ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

ဗုဒ္ဓနည်းကျ အာရက္ခသမ္ပဒါ - အမျိုးကို စောင့်ရှောက်ခြင်း

 
    မျိုးစောင့် ဥပဒေ ကိစ္စ ယခုတစ်လော မြန်မာလူမှုအဖွဲ့အစည်းတွင် လှိုင်းဂယက် ရိုက်ခတ်နေသကဲ့သို့ မြန်မာစည်းဘောင်းကိုကျော်လွန်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ဆွေးနွေးမှုများရှိနေသည်ကို တွေ့ရှိရပါသည်။ ကျနော်သည် ယခုရေးမည့် ဆောင်းပါးတွင် မျိုစောင့် ဥပဒေကိစ္စကို ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းတို့ဖြင့် ရေးသားမည် မဟုတ်ပါ။ သတိ မမူမိ၍ ကံကြီးထိုက်မှုမှ လွတ်ကင်းစေရန်လည်းကောင်း ဗဟုသုတ အလိုငှါလည်းကောင်း ဤဆောင်းပါးအား ရေးသားရခြင်းဖြစ်ပါသည်။  ကျနော်သည် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးဖြစ်သောကြောင်း ကြောင်းကျိုးဆက်စပ် သုံးသပ်ပြမည်သာဖြစ်ပါသည်။  ဤကိစ္စသည် ဗုဒ္ဓသာသာနဲ့ သတ်ဆိုင်သောကြောင်း ဗုဒ္ဓ စာပေ ကျမ်းဂန်ထဲမှ တစ်ချို့၊ တခြားသော ဘာသာရေးကျမ်းဂန်များမှ တစ်ချို့ကို  ကောက်နုတ်ပြပါအံ။
    မဟာ ဗုဒ္ဓ၀င်ကျမ်းထဲတွင်  “မဟာပရိနိဗ္ဗာန်နသုတ်”ကို ရိုးရှင်းစွာ  ပြန်လည်ဖော်ပြရလျှင် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မဟာလူသား ဂေါတမသည် လူသားအဖြစ်မှ ဘုရားအဖြစ်သို့ ရောက်ရှိသောအခါ မာရ်နတ်သည် ကောင်းကင်မှ ဆင်းသက်လာပြီး ဂေါတမြတ်စွာဘုရားအား လျှောက်ထားလေသည်။ “ဂေါတမ သင်သည် မြတ်ဗုဒ္ဓအဖြစ်သို့ ရောက်ရှိပြီး နိဗ္ဗာန်သို့ သွားသင့်ပြီး သင့်သွားတော့”ဟု အရှင်ဘုရား ဂေါတမအား လာလျှောက်လေရော “ အဲလ...မာရ်နတ် ငါ၏ သာသနာတော်ကို တည့်တံ့ဖို့နှင့် စောင့်ရှောက်ဖို့အတွက် ဘိက္ခု ၊ ဘိက္ခုနီ ၊ ဥပဿကာ၊ ဥပဿကာ စသည့် ပရိတ်သတ် (၄)ပါး ပြည့်စုံမှသာ ငါ ပရိတ်နိဗ္ဗာန်ပြုနိုင်မည်”ဟု ပြန်ပြောလေသည်။ ဤစာပုဒ် ၊ ဤစကားကို ထောက်ရှုခြင်းဖြင့် ဂေါတမြတ်စွာဘုရားသည် လူ့ပြည့် လူလောကမှ လူများအတွက် ဒုက္ခဆင်းရဲမှ လွတ်မြောက်ရာမှန် မြတ်နိဗ္ဗာန်ကို လမ်းပြပေးဖို့သာသနာကို စတင်ခဲ့သည်ဟု မှတ်သားရပါသည်။ ဤနေရာတွင် ဘိက္ခုတွင် အရှင် သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင် မဟာကဿပ တို့ကို ပုဂ္ဂိုလ်မျိုးကို ဆိုလိုပါသည်။ ဘိက္ခုနီတွင် မိထွေးတော် ဂေါတမီး၊ ဥပ္ပလ၀ံ ၊ ဥပဿကာတွင် ဗိမ္ပိသာရမင်းကြီး၊ အနာဠပိဏ်သူဌေးကြီး ၊ ဥပဿဏီတွင် ၀ါသာခါ၊ မလ္လိကာ တို့ကို ဆိုလိုပါသည်။ ဗုဒ္ဓသာသနာတော်ကြီးသည် ဤ(၄)ချက်တွင် အခြေခံပြီး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။ ဂေါတမ ဗုဒ္ဓသည် ဘုရားဖြစ်ပြီး နိဗ္ဗာန်ကို ကူးသွားနိုင်သော်လည်း သာသနာတော်ကို တည်ဆောက်ဖို့အတွက် လူ့မျိုး၊ လူနွယ်အတွက် ၀ါတော် (၄၀)လုံးလုံး ချွတ်သင့်သူကို ချွတ်ခဲ့ပြီး သာသာနတော်ကို ချန်ထားရစ်ခဲ့ပါသည်။
    ဂေါတမ မြတ်စွာဘုရားလက်ထပ်တွင် နောက်ထပ်မှတ်သားစရာတစ်ခုတွင် “ဗျဂ္ဂပစ္စသတိုး”ကို ဟောကြားခဲ့သော လောကီတွင် ကြီးပွားချမ်းသာအတွက် သမ္ပဒါ တရား(၄)ပါးကို ကျနော် ထုတ်နုတ်ပြပါအုံမည်။ 
(၁) ဥဠာန သမ္ပဒါ - အနက်အဓိပ္ပါယ်ကတော့ ထကြွလုံးလ ၀ီရိယ ရှိရမည်။ တစ်နည်း ကြီးချမ်းသာလိုလျှင် ဖြတ်လပ်မှု ၊ လုံးလရှိမှု၊ ၀ီရယရှိမှုတို့ကို ဟောကြားခဲ့ခြင်းဖြစ်ပါသည်။
(၂) အာရက္ခသမ္ပဒါ - အနက်အဓိပ္ပါယ်ကတော့ အမျိုးကို စောင့်ရှောက်ခြင်းလို့ဆိုပါတယ်။ ဘယ်လောက်ပင် ပညာသင်သင် အမျိုးကို မစောင့်ရှောက်တတ်စိတ်ဓာတ်၊  အမျိုးကို မကာကွယ်တတ်သည့် စိတ်ဓာတ်မရှိလျှင် မတိုးတက်နိုင်၊ မကြီးပွားနိုင်ဟု ဆိုပါသည်။
(၃) သမဇီဝိတ သမ္ပဒါ - အနက်အဓိပ္ပါယ်ကတော့ သင့်တင့်မျှတအောင် သုံးစွဲခြင်းကို ဆိုလိုပါသည်။ မိမိဝင်ငွေအား သင့်တင်မျှတအောင် ခွဲဝေသုံးစွဲခြင်းကို ဆိုလိုပါသည်။
(၄) ကလျာဏ မိတ္တသမ္ပဒါ - အနက်အဓိပ္ပါယ်ကတော့ မိတ်ကောင်းဆွေကောင်းရှိခြင်းကို ဆိုလိုပါသည်။ လူ့အသိုင်းအ၀ိုင်း ပတ်ဝန်ကျင်းတွင် မိတ်ကောင်း ဆွေကောင်းရတတ်ခြင်းသည် မင်္ဂလာမည်သည်ဟု ဆိုလိုပါသည်။
ဤ(၄)ချက်သည် ဗျဂ္ဂပစ္စသတိုး၏ မေးမြန်ချက်အား ဘုရားရှင်မှ မိန့်ကြားခဲ့သော ဟောကြားခဲ့သော တရားတော်မှဖြစ်ပါသည်။ သင့်သည် မည်မျှပင် ပညာသင်စေကာမူ မိမိအမျိုးကို မချစ်တတ်၊ မကာကွယ်နိုင်လျှင် မတတ်မြောက်နိုင်၊ အကျိုးမထူးနိုင်ဟု ဟောပြောထားခဲ့ခြင်းဖြစ်ပါသည်။
    ဤသို့ဆိုလျှင် ကျနော်တို့သည် ယခုဆရာတော်ကြီး မထေကြီးများ သတ်မှတ်ပြဌာန်းလိုသော မျိုးစောင့်ဥပဒေအား ဗုဒ္ဓနည်းကျ ကိုက်ညီမှုရှိသည်ကို တွေ့ရှိရပေလိမ်မည်။ တကယ်လို့ နားလည်သော်တောင်မှ မျက်စိမှိတ်ပြီး ဝေဖန်နေမည်ဆိုလျှင် သံဃာပေတက ကံထိုက်သည်ဟု မှတ်သားဖူးရပါသည်။ သံဃာပေတက ကံဆိုသည်မှာ သံဃာဒိသိယ (၁၃)ပါး အနက်မှ သံဃာဘေဒက သိက္ခပုဒ် ၊ တနည်း သံဃာတော်တို့အား သင်ခွဲသူ ဒေ၀ဒတ်အား အကြောင်းပြုပြီး မြတ်စွာဘုရားမှ ပညတ်တော်မူခြင်းဖြစ်သည်ဟု ၀ိနည်းငယ်လေးစောင်တွင် မှတ်သားဖူးရပါသည်။ ဤပြစ်ဒဏ်ကြောင်းပင်လျှင် ဒေ၀ဒတ်သည် မြေမြိုခံခဲ့ရမဟုတ်ပါလော။ ဗုဒ္ဓဘာသာ သာသနာကို သင်ခွဲခြင်း၊ မနုဿပေတက - လူလူချင်း သင်ခွဲခြင်း၊ ဂါမပေတက- ကျေးရွာများအား သင်ခွဲခြင်း၊ နဂရပေတက မြို့အား သင်ခွဲခြင်းဟု မှတ်သား လေ့လာဖူးပါသည်။ လူမြတ်လူကောင်းတို့သည် ပေတက-သင်ခွဲခြင်း အလုပ်ကို မလုပ်အပ်ပေဟု သတ်မှတ်နိုင်ပါသည်။
    တခြားသောအကြောင်းများကို ထောက်ထားပြီး အစ္စလာမ်ဘာသာတွင် Sharia Law ( ရှရီယာ ဥပဒေ)ဆိုသည်ရှိပါသည်။ ဤဥပဒေအား ကုန်အာရ်ကျမ်းမြတ်နှင့် အစ္စလာမ်တို့၏ ပရောဟိတ် မူဟာမတ်တို့ဆီတွင် အဓိကအခြေခံထားသည်ဟု  primary sources အရ ထောက်ပြထားပါသည်။ အစ္စလာမ်ဘာသာဝင်တို့၏ အမြင့်မြတ်ဆုံး ဥပဒေဖြစ်ပါသည်။ ဒီဥပဒေဟာ အစ္စလာမ်ဘာသာဝင်တွေ အကုန်လုံးပေါ်တွင် အသက်ဝင်သည်ဟု ဆိုထားပါသည်။ အဓိကတားမြစ်ထားသည်မှာ တခြားဘာသာကွဲများဖြင့် လက်ထပ်ပေါင်းသင်ခြင်းကို ကန့်သတ်ထားခြင်းဖြစ်ပါသည်။ ၄င်းဥပဒေတွင် အစ္စလာမ်ဘာသာဝင်တို့သည် တခြားမည့်သည့် ဘာသာကွဲနှင့်မှ လက်ထပ်ခွင့်မပြု ၊ အစ္စလာမ်ဘာသာတွင် ဘာသာကွဲဖြစ်သူသည် အစ္စလာမ်ဘာသာသို့ တရားဝင်ကူးပြောင်းပြီးသည့်အခါမှ လက်ထပ်ခွင့်ပြုသည်ကို အဓိက ဖော်ပြထားပါသည်။ အကယ်၍ တခြားဘာသာကွဲဖြင့် လက်ထပ်ခဲ့လျှင် သေဒဏ်ထိ အပြစ်ပေးသည်ဟု ဖော်ပြပါရှိပါသည်။ ယနေ့ကမ္ဘာပေါ်ရှိ အစ္စလာမ်နိုင်ငံတိုင်းတွင် သူနည်းသူဟန်ဖြင့် ရှရီယာ ဥပဒေကို ပြဌာန်းထားကြသည်ဟု လေ့လာဖူးပါသည်။
    ကျနော်တို့သည် သတိမမူမိသောကြောင်း ဗုဒ္ဓဂေါတမ ပွင့်တော်မူရာ အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ကွယ်လွန်ခဲ့ရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၇၀၀ ကျော်က အိန္ဒိယနိုင်ငံတွင် ကြီးစိုးခဲ့သော ဗုဒ္ဓဘာသာသည် ယနေ့အခါ ဗုဒ္ဓပြတိုက်အဖြစ်သို့ ရောက်ရှိခဲ့ရဖူးပြီးဖြစ်ပါသည်။ တနည်းအားဖြင့် အိန္ဒိယတွင် ဟိန္ဒူ ဘာသာ(Hindu)တို့၌လည်း သတ်မှတ်ချက် ပိုင်းညှက်ရှိပါသည်။ ဟိန္ဒူဘာသာတွင် ဇာတ်တူမှ အိမ်ထောင်ပြုရသည်။ ဟိန္ဒူဘာသာတွင် ဗြာဟ္မဏ-ပုဏ္ဏားမျိုးသည် ဗြဟ္မာ၏ ခံတွင်းမှ ဖွား၍ အမြတ်ဆုံး ဖြစ်သည်ဟုဆို၏။ ခတ္တိယ-မင်းမျိုးသည် လက်မောင်းမှ ဖွား၏။ ဝေဿ-ကုန်သည် လယ်လုပ်မျိုးသည် ပေါင်မှ ဖွား၏။ သုဒ္ဓ-အမှိုက်သိမ်းသမား ဖိနပ်ချုပ်သမား စသော လူဆင်းရဲမျိုးသည် ဗြဟ္မာ၏ ခြေဖ၀ါးမှ ဖွားသောကြောင့် အနိမ့်ဆုံး အယုတ်ဆုံး ဇာတ် ဖြစ်သည်ဟု ဆို၏။  ဗြာဟ္မဏ၊ ခတ္တိယ၊ ဝေဿနှင့် သုဒ္ဓတို့သည် ဇာတ်အလိုက် ကွာခြားပြီး တခြားဘာသာတို့ဖြင့် လက်ထပ်ခြင်း မပြုရန် သတ်မှတ်ပြဌာန်းထားပါသည်။
    ခရစ်ယာန်ဘာသာတွင်လည်း “ခရစ်ယာန် ထိမ်းမြားခြင်းဥပဒေ”တွင် ပုဒ်မ ၄ အရ ခရစ်ယာန်ဘာသာဝင် တစ်ဦးနှင့် ခရစ်ယာန် ဘာသာဝင်  မဟုတ်သူတစ်ဦးထိမ်းမြားပြုနိုင်သည်ဟု ပါရှိပါသည်။ သို့ရာတွင် ထိမ်းပြားခြင်းကို ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင်းလည်းကောင်း၊ ထိမ်းမြားခြင်း မှတ်ပုံတင်အရာရှိ ရှေ့တွင်လည်းကောင်း၊ ထုံးပုံနည်းလမ်းတကျ ထိမ်းမြားမှုသာလျှင် တရားဝင်သည်၊ ယင်းကဲ့သို့ ထုံးပုံနည်းလမ်းတကျပြုသည့် ထိမ်းမြားမှုမှ အပ တခြားနည်းထိမ်းမြားမှုများ တရားမ၀င်ဟု ပြဌာန်းထားသည်ဟု လေ့လာဖူးပါသည်။ အဓိပ္ပါယ်အားဖြင့် ခရစ်ယာန်သည် တခြားဘာသာဝင်ဖြင့် လက်ထပ်ပိုင်ခွင့်ရှိပါသည်။ သို့သော် ခရစ်ယာန်တို့၏ ထုံတမ်းအစဉ်အလာဖြင့်သာ သက်ဆိုင်ပြီး မဟုတ်လျှင် ခရစ်ယာန်မဖြစ်ဟု သတ်မှတ်နိုင်ပါသည်။
    “ဘယ်သူမပြု မိမိမှု” ဆိုတဲ့ အယူအဆဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံပင်ရင်းအယူအဆဖြစ်သည်။ မိမိ အမှုမပြုခဲ့သောကြောင်း ကမ္ဘာပေါ်တွင် တက္ကသီလ ဖြစ်ခဲ့သော ပါကစ္စနိုင်ငံတော်၊ ဘုရား၏ အထွတ်တမြတ် ကြီးကျယ်ခမ်းနားခဲ့သော အာဖဂန်နစ္စတန်၊ မလားရှားနဲ့ အင်ဒိုနီရှားနိုင်ငံတို့က သက်သေပြခဲ့ပြီးပြီးဖြစ်ပါသည်။ ဤသို့ဆိုလျှင် မြန်မာအမျိုးကောင်းသမီးများနှင့် အမျိုးကောင်းသားတို့သည် အမေကျော် ဒွေးတော် လွမ်းနေ၍ မဖြစ်တော့၊ မိမိတာကို မိမိတို့ အကောင်းဆုံး ကာကွယ်ရတော့မည် အချိန်အခါ ရောက်ရှိလာပြီးဖြစ်ပေသည်ဟု ကောက်ချက်ချမိပါသည်။ 

ဝေဟင်အောင်
၂၅၊ ၆၊ ၂၀၁၃ ရက်နေ့တွင် ရေးသားသည်။

No comments:

Post a Comment