ညရီ တရော
ဖြုတ်စက်ကျ ဒီအချိန်
ခါတော်မှီ ပြန်လာဖို့
ပြောလိုက်တဲ့ ဒီအမေ
သားနားမှာ ကြားယောင်မိ။
လွမ်းလှပေါ့လေး။
အချိန်မတန်သော်လည်း
ပြန်သာရှိ
သားမိုက်မို့ ခွင့်လွတ်စေချင်
ငွေရေးထက် အသက်ဘေးက အရေးကြီးသမို့
အိမ်ပြန်ရန် ပြင်ဆင်ပေါ့
လက်ဗလာ ဟာလာဟင်းလင်းရယ်နဲ့
လမ်းဟောင်းအတိုင်း ပြန်ထွက်လာ
လမ်းပေါ်တွင် ပြန်မြင်ယောင်မိတယ်။
ဝီစကီ ၊ ဘီယာ ၊ ကြက်ကင်းမြည်းလို့
ဖြုန်းခဲ့တဲ့ ဒီပိုက်ဆံ
ရှာမှ ရှား ရွာအပြန်အလမ်း
ထွေးညိုကို တွေ့ခါမှ နောင်တရတယ်လေး။
(မလေးပြန် ရဲဘော်များသို့...
ဝေဟင်အောင်
No comments:
Post a Comment