တိုင်းသူပြည်သားတို့သည် အကောင်းဆုံး ၀န်ဆောင်မှုနှင့် အကောင်းဆုံး
အစိုးရကို မျှော်လင့်ကြစမြဲပါ။ အကောင်းဆုံးအစိုးရကို အထောက်အပံ့ပြုပေးခြင်းသည် အရိုးသားဆုံး
ဝန်ထမ်းကောင်းများဖြစ်ကြပါသည်။ အရိုးသားဆုံး ၀န်ထမ်းကောင်းကို တည့်မတ်ပေးနိုင်သည့်
အရာသည် e-Government စနစ်ပင်ဖြစ်ပါသည်။ ကျနော်က e-Government (Electric
Government), m-Government (Mobile Government) ဆိုစော် ပြည်သူလူထုနန့် အစိုးရကြားမှာ
အပြန်အလှန် အကျိုးပြုရေ စနစ်ကို တင်ပြပီးပါမေ။ ကျနော်စာရွီးရေအခါ အရွီးအသား မပြေပြစ်မှု
စာမချောမှုရေ ကျနော်၏ စာရွီးအားနည်းချက်ကြောင့်ရာ ဖြိုက်ပါလိမ်မယ်လို့ ကြိုတင် တောင်းပန်ချင်ပါရေ။
အစိုးရ ဆိုသည်မှာ တိုင်း၊ နိုင်ငံနဲ့ ပြည်သူလူထုကို အုပ်ချုပ်ရသော
အဖွဲ့အစည်း တရပ်ဖြိုက်ပါရေ။ အစိုးရတရပ်သည် ပြည်သူလူထုပေါ်တွင် စ ၊ လယ် ၊ ဆုံး ထိ ကောင်းဖို့လို့ပါသည်။
အစကောင်းခရေ အစိုးရတရပ်ကို ပို၍ ကောင်းမွန်အောင် e-Government စနစ်ဖြင့် ထိန်ကျောင်းပီးပါသည်။
အစိုးရကောင်းတရပ်ဖြိုက်ဖို့အတွက် အစိုးရပိုင်ကလည်း ဥပဒေ၊ စည်းကမ်းများကို စောင့်ရှောက်ဖို့ လိုရေပိုင်
ပြည်သူလူထုကလည်း အပြန်အလှန် စည်းစောင့်မှုများ လိုအပ်ပါသည်။ အစိုးရ လုပ်ဆောင်ချက်၊ ပြည်သူတို့၏
လုပ်ဆောင်ချက်ကို အပြန်အလှန် နားလည်မှု ယူဖို့အတွက် အကောင်းဆုံးသည် e-Government စနစ်တခုသာဖြိုက်သည်။
ခေတ်ရီစီးကြောင်းရေ ICT လို့ခေါ်ရေ သတင်းအချက်အလက် (Information)၊ ဆက်သွယ်မှု
(Communication) နန့် အတတ်ပညာ (Technology)ရို့၏ ချိပ်ဆက်မှုဖြင့် ကမ္ဘာရွာကြီးဆီသို့
ဆွဲခေါ်လျှက်ရှိပါသည်။ အစိုးရ၏ လုပ်ဆောင်ချက်အားလုံးကို သတင်းအချက်အလက်အရ ယုံကြည်မှု၊
မယုံကြည်မှုကို ပြည်သူတို့က ဆုံးဖြတ်ပါရေ။ အစိုးရ
လုပ်ဆောင်ချက်၏ အသက်သည် အစိုးရဌာနများနှင့် အစိုးရ ဌာနများရှိ ၀န်ထမ်းတို့သည် အဓိက
အခရာကျပါသည်။ အေဌာနရို့၏ လုပ်ဆောင်ချက် ရိုးသားမှု မရိုးသားမှုကို တည့်မတ်ပီးနိုင်စော်
e-Government, m-Government စနစ်သည် အကောင်းဆုံးဖြိုက် ပါသည်။ ဥပမာ - အစိုးရ ဌာနရပ်တခု
လာတ်ပီး လာတ်ယူမှုဖြိုက်လာဂေ Email ကသော်လည်းကောင်း၊ Mobile ဖုန်းဖြင့်သော် လည်းကောင်း
အချိန်နန့် တဗြီးညီ တိုင်းကြားနိုင်ပါရေ။ ယင်းပိုင်ဖြိုက်လို့ အစိုးရ၏ လာတ်ပီးလတ်ယူ
တိုက်ဖျက်ရေး ဌာနတိမှာလည်း သတင်းအချက်အလက်ရယူဖို့ အတွက် နည်းပိုင်ညာရှင်တိနန့် အစိုးရ အာဏာပိုင်တိက ပူးပေါင်းပနာ အကောင်း အလျင်မြန်ဆုံး
ဖြေရှင်းပီးနိုင်ပါရေ။
လူမှုအဖွဲ့အစည်း (Society) တခု တိုးတက်မှုသည် ပထမတွင် သတင်းအချက်အလက်(Information)
ကိုရယူပြီးကေ အချက်အလက်(Data) တိကို စုဆောင်းပနာ
လေ့လာဖတ်ရှု့ခြင်းဖြင့် ဗဟုသုတ(Knowledge)ကို ရလာပါရေ။ ဗဟုသုတရလာမှ ညာဏ်ပိုင်ညာ (Wisdom) ပိုင်းတိုးတက်လာပနာ ပိုင်ညာတတ်အသိုင်းအ၀ိုင်းတခုကို
ဖန်တီယူလို့ရပါရေ။ အေအပိုင်းကို တည်ဆောက်တေအခါ e-Government ခေါ်ရေ စနစ်က အဓိက အခရာကျပါရေ။ ခေတ်ရီစီကြောင်းတောင်းဆိုမှုအရ အစိုးရ
နယ်တွင်သာမက စီးပွါးရေးနယ်ယ်မှာလည်း သတင်းအချက်အလက် နောက်ကျ ကျန်ခဖို့ဆိုဂေ စီးပွါးရေးမှာလည်း
ထိခိုက်နစ်နာမှုတိနန့် ဆုံးရှုံးမှုတိ အများကြီးကို တွိ့ရတတ်ပါရေ။ ယင်းပိုင်ဖြိုက်လို့
အဂုခေတ်ရေ သတင်းအချက်အလက်တိကို အမြန်ဆုံးနည်းနန့် လွှဲပြောင်းပီးနိုင်ပြီးကေ အချိန်နန့်
တဗြီးညီ လူတုကြားကို ချပြနိုင်ပါရေ။ ယင်းပိုင်ဖြိုက်လို့ သတင်းအချက်အလက်ဆိုစော်ရေ အစိုးတရ၏
မျက်နှာ (Face) ပါ။ သတင်းအချက်အလက် ကောင်းကောင်းပီးနိုင်ကေ မျက်နှာ လှရပါရေ။ သတင်းအချက်အလက်
မပီးနိုင်ကေ မျက်နှာပန်မလှပါ။
e-Government စနစ်မှာ သတင်းအချက်အလက်တင်မက ဘဏ်စနစ်၏ လုပ်ဆောင်ချက်သည်လည်း
အသက်ဝင်လာ ပါရေ။ ဘဏ်စနစ် အသက်ဝင်လာသည်နှင့်အမျှ စီးပွါးရေး စနစ်လည်း ပိုမိုတွင်ကျယ်လာပါရေ။
ငွေကြေး ဈီးကွက်၏ လုပ်ဆောင်ချက်သည်လည်း နယ်ရာ ဒေသမရွေး အသက်ဝင်လှုပ်ရှားလာပါရေ။
Online ဈီးဝယ်စနစ်တိလည်း တွင်းကျယ်လာပါရေ။ ခေတ်စနစ်အရ လူတိရေ အချိန်ကို ချွေးတာနိုင်သမျှ
ချွေးတာလာကတ်ရေအခါ ဘဏ်ကို လားပနာ ငွေလွဲခြင်း ငွေထုတ်ခြင်းတိကို အချိန်ပီးပနာ မလုပ်ဆောင်
ချင်ကတ်ပါ ဗျာလ်။ Internet ကနီ တဆင့် ငွေလွဲခြင်း ငွေပို့ခြင်း လုပ်ငန်းတိ၊ ဈီးဝယ်ခြင်းလုပ်ငန်းတိရေ
တခြား ဖွံ့ဖြိုးဆဲ နိုင်ငံတိမှာ လက်ဟိ လုပ်ဆောင်နီလျှက်ဟိပါရေ။ ယင်းစနစ်ရေ အချိန်တိုးအတွင်းမှာ
ကျနော်ရို့ နိုင်ငံထဲကို ၀င်ရောက်ပါလာဖို့ဗျာလ်ဆိုကေ စနစ်ကောင်းကောင်းနန့် ထိမ်းချုပ်နိုင်ဖို့အတွက်
e-Government စနစ်ကို ကြိုတင်ပြင်ဆင်ထားသင့်ပါရေ။ ယင်းပိုင်ဖြိုက်လိုက် မူပိုင်ခွင့်
( Copyright ) နန့် နည်းပညာ ဥပဒေ ( Cyber Laws ) တိကိုလည်း တိတိကျကျနန့် မှန်မှန်ကန်ကန်ဖြိုက်အောင်
နိုင်ငံတော်အဆင့်တင်မက ပြည်နယ်အဆင့်တိမှာ ကြိုတင်ပြင်ဆင်ထားသင့်ပါရေ။
e-Government စနစ်ကို အကောင်အထည်ဖော်ရေအခါ Website တိစော် ကောင်းကောင်းအရေးပါပါရေ။
အချိန်နန့် တဗြီးညီတင်ပြနိုင်ဖို့အတွက် သတင်းတိကို အချိန်နန့်် တဗြီးညီတင်ပြနိုင်ရေ
Update Website တိကို လူတိုင်း တောင်းတလာကတ်ပါရေ။ တစ်လနီလို့ သတင်းတပုဒ်ထွက်မလာရေ သတင်းသီ
Dead Website တိကို လူတိ စိတ်ဝင်စားမှု နည်းပါရေ။ Website တိကို အခြေခံပနာ
e-Government စနစ်မှာ လူငယ်တိ အခွင့်အလမ်းစော် ပိုများလာပါရေ။ ထိုးထွင်ညာဏ်၊ နည်းလမ်းသစ်တိကို
စုံစမ်းနီရေ လူငယ်တိ၏ ခေတ်သစ်ထွက်ပေါက်ဆိုစော် Internet ကနီတဆင့် ကမ္ဘာပြင်ဖက်ကို ထွက်ကြည့်လာကတ်ပါဗျာလ်။
ယင်းပိုင်ဖြိုက်လို့ အသစ်အသစ်တိရေ လူငယ်တိ၏ စိန်ခေါ်မှု ဖြစ်လာပါရေ။
အဂုဆိုဂေ
ကျနော်ရို့ နိုင်ငံမှာ နိုင်ငံတော် အစိုးရကလည်း e-Government စနစ်ကို စတင် အသက်သွင်းနီပါဗျာလ်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီးမှာတောင် ကိုယ်ပိုင် ၀က်ဆိုက်(Website) တခုကို
ဖွင့်ပနာ သမ္မတကြီး လုပ်ဆောင်ချက်၊ ရည်ရွယ်ချက်တိကို အင်တာနက်(Internet) ကဆင့် ပြည်သူလူထုကို ချပြနီပါရေ။
ယင်းတင်မက ပြည်သူ့လွှတ်တော်မှာလည်း ကိုယ်ပိုင် ၀က်ဆိုက်တခုကို တည်ဆောက်ပနာ ပြည်သူ့လွှတ်တော်အမတ်ရို့
တင်ပြတောင်းဆိုချက်တိကို ပြည်သူ့လူထုတိကို ချပြပီးနီပါဗျာလ်။ ပြည်သူလူထုတိကလည်း ကိုယ်ရို့
အမြင်တိကို တင်ပြပီးနိုင်ဖို့အတွက် ဆက်သွယ်ရေး(Contact) မဲလ် တစ်ခုကို လက်ခံပနာ
Feedback တိ လက်ခံလာရေ အဆင့်တိကို တွိ့လာရပါရေ။
အစိုးရ ၀န်ကြီးဌာနတိမှာ သူတို့ ဌာနတိ လုပ်ဆောင်ချက်တိကို တင်ပြနိုင်ဖို့ အဂုဆိုကေ ၀က်ဆိုက်တိရေ
အသီးသီးပေါ်ပေါက်လာနီကတ်စော်ကိုလည်း တွိ့ရပါရေ။ တချို့ ၀န်ကြီးဌာနတိဆိုကေ အင်တာနက်ကနီ
အလုပ်ခေါ်ယူစော်တိကိုတောင် တွိ့လာရပါဗျာလ်။ မြန်မာနိုင်ငံ၏ ပါတီကြီးတိ ဖြိုက်တေ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စုကြံခိုင်ရေးပါတီရို့တိမှာ သူရို့ လုပ်ဆောင်ချက်တိကို
ပြည်သူတိ သိအောင် တင်ပြပီးနီစော်တိကိုလည်း တွိ့ရပါရေ။ အေနီရာမှာ ခြွင်းချက်တခုအနီနန့်
တိုင်းရင်းသားတိဖြိုက်တေ ရခိုင်၊ မွန်၊ ကရင်၊ ချင်း၊ ရှမ်း၊ ကယား၊ ကချင် နန့် တခြားတိုင်းရင်းသား
ပါတီတိမှာ ပြည်သူလူထုကို ချပြနိုင်ဖို့ ၀က်ဆိုက်တိနန့် လူထုကို ချပြမှုက အားချက်ချက်တိ ဟိနီပါသိ့မ်ရေလို့
မြင်မိပါရေ။
Social
Network(ဥပမာ- Facebook, Twitter and etc..) နန့် ကိုယ်ပိုင် ၀က်ဘလော့တိ ခေတ်စားနီရေ
ခေတ်မှာ ၀က်ဆိုက်မိတ်ဆက်မှုကို ကျနော် တင်ပြပီးလိုက်ပါရေ-
Website
(၀က်ဆိုက်) ဆိုစော် ဇာကိုခေါ်လဲ။
ဝက်ဆိုက်စော်ဆိုစော်
နည်းပိုင်ညာအရ တည်ဆောက်ထားရေ အင်တာနက်အထက်က ကိုယ်ပိုင် နီရာတခုဖြိုက်ပါရေ။ Website
တခုဖြိုက်ဖို့ Web page တိ အများကြီးကို ပေါင်းစပ်ထားရပါရေ။ ( ဥပမာ - စာအုပ်တအုပ်ဖြိုက်လာဖို့
စာရွက်တိ အများကြီး ပေါင်းထည့်ထားရရေပုံစံမျိုးပါ။ )
Website
(၀က်ဆိုက်) တိကို ကြည့်ဖို့ ဇာလိုပါလဲ။
ဝက်ဆိုက်တိကို ကြည့်ဖို့ အင်တာနက် လိုင်းနန့် လိပ်စာနာမည်
(Domain Name) လိုပါရေ။ အင်တာနက်လိုင်း ဟိရေဆိုကေ Mobile ဖုန်းက ကြည့်ကေလည်း ရရေပိုင်
ကွန်ပျူတာနန့် ချိပ်ဆက်ပြီးကေလည်း ကြည့်ရှုနိုင်ပါရေ။
ဇာပိုင်ဖြိုက်လို့
Website (၀က်ဆိုက်) တခုလိုအပ်ပါရေလဲ။
နည်းပိုင်ညာ ဖက်က ကြည့်ဖို့လား ၊ စီးပွါးရေးဖက်ကကြည့်ဖို့လား၊
နိုင်ငံရေးဖက်က ကြည့်ဖို့လား ဇာဖက်ကပင် ကြည့်ကြည့် အကျိုးအမြတ်ဟိဖို့အတွက် ၀က်ဆိုက်တခုဆိုစော်
လိုအပ်ပါရေ။ အဂုဆိုကေ အင်တာနက်(Internet)မှာ ၀က်ဆိုက်တိ သန်းနန့် ချီးလို့ဟိရေ။ အေချင့်တိစော်
တစုံတရာအကျိုးအမြတ်ရလို့ လုပ်နီစော်ကို ပြောပြဖို့ လိုဖို့ မဟုတ်ပါဗျာလ်ထင်ပါရေ။ ကိုယ်ပိုင်
ဝက်ဆိုက်(Website) တခုရာဟိဖို့ဆိုကေ တခြား ပြိုင်ဖက်တိထက် အသာရစီပါရေ။ မီဒီယာ ကြီးစိုလာရေ
ခေတ်မှာ ကိုယ်ပိုင် ၀က်ဆိုက်တခုကတော့ အသေအချာဟိဖို့လိုပါရေ။
ပြည်ထောင်စု မြန်မာနိုင်ငံတော်
သမ္မရုံးဝက်ဆိုက် - http://www.president-office.gov.mm/
ပြည်ထောင်စု လွှတ်တော် ၀က်ဆိုက် - http://www.pyithuhluttaw.gov.mm/
ဤဆောင်းပါသည် တိုးတက်ရေးဂျာနယ်တွင် ဖော်ပြခဲ့ပြီးဖြိုက်ပါသည်။
ဓာတ်ပုံကို အင်တနာက်မှ ကူးယူထားပါသည်။
ဝေဟင်အောင်(iT
Zone, Computer Center)