ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

CD Drive ပျောက်နေခြင်း

(မနေ့က အားအားယားယားရှိနေတာနဲ့ ဟိုတစ်စ ဒီတစ်စ မှတ်တမ်း ရိုက်ခဲ့တဲ့ ဗွီဒီယို အပိုင်းအစတွေကို ကောက်ပြီး ဗွီဒီယို မှတ်တမ်း တစ်ခွေလုပ်နေတာ ပြီးတာနဲ့ ခွေခုတ်ဖို့ လုပ်တော့ ကွန်ပျူတာမှာ CD Drive ပျောက်နေတာ ခွေခုတ်လို့လည်းမရ၊ လုပ်ထားတာလည်း တိုးလိုးတန်းလန်းနဲ့ အွင်းလိုင်းပေါ်မှာ တက်ရှာကြည့်တော့ ဒီနည်းလမ်းကို သွားတွေ့ပါတယ်။ အဲဒါနဲ့ လုပ်ကြည့်တော့ အဆင်ပြေသွားပါတယ်... ကျနော်လိုပုံစံမျိုး CD Drive ပျောက်ခဲ့ရင် ....၊ တလောကလည်း ကျနော် တပည့်တစ်ယောက် သူ့ CD Drive ပျောက်လို့ လာပြသေးတယ်။ အဲဒါ ဒုတိယ နည်းနဲ့ အဆင်ပြေသွားပါတယ်.... လုပ်နည်းလေးကတော့

ဒုတိယနည်းကို အရင်စမ်းပြီးမှ ပထမနည်းကို စမ်းကြည့်ပါ .
ပထမနည်း
(၁) Start >>> Run ကို သွားပြီး regedit ဆို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .
(၂) ပေါ်လာတဲ့ Box ကနေ HKEY local machine ထိပ်က မျှားပုံစံလေးကို နှိပ်လိုက်ပါ . ==> HKEY local machine >> System >> Current Control Set >>Control >>Class ကိုရွေးလိုက်ပါ
(၃) သူ့အောက်မှာ 4D36E965-E325-11CE-BFC1-08002BE10318 ဆိုတဲ့ နံပါတ်တွေကို လိုက်ရှာလိုက်ပြီး တစ်ခုချင်းစီကို လိုက်နှိပ်လိုက်ပါ လိုက်နှိပ်လိုက်တာနဲ့ ညာဖက် box မှာ "Upper Filter" and "Lower Filter" ဆိုတဲ့ entry တွေကို လိုက်ရှာပါ . တွေ့တာနဲ့ delete ပေးလိုက်ပါ . "Upper Filter" and "Lower Filter" တွေကို တစ်ခုပဲဖြစ်ဖြစ် နှစ်ခုပဲဖြစ်ဖြစ် တွေ့တဲ့ entry ကို ဖျက်ပြီးတာနဲ့ ကွန်ပျူတာကို restart ပေးလိုက်ပါ . ပြီးတာနဲ့ ကွန်ပျူတာ ပြန်ပွင့်လာရင် CD Drive ကို တွေ့ရပါလိမ့်မယ် .

နောက်တစ်ခုက
(၁) My computer ကို right click ထောက်လိုက်ပြီး properties သွားပါ ==> my computer >> right click >> hardware >> device manager >> DVD/CD Rom drives. ကို ကြည့်လိုက်ပါ . General မှာ This device is working properly. ဆိုရင်တော့ ကိစ္စမရှိပါဘူး . Drive အလုပ်လုပ်နေပါတယ် . disabled ဖြစ်နေလား မဖြစ်နေလား ကြည့်လိုက်ပါ . unabled ဖြစ်နေရင် disabled ပေးလိုက်ပါ .

No comments:

Post a Comment