ကျနော်တို့ ကွန်ပျူတာပေါ်မှာ Micorsoft Word 2010 ရှိတတ်ကြပါတယ်။ အဲဒီမှာ Save As dialog box မှာ Web Page , Web page Filter ဆိုပြီး ပါလာတာနဲ့ Blogspot မှာ ဘယ်လို့ ပို့တင်ရင် ကောင်းမလဲလို့ စမ်းကြည့်ဖြစ်ပါတယ်။ အဲဒါကို စမ်းကြည့်လိုက်တော့ အဆင်ပြေတယ်ဗျာ။ Wordpress , Joomla တို့မှာလည်း အဆင်ပြေလောက်မယ် ထင်ပါတယ်။ စမ်းတော့ မကြည့်ရသေးဘူး။ ဒါလည်း နည်းလမ်း တစ်ခုပဲဆိုပြီး ကျနော် ပြန်လည် ရေးသား တင်ပြပေးလိုက်ပါတယ်။ ကဲဗျာ စလိုက်ကြအောင်။ Microsoft Word 2010 မှာ ကိုယ်ကြိုက်သလို Inset > Table အောက်မှာ ကြိုက်သလောက် Row , Coloum ဆွဲလိုက်ပါ။ Table Design ကိုတော့ ကြိုက်သလို ထားလိုက်ပါ။

ကျနော်ကတော့ နမူနာ ပုံစံမျိုး ဒီလို ထည့်ထားပါတယ်။
ပြီးရင်တော့ သိမ်းလိုက်ကြတာပေါ့။ သိမ်းတဲ့အချိန်မှာတော့ ဒါလေးကို တစ်ချက်လောက် လိုက်လိုက်ပေးလိုက်ပါ။ File > Save လုပ်လိုက်ပါ။ Save As Type မှာတော့ Web page, Web page Filter ကို ရွေးပေးလိုက်ပါ။ နားမလည်ရင် အောက်က Troubleshoot ကို ကြည့်လိုက်ပါ။
ဒီလောက်ဆိုရင်တော့ Microsoft word မှာ ဒီလောက်ဆိုရင် တော်လောက်ပါပြီး။ ပြီးရင်တော့ သိမ်းထားတဲ့ နေရာကိုသွားလိုက်ပြီးတော့Notepad နဲ့ ဖွင့်ပြီး Code ကို ယူလိုက်ပါ။
ဝေဟင်အောင်
No comments:
Post a Comment