မွေးဖွားခြင်းနှင့် သေဆုံးမှု
မွေးဖွားခြင်း
-----
၁၉.၆.၂၀၁၃ ရက်နေ့သည် ဒေါ်စု၏ မွေးနေ့ဖြစ်သည်။ သူမကို လွန်ခဲ့သော နှစ်ပေါင်း ၆၈ နှစ်လောက်က ဒီနေ့လိုမျိုးမှာ မွေးဖွားသန့်စင်ပေးခဲ့တယ်။ အခု Facebook ကမ္ဘာလေးမှာ မွေးဖွားသူအတွက် ဆုတောင်းမှုတွေ ၊ သူမဖြတ်သန်မှုအတွက် ဂုဏ်ပုဒ် ဂုဏ်ထူးတွေကို ဖော်ထုတ်ရင် မွေးနေ့ကိတ်ကို ဓားဖြင့် လှီးဖြတ်ရင်း ဝေမျှစားသောက်ကြတယ်။ အခမ်းအနားကို တက်ရောက်လာ သူတိုင်း မျက်နှာထက်တွင် အပြုံးများ ဝေဆာလျှက်၊ ပန်းပေးသူဖြင့် ၀ါ ၊ စိမ်း၊ နီ၊ ပြာတို့ဖြင့်၊ လက်ဆောင်ဘဏ္ဍာတို့ဖြင့် ၊ အပူအပင်ကင်းမဲ့စွာ Happy Birthday သီချင်းများကို သီကျူးရင် လောကကို အလှဆင်ယင်း အနာဂတ်အတွက် အတိတ် နမိတ်တို့ဖြင့် ဆုတောင်းပေးလျှက်ရှိကြသည်။
ကျနော်တို့သည် ပုထုစဉ် လူသားဖြစ်သောကြောင်း ကြိုက်သာအခါ ထောက်ခံ၍ မကြိုက်သောအခါ ဝေဖန်ခဲ့ကြသည်။ သူမသည်လည်း လောက လောကဒဏ်ကြား ရှေ့ဆက် ဖြတ်လျှောက်ရအတွက် လူထုက လက်ခုပ်တီသူ ၊ သြဘာပေးသူ၊ တံထွေး ထွေးသူများဖြင့် ... ရှေ့ဆက် လျှောက်ရအုံမည်မှာ အမှန်။ “ကျန်မာပါစေ” လို့ ဆုတောင်းသံတွေဖြင့် စီစီညံလျှက်ရှိသည်။
သေဆုံးမှု
------
၁၉.၆.၂၀၁၃ ရက်နေ့သည် ရခိုင်အမျိုးသား တေးသံရှင် ကိုဒိုးရ်ရီ၏ အမျိုးသမီး မဥမ္မာအား လူယုတ်မာ လူသတ်သမား၏ ဓားထိုးမှုကြောင်း သေဆုံးခဲ့ရသည်။ ရခိုင်ပြည်သူ တစ်ရပ်လုံး ရင်ထုမနာဖြစ်ရသည်။ နှမြောတသဖြစ်ရသည်။ အသက်အားဖြင့် လူလောကတွင် ၃၂ နှစ်တာ ဖြတ်သန်းခဲ့ပြီး သူမ မြေစာပုံဖြင့် ဘ၀လှစ်ကာ မချမှီ မိမိ၏ ရင်နှစ်ဖြစ်သော သားသမီး (၃)ယောက်နှင့် သူ့ဘ၀တစ်ခုလုံးကို ပါရမီဖြည့်ဖက်အဖြစ် သူချစ်သော “သားကို သခင် လင်ကို ဘုရား”ဆိုလျှင် သူမ ကိုးကွယ်ခဲ့သော ဘုရားကို ထားခဲ့ပြီး လူလောကမှာ နှုတ်မဆက် တတာ မပြဘဲ တိတ်ဆိတ်စွာ ထွက်ခွါသွားခဲ့လေပြီး။ သူမ၏ နောက်ဆုံးဈာပနသို့ ရခိုင်ပြည်နယ်အနှံမှ လူထုပုရိတ်များဖြင့် နောက်ဆုံးလူလောကမှ ထွက်ရာအရပ်သို့ လူစုံညီစွာဖြင့် လိုက်ပို့လိုက်ကြသည်။ သူမအား ကောင်းရာသုဂတိ ရောက်ပါစေလို့ ဆုတောင်းသံများဖြင့် ဝေဆာလျှက် မျက်ရည်စတို့ဖြင့် အခမ်းအနားအား ဂုဏ်ပြုပေးခဲ့ကြသည်။
ဤသို့ဆိုလျှင် လက်ခုပ်သံဖြင့် ဝေဆာ၍ “ကျန်မာပါစေ”လို့ ဆုတောင်းသံနှင့် မျက်ရည်စများ ဝေဆာလျှက် “ကောင်းရာသုဂသို့ လားပါစေ”လို့ ဆုတောင်းသံနှစ်ခုကို တပြိုင်တည်း ကြားမိ၊ မြင်မိခဲ့ရသည့်နေ့သည် ဒီနေ့ ၁၉.၆.၂၀၁၃ ရက်ပင် ဖြစ်ပါသည်။ မွေးဖွားသူက ပြုံးပျော်လျှက် သေဆုံးသူ မြေစာပင်ဖြင့် လှစ်ကာ ချလျှက် ... ဤလောကတွင် ကျနော်တို့ လူသားတို့သည် မွေးနေ့တိုင်းကို ဖြတ်ကျော်ပြီး နောက်ဆုံး သေဆုံးသည့်နေ့ကိုလည်း တွေ့ရပေအုံမည်မှာ အမှန်ပင်ဖြစ်သည်။
ဝေဟင်အောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment