပါတယ်။ အဖြေကိုတော့ အဲဒီအရွယ်တုန်းက မသိခဲ့ပါဘူး။ ဆရာမပဲ ဖြေခဲ့ရပါတယ်။ အခုတော့ သိလာသလိုလိုပဲ ရှိပါတယ်။
အဖြေ = စည်ပင် (စည်ပင်သာယာ)
အနားက ဖြတ်လျှောက်သွားတဲ့ ထီးလည်ရောင်းတဲ့ ကောင်းလေးရဲ့ ထီးဆိုင်မှ စိုင်ထီးဆိုင်ရဲ့ “ဒီ အရိပ်အောက်မှာ အတူတူနေမယ် ၊ အမြဲ ရည်မှန်ထားခဲ့တယ်...” ဒါပေမယ့် ဒီမိုကရေစီခေတ်ကာလာမှာ ဒီလို အရိပ်တွေက ဘယ်လောက်ထိ ရှိနေအုံမလဲ မသိဘူး.... တကယ့်တမ်းတော့ ကျနော်အတွေးတစရလာခဲ့တာပါ။

No comments:

Post a Comment