ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

သည်မြေ သည်ရေမှလွဲ၍


ရခိုင်တိုင်းရင်းသားများအား မြေချစ်သူများဟုပြောကြသည်။ မှန်ပေမည်။ မြေကိုချစ်သည်။ အဖရခိုင်ပြည်ကြီး မှ မြေကိုချစ်သည်။ သည်မြေ၊သည်ရေသည် သမိုင်းတွင်ခဲ့သောမြေများဖြစ်သည်။ အမိမြန်မာပြည်တွင်းမှ အဖပြည် ကြီးတွင် ရခိုင်တိုင်းရင်းသားသာ အဓိကနေထိုင်ခဲ့ကြသည်မှာ ကာလအားဖြင့် မနည်းတော့ပြီ။

မြေချစ်စိတ်ကို ရခိုင်တိုင်းရင်းသားတိုင်းမွေးကြသည်။ ရင်ထဲတွင်အလိုလိုသိနေ၊ရှိကြခြင်းဖြစ်ပေသည်။ သည် နေရာသည် ရခိုင်တိုင်းရင်းသားတို့၏ အဓိပဓိနေရာ၊ဘိုးဘွားများခြေချ၊မြေကျခဲ့သော နေရာပင်ဖြစ်ပေသည်။ ကိုယ့် အိုးကိုယ့်အိမ်၊ ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုးကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်သည့် ရခိုင်လူမျိုးများသည် နောင် ကိုလည်း ထိုစိတ်မျိုးရှိကြပေမည်။

မြေချစ်စိတ်ရှိသူတို့သည် နယ်မြေကို ကာကွယ်တတ်ကြလေ့ရှိသည်။ ထိုသို့ကာကွယ်တတ်ကြသည်မှာ မြန်မာနိုင်ငံအတွက် တန်ဖိုးဖြတ်နိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံ၏အနောက်ဘက် ကမ်းမြောင်ဒေသဖြစ်သော ရ ခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လွန်စွာနီးကပ်လျက်ရှိပြီး မြစ်တစ်ခုသာခြားသည်။ ရခိုင်ဒေသက အနောက်တံခါးဟုလည်း ခေါ်ဆိုကြသည်။ ထိုအနောက်တံခါးသည်ပင် ယခုအခါသည် အခြေအနေများပြောင်းလဲခဲ့ ပြီဟုပြောလျင် ပို၍မှန်နိုင်မည်ဖြစ်ပေသည်။

၂၀၁၂ ခုနှစ်ဇွန်လ ၈ ရက်နေ့မှ စတင်ကာပြောင်းလဲခြင်းများစွာကို တိုင်းရင်းသားများခံစားခဲ့ကြရသည်။ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာများလည်းပြောင်းလဲခဲ့ကြသည်။ ကိုယ့်နိုင်ငံကိုယ့်ရေ ကိုယ့်မြေတွင် အေးချမ်းစွာနေ ထိုင်လုပ်ကိုင်စားသောက်နေကြရင်းမှပင် နိုင်ငံသားမဟုတ်သူများ၏ တိုက်ခိုက်ဖြိုခွင်းခြင်းကိုခံစားခဲ့ရသည်။ မျက်ရည်စက်လက်ဖြင့် ပြေးလွှားခဲ့ရသည်။ သားကွဲ၊မယားကွဲ၊ အဖေပျောက်၊အမေပျောက်ခဲ့သည့်ဘ၀များစွာကို ကြုံခဲ့ရသည်။

နှလုံးသားမှ ယိုစီးကျလာသော မျက်ရည်တို့သည် ရခိုင်မြေပေါ်တွင် စွမ်းထင်းခဲ့သည်။ စိမ့်ဝင်ခဲ့ရသည်။ ထိုစိမ့် ၀င်သွားသော မျက်ရည်ပူတို့သည် ရခိုင်မြေပေါ်တွင် ထာဝရ အတွန့်ရှည်နေဦးမည်ဟု ဆိုရပါတော့မည်။ ကိုယ့်ပြည့် ကိုယ့်မြေတွင် တည်ငြိမ်အေးချမ်းစွာ နေထိုင်ပါလျက်နှင့် အသက်ကို ဖက်နှင့်ထုတ်ကာ ရုတ်တရက်ပြေးခဲ့ရသော နေ့စွဲများသည် ရခိုင်သမိုင်းစာမျက်နှာတွင် ထားရှားပီပြင်စွာ တည်ရှိနေဦးမည်ဖြစ်သည်။

"ကျမျက်ရည်ချောင်းဖြစ်အောင်"ဟုငယ်စဉ်က ကျောင်းစာထဲတွင်သင်ကြားခဲ့ရသော စကားလုံးသည် ယခုအ ခါ ရခိုင်ဒေသတွင် အမှန်တကယ်ဖြစ်ပွားခဲ့ပါသည်။ ရခိုင်တိုင်းရင်းသားပေါင်းများစွာ၏ မျက်ရည်တို့ဖြင့် ဆေးကြော ခဲ့ရ သော ရက်စွဲများသည် သူတို့၏ရင်ထဲတွင်မှတ်ကျောက်ပမာရှိနေပေလိမ့်မည်။

လက်ရှိကာလများတွင်လည်း အိမ်လွမ်း၊ ရွာလွမ်းစိတ်၊ ရွာလယ်ကုက္ကိုပင်ကြီးကိုလွမ်းသောစိတ်၊ ရွာပြင်က ပိတောက်ပင်ကြီးကိုလွမ်းသော စိတ်တို့နှင့် ပြည့်နှက်နေခဲ့သည်သာ။ တစ်သက်တာ နဖူးမှချွေး ခြေမ ကျအောင်ထိ ရှာဖွေစုဆောင်းထားခဲ့သော ပစ္စည်းဥစ္စာများ၊ အိုးအိမ်များသည် အိပ်မက်ပမာခဏအတွင်း လက်ထဲကကျပျောက်ခဲ့ ရသည်ကို တမ်းတလွမ်းဆွေးနေခဲ့ရသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။

အမှန်က သည်မြေသည်ရေမှ လွဲ၍ အခြားသို့ပြေးစရာလည်းမရှိ၊ ပြေးစရာလည်းမလိုခဲ့ပေ။ ကံအကြောင်း မလှ၍ဖြစ်ခဲ့ရခြင်းသာဟု ဗုဒ္ဓလမ်းစဉ်အတိုင်းအခြေခံပြောမည်ဆိုလျင်လည်း ခဏတာဖြေသာရုံကလွဲ၍တစ်သက် တာအမှတ်ရနေမည့်နေစွဲများသာဖြစ်ခဲ့ချေမည်။ "ဥမကွဲသိုက်မပျက်" ဟူသောစကားလုံးကို အကြိမ်ပေါင်းများစွာ ကြားနေမြင်နေခဲ့ရသော်လည်း တကယ်တမ်း လက်တွေ့ကြုံခဲ့ရသူများသာ ခံစားနိုင်သည်။ ယခုခါတွင် ဥလည်းကွဲ အသိုက်လည်းပျက်ခဲ့ရသည့်အပြင် အသိုက်တည်ရန်နေရာပင် မရှိတော့သည့်အနေအထားသို့ ရောက်ရှိခဲ့သည်ကို မျှဝေခံစားနိုင်သူများသာ သိရှိနိုင်လိမ့်မည်ဖြစ်ပေသည်။

ကိုယ့်ပြည်၊ကိုယ့်မြေ၊ကိုယ့်အိုး၊ကိုယ့်အိမ်တို့သည် အမြင်အာရုံထဲမှပျောက်ကွယ်ပြီး သူများပေးစာကမ်းစာ ကို စားနေရသော ဘ၀သို့ရောက်ရှိသွားခဲ့ရသည်ကို မည်သူ ရင်မနာဘဲရှိမည်နည်း။ ကိုယ့်လူမျိုး၊ကိုယ့်နိုင်ငံသားပေး သည်ကို စားဝင်သော်လည်း တိုင်းတစ်ပါးသားများ၏ ပေးစာကမ်းစာများသည် အဆိပ်သဖွယ်လည်ချောင်းထဲမျိုမ ကျအောင်ခံစားခဲ့သည်များကို ရင်ဖွင့်ပြောဆိုသော အသံများမှာ တစ်ချက်တစ်ချက် တိမ်မြုပ်ပျောက်ကွယ်သွား တတ်သည်များကိုလည်း တွေ့ရပြန်သည်။

ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည် မနေ့တစ်နေ့ကဟုထင်ရဆဲဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်ဆို သည်ကို လူတိုင်းလူတိုင်းသိနိုင်အကဲခတ်နိုင်ကြတော့မည်ဖြစ်သည်။ အဖေခေါ်ချင်ပါလျက်နှင့်မခေါ်ရတော့သော ခလေးငယ်များ၊ အမေခေါ်ချင်ပါလျက်နှင့်ခေါ်ခွင့်မရသော ကလေးငယ်များ၊ ဖခင်ဘယ်သူ၊မိခင်ဘယ်သူပါလို့ ချပြ ခွင့်မရနိုင်တော့သော လင်များ၊ဇနီးများ၏ဘ၀ခံစားချက်များသည် နေပူထဲထီးမပါသည့်ခရီးသွားတစ်ဦးသဖွယ်ဖြစ် နေခဲ့သည်ကို ရင်နာစာနာမိရန်လိုပါမည်။

ပေါက်ကွဲသံစဉ်များစွာတို့သည် ယနေ့တိုင်ကြားနေ၊မြင်နေရသည်ဆိုလျင် လွန်မည်မထင်ပါ။ အင်အားတစ်ခု ကိုအခြေခံသော တိုက်ခိုက်မှုလှိုင်းတစ်ခုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မောင်တောဒေသကို အခြေပြုကာဖြစ် တည်ခဲ့မှုအပေါ် သာမန်ကျေးရွာအဆင့်လူတန်းစားများ၏ ဘ၀အား စတေးဖို့ ဖြစ်လာခဲ့သည်ကိုလည်း သုံးသပ်ရှုမြင်နိုင် ခဲ့ကြပြီဖြစ်ပေသည်။ မျှော်လင့်ချက်မေ့နေသော တောင်ပံများအတွက် တစ်ချို့ကမေ့နေကြလောက်ပြီ ဖြစ်သော် လည်း မမေ့နိုင်သူများ၏ ရင်ထဲတွင် ရှင်သန်နေသေးသည်မှာ သဘာဝကျလှပါသည်။

သရီကုန်ဘောင်၊ ဆင်မကျပ်၊ မောရ၀တီ တို့အပါအ၀င် ရခိုင်တိုင်းရင်းသားရွာပေါင်း ၁၂ ရွာခန့်သည် မူလနေ ရာမှ ရုတ်ခြည်းပျောက်ကွယ်ခဲ့ရသည်များသည် သူတို့၏မျက်လုံးအိမ်တွင် ဗွီဒီယိုဖန်သားပြင်၌မြင်နေရသကဲ့သို့ တွေ့နေမြင်နေရဆဲဖြစ်သည်။ စိတ်ရိုင်းများ၊ ကြောက်စိတ်များ၊ စိုးရိမ်စိတ်များ၊ သောကစိတ်များ...... အစရှိသော စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများစွာအတွက် လိုအပ်ချက်များစွာရှိနေသေးသည်ကိုတွေ့နေရသည်။ ထိုဒေသ မှတိုင်းရင်းသားများအတွက် စိတ်ပိုင်းဆိုင်ရာ အားပေးမှုများ၊ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲလာစေမှုများကိုမလုပ် နိုင်လျက် ထိုသူတို့သည် ရှင်လျက်နှင့်သေဆုံးနေသူများသဖွယ်ဖြစ်နေချေတော့မည်။

"တစ်ချို့ကလေးတွေဆို .......တွေဟိုမှာလာနေကြပြီလို့ မကြာခဏယောင်နေ တတ်သေးတယ်။ ကလေး တွေက သိပ်ကြောက်သွားတဲ့စိတ် အခုထိ မကုန်သေးဘူး။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲပေးဖို့ အများကြီးလိုအပ်နေသေးတယ်။ ဒီအပိုင်းနဲ့ ပတ်သက်တဲ့သူတွေ ကျွန်မတို့ဆီကိုလာစေချင်တယ်။ အားပေးစကား၊ အားဖြစ်တဲ့သင်ခန်းစာမျိုးတွေသင်ကြားပေးစေချင်တယ်"
သရီကုန်ဘောင်မှ အမျိုးသမီးတစ်ဦး၏ ရင်ဖွင့်သံသည်ကလေးများအတွက် စိုးရိမ်နေမှုကို ဖော်ပြပေးနေ သည်။ ကလေးငယ်များသည် ရွာပြင်ထွက်ပြီး မသွားရဲ၊မလာရဲလောက်အောင်စိတ်ပိုင်းဆိုင်ရာ ကျဆင်းနေသည် ကို ထိုဒေသသို့ရောက်ဖူးမှ သိရှိတွေ့မြင်လိုက်ရသည်။ မမြင်နိုင်သော အင်အားတစ်ခု၏ လွှမ်းမိုးခြင်းကိုခံနေရ သောကလေးငယ်များအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးရန်တာဝန်ယူသူများ မရှိတော့ပြီလားဟု တွေး မိသည်။
နယ်မြေတစ်ခုအတွက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တို့ကို တွေးတောယင်း ရင်မောနေကြသူများကို လည်းထိုဒေသတွင် တွေ့ရသည်။ ဘ၀လုံခြုံမှုမရှိတော့သယောင်ခံစားနေရသော စိတ်ပိုင်းဆိုင်ရာ အားနည်းချက် များကို ဖယ်ရှားပေးနိုင်သူများလည်းလိုအပ်နေသည်ကိုတွေ့ရသည်။ အမှန်က ထိုသူတို့သည် မြေကိုချစ်ခင်စိတ် တစ်ခုတည်းဖြင့် ဘ၀ကိုအသက်နှင့်ရင်းပြီးကာကွယ်နေကြသူများပင်ဖြစ်ပေသည်။ လွပ်လပ်စွာထွက်ခွါသွားနိုင်ကြ သည်။ ပိုမိုလုံခြုံရာမှာ နေလိုကြသည်။ သို့သော်လည်း ရခိုင့်နယ်မြေသည် သူများအတွက်မဖြစ်စေရဟူသော မာန၊ သည်ဒေသက ထွက်ခွါသွားလျင် သူများက အလိုအလျောက်ပိုင်ဆိုင်သွားမည်ဟူသည့် စိုးရိမ်စိတ်များကြောင့်သာ ယနေ့တိုင် ဆက်လက်ရပ်တည်နေကြဆဲဖြစ်သည်ကိုတွေ့ရသည်။
အန္တရာယ်ရှိမှန်းသိလျက်နှင့် ရခိုင်ပီသစွာ ဆက်လက်ရပ်တည်ရန်ကြိုးပန်းနေကြသူများ၏ ဇွဲ၊သတ္တိကိုလည်း ကျွန်တော်တို့အသိအမှတ်ပြုသင့်ပေသည်။ လူဦးရေ ထူထပ်များပြားခြင်းများကြောင့် တိုင်းရင်းသားလူဦးရေနှင့် တိုင်းတစ်ပါးမှခိုးဝင်နေသော တရားမ၀င်သူများ၏ လူဦးရေသည် ပမာဏအားဖြင့် များစွာကွာခြားနေသည်ကိုသိ သော်လည်း ဆက်လက်ရပ်တည်မည်ဟူသည့် မကြောက်တရားတို့ကို လေးစားသင့်သည်။
ရှစ်ဆယ်ခြောက်ရာခိုင်နုန်းအထိ များပြား၊ ကွာခြားသော တိုင်းရင်းသားမဟုတ်သူများနှင့် တိုင်းရင်းသားများ ၏လူဦးရေ ပမာဏသည် မည်မျှပင်ကွာခြားစေကာမူ ရခိုင်တိုင်းရင်းသားများသည် သည်မြေ၊သည်ရေမှ လွဲ၍တစ် ခြားနေရာသို့ သွားကြမည်မဟုတ်သည်မှာ သေချာသည်။
လုယူတိုင်းရမည်ဆိုရင် အနောက်တံခါးဝတွင် ရခိုင်တိုင်းရင်းသားများရှိနေတော့မည်မဟုတ်ပေ။ ခြိမ်းခြောက် တိုင်းကြောက်နေမည်ဆိုလျင် တိုင်းရင်းသားများသည် ထိုနေရာတွင် ရှိတော့မည်မဟုတ်ပေ။ မြန်မာနိုင်ငံအတွက် အရေးပါလှသော အနောက်တံတိုင်းကြီးဖြစ်သည့် အနောက်တံခါးပေါက်တွင် တိုင်းရင်းသားများစွာ ရှိနေဦးမည်ဖြစ် သည်။ ယခင်လည်း ရှိခဲ့သည်၊ ယခုလည်းရှိနေသည်၊ နောက်လည်း ဆက်လက်ရှိနေဦးမည်ဖြစ်သည်။ ခြုံ၍ပြောရ လျင် ရခိုင်တိုင်းရင်းသားတို့သည် သည်မြေ၊သည်ရေမှလွဲ၍ အခြားမည်သည့်နေရာသို့မျှ ထွက်ခွါသွားမည်မဟုတ် သည်မှာ ခိုင်မာသောဆုံးဖြတ်ချက်များသာဖြစ်ပေမည်။ ပြီး(၃-၃-၁၃)
သန်းလှိုင်(စစ်တွေ)

No comments:

Post a Comment