ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုကြောင်း လူတိုင်းကို အချိန်ပြည့်စောင့်ကြည့်နိုင်သည့် စနစ်တစ်ခုသည် တိုးတက်မှု ဂလိုဘယ်လိုင်းဇေးရှင်းနှင့်အတူ ထွက်ပေါ်လာခဲ့သည်။ တစ်နည်း ကမ္ဘာလုံခြုံရေးနှင့် လူတိုင်းလူခြုံရေးမှာ စောင့်ကြည့်ရေး မဟာဗျူဟာအဖြစ် CCTV တို့ဖြင့် စောင့်ကြည့်လျှက်ရှိသည်။ CCTV စောင့်ကြည့်မှုသည် နိုင်ငံတိုင်း လုံခြုံရေးနှင့် လုပ်ငန်း အသေးအစားက အစ လုပ်ငန်းကြီး အဆုံးထိကို ကျယ်ကျယ်ပြန့်ပြန့်တွင်းကျယ်လာသည် စောင့်ကြည့်ရေး နည်းပညာတစ်ရပ်ဖြစ်သည်။
Google ကုမ္ပဏီ ဥက္ကဌ မစ္စတာ Eric Schmidt သည် ၂၀၁၃ ခုနှစ် ဧပြီလထဲတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံ နည်းပညာ တိုးတက်ရေးအတွက် Google ကုမ္ပဏီက အထောက်အကူးပေးပြီး ပူးပေါင်းဆောင်ရွက်မည်ဟု မြန်မာနိုင်ငံက တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။ ထို့အထဲတွင် သူအဓိက ပြောသွားက မြန်မာနိုင်ငံတွင် Google Maps တွင်းတွင်းကျယ်ကျယ်အသုံးပြုနိုင်ရန် Google Webcams များကို နယ်ရာအနှံ တပ်ဆင်းသွားမည်ဟု ပြောကြားခဲ့သည်။ သူရဲ့ ပြောကြားချက်နောက် သိပ်မကြာခင်လေးတွင် အမေရိကန်နိုင် ဘော့စတွန်မြို့တွင် ကျင်းပသော မာရသွန်ပွဲတွင် ဗုံးပေါက်ကွဲရာ လူ (၂)ဦး သေဆုံးခဲ့ပြီး ရာနှင့် ချီသော လူများ ဒဏ်ရာရရှိခဲ့ကြသည်။ ဘောစတွန်မြို့တွင် ဖြစ်ပျက်ခဲ့သော ဗုံးခွဲသမား(၂)ဦးအား (၇)ရက် တစ်ပါတ်တောင် အခါလည်ခွင့်မရလိုက်ဘဲ CCTV Camera ကို အသုံးပြုပြီး ဗုံးခွဲသူများ FBI က ရှာဖွေအရေးယူခဲ့သည်။ ဤသို့ဆိုလျှင် လူအဖွဲ့အစည်း လူ့အသိုင်းအ၀ိုင်းတစ်ခုသို့ CCTV Camera ၏ ထိုးဖောက် ၀င်ရောက်လာမှုသည် စိတ်ဝင်စားစရာပါ။
CCTV ( Closed-circuit television) နံရံအတွင်း လှည့်ပတ်ကြည့်နိုင်သည် ရုပ်မြင်သံကြားဖြစ်ပြီး တစ်နည်း ဗွီဒီယို ကင်ပရာပုံစံမျိုး၊ ပစ်မှတ်ကနေ ပစ်မှတ်သို့(point to point (P2P)), ပစ်မှတ်ကနေ အားလုံးသို့ (point to multipoint) နဲ့ လိုင်းကြိုးမဲ့ ဖြန့်ကျက်ကြည့်ခြင်း(mesh wireless links) တို့ဖြင့် အလုပ်လုပ်နိုင်သည်။ CCTV ကို ဘဏ်များ၊ လောင်းကစားရုံးများ၊ လေယဉ်ကွင်းများ၊ အစိုးရလုံခြုံရေးဌာနများ၊ စတိုင်းဆိုင်များနှင့် တခြား ကုမ္ပဏီများတွင် တပ်ဆင်ထားခြင်းများကို တွေ့ရှိရသည်။ များသို့အားဖြင့် ထိန်းချုပ်ခန်းများထားပြီး ထိုမှ စောင့်ကြည့်ခြင်းများအဖြစ် အသုံးပြုနိုင်သည်။ CCTV Camera များသည် များသို့အားဖြင့် တိုက်ရိုက်သိမ်းဆည်းပြီး မှတ်တမ်းတင်ထားနိုင်ကြသည်။ နိုင်ငံတိုင်းတွင် လုံခြုံရေးအတွက်တော့ CCTV Camera တပ်ဆင်ခြင်းကိစ္စရပ်များကို အကျယ်တ၀င် ဆွေးနွေးလာကြသည်ကိုလည်း တွေ့ရှိရသည်။
ဂျာမဏီနိုင်ငံသား ၀ါတာဗြရှ်(Walter Bruch)မှ ၁၉၄၂ ခုနှစ်တွင် V-2 rockets တွင် သုံးစွဲနိုင်ရန်အတွက် စမ်းသပ်လုပ်ဆောင်ခဲ့သည် နည်းပညာ တစ်ခုဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် အမေရိကန်နိုင်တွင် ဘားကင်း(Vericon)အဖြစ် CCTV ကို စတင်သုံးစွဲခဲ့သည်။ အမေရိကန်အစိုးရ၏ ခွင်ပြုချက် မဟုတ်သော်လည်း အနည်းငယ်စမ်းသပ်ခြင်းအဖြစ် သုံးစွဲခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် တိုက်ခိုက်ရေ Rocket ဒုံပျံများကို စောင့်ကြည့်ရာတွင် ပိုမိုသုံးခဲ့ကြသည်။ ဒုံပျံများပစ်လွတ်ရာတွင် ကမ္ဘာမြေကြီးသို့ သတင်းအချက်အလက်များ ပေးပို့မှုတွင် အလွန်တန်းဖိုးရှိသော ရေဒီယို အချက်အလက်များကို ပေးပို့နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ နယူယောက်မြို့ရှိ တိုင်းစကွဲယား (Time Square) စတင်တာတွင် လုံခြုံရေးအရ ၁၉၇၃ ခုနှစ် တပ်ဆင်ခဲ့ခြင်းသည် လူထုနယ်ပယ်တွင် ပထမဦးဆုံး အသုံးပြုခဲ့သည် CCTV ဖြစ်သည်။ ၁၉၈၀ ခုနှစ် ပတ်ဝန်ကျင်မှာတော့ လူထုကြား အကျယ်တ၀င့် အသုံးပြုလာခဲ့သည်။ အမေရိကန်နိုင်ငံရဲ့ ၀ါထရိတ် စင်တာ ကို ၂၀၀၁ ခုနှစ် စက်တာဘာ အကြမ်းဖက် တိုက်ခိုက်မှုတွင် CCTV ကင်ပရာသည် အထူးအကျိုးပြုခဲ့သည်။ ထို့နည်းတူစွာ ဘဏ်များတွင် ငွေကြေး ပျောက်ချမှုကို ထိန်းညှိုနိုင်ခြင်း၊ စတိုးဆိုင်များတွင် ပစ္စည်း အပျောက်အချများကို ကာကွယ်နိုင်ခြင်းတို့ကြောင်း CCTV သည် ပို၍ တွင်းကျယ်လာပါတော့သည်။
နောက်ပိုင်းတွင် CCTV ကိစ္စရပ်အား နော်သပ်တက္ကသိုလ်နှင့် ကင်ပရစ်တက္ကသိုလ်များတွင် ဆွေးနွေးခဲ့ရာ အချက်ပေါင်း (၄၄)ချက်တိကို ရှာဖွေတွေ့ရှိခဲ့သည်။ အကြမ်းဖက်မှုတွင် ၅၁% ထိ စောင့်ကြည့်ပေးနိုင်ခဲ့ပြီး ဖော်ထုတ်ပေးနိုင်ခြင်း၊ ၂၃% ကို သယ်ယူပို့ဆောင်ရေးတွင် ထိန်းညှိနိုင်ခြင်း၊ ၇%ကို လူထုပတ်ဝန်းကျင်ကြား ထိန်းညှိနိုင်ခြင်းရှိခဲ့သည်ဟု ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၂၀၀၉ ခုနှစ် အောက်တိုဘာကတည်းက “အင်တာနက်မျက်လုံး”ထက်မက ကျယ်ပြန့်သော “ပိုမိုမြင်ကွင်းကျယ် မျက်လုံး”အဖြစ် CCTV ကို လက်ခံလာခဲ့ကြသည်။ CCTV image မဂ္ဂဇင်း၏ တွက်ချက်မှုအရ ကမ္ဘာလူဦးရေထဲမှ လူပေါင်း ၁.၈၅ ဘီလီယံထိ CCTV camera များကို သုံးစွဲလာကြသည် ဖော်ပြထားသည်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် CCTV ကင်ပရာပေါင်း 500,000 (ငါးသိန်း)နှင့် အင်္ဂလန်နိုင်ငံအနှံတွင် 4,200,000 (၄၂)သန်းထိ သုံးစွဲထားကြောင်း ဖော်ပြထားသည်။ အင်္ဂလန်နိုင်ငံ၏ လူ ၁၄ ယောက်ကျတွင် (၁)လုံးကျစီ တပ်ဆင်ထားခြင်းဖြစ်သည်။ CCTV အသုံးပြုသူများ အုပ်စု(The CCTV User Group)က ကမ္ဘာ၏ ၁.၅ ဘီလီယန် တပ်ဆင်မှုတွင် လေယာဉ်ကွင်း၊ ကားဂိတ်များ၊ ရထားဂိတ်များ၊ တခြားအရေးကြီးသောနေရာများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံးများနှင့် အရေးကြီးဌာနများတွင် တပ်ဆင်ထားသည်ဟု ဖော်ပြပါရှိသည်။ နောက်ပိုင်းတွင် CCTV ကင်ပရာများကို နည်းပညာမြင့်တင်မှုနှင့်အတူ Closed-circuit digital photography (CCDP)များ၊ IP (nternet protocol )ကင်ပရာများကို ကွန်ပျူတာဖြင့် ထိန်းကျောင်းပြီး သုံးစွဲလာကြသည်။
နည်းပညာတိုင်းတွင် အားနည်းမှုရှိသည့် ဆိုသည့်အတိုင်း နည်းပညာတစ်လွဲအသုံးချမှုများကိုလည်း တွေ့ရှိရသည်။ တစ်ချို့ CCTV ကင်ပရာများကို အသုံးပြုပြီး အကြမ်းဖက်များတွင် သုံးစွဲမှုများကိုလည်းရှိသည်။ ဥပမာအားဖြင့် ချို့ဝှက် ကင်ပရာများကို ATM ဟု ခေါ်သော ငွေထုတ်စက်များတွင် ချို့ဝှက်စွာ တင်ဆင်ထားပြီး ငွေထုတ်သူ၏ ပစ်စ၀ါးကုဒ်များကို ခိုးယူခြင်းများမှာ သုံးစွဲကြသည်။ အဝေးမှ ထိန်ချုပ်သော ကင် Wireless CCTV ကင်ပရာများသည် မသမာသူများ သုံးစွဲရာတွင် ပိုမိုသုံးစွဲကြသည်။ တစ်ချို့ ဟတ်ကာများမှ သူတို့၏ ဗွီဒီယိုများကို CCTV ကင်ပရာ၏ အတွင်းပိုင်းထိန်းချုပ်ရာများသို့ ၀င်ရောက်ပြီး ထားခဲ့မှုများရှိပြီး နည်းပညာ အားနည်းချက်များကို အသုံးချကာ တိုက်ခိုက်မှုများရှိသည်ဟုလည်း ဖော်ပြထားသည်။
ယနေ့ ကျနော်တို့မြန်မာနိုင်ငံတွင်လည်း နည်းပညာကို အသုံးချပြီး နိုင်ငံတိုးတက်ရေးအတွက် သုံးစွဲမှုများရှိလာသည်။ ဥပမာအားဖြင့် ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမများတွင် CCTV ကင်ပရာများ တပ်ဆင်ထားခြင်းကြောင်း ကားမတော်တဆမှုများကို ဖော်ထုတ်လာနိုင်သည်။ ဘဏ်များ၊ စတိုးဆိုင်များနှင့် တခြားအရေးကြီးသောနေရာများတွင်လည်း တပ်ဆင်ထားသည်ကို တွေ့ရှိရသည်။ နည်းပညာတိုးတက်မှုနောက်တွင် မလိုလားအပ်သော လူငယ်တစ်ချို့၏ တလွဲအသုံးချမှုများကိုလည်း တွေ့ရသည်။ စတိုးဆိုင်၏ အ၀တ်လှဲခန်းများတွင် ချို့ဝှက် ကင်ပရာများတပ်ဆင်ပြီး ဗွီဒီယို ခိုးရိုက်ယူမှုများ၊ တခြား လူများသုံး သန့်စင်ခန်းများတွင် ချို့ဝှက် ကင်ပရာတပ်ဆင်မှုကို အသုံးချကာ မိန့်ကလေးများ၏ ကိုယ်တုံးလုံးဗွီဒီယိုများ၊ ဓာတ်ပုံများကို အင်တာနက်ပေါ်သို့ တင်ပေးမှုများကိုလည်း ရှိသည်။ ထို့ကြောင်းနည်းပညာ တိုးတက်လာသည်နှင့်အမျှ နည်းပညာ၏ သားကောင်းများ မဖြစ်ရလေအောင်နှင့် တိုးတက်နေသော ခေတ်ကို အမှီလိုက်အောင်အတွက် CCTV ကင်ပရာသည် ဂလိုဘယ်လိုင်းဇေရှင်းခေတ်တွင် အမျိုးသားလုံခြုံရေးအတွက် အမှန်တစ်ကယ် ထိရောက်မှုများရှိသည်ကို တွေ့ရှိရသည်။
ဝေဟင်အောင်
http://www.time.com/time/magazine/article/0,9171,2146454,00.html ရင်းမြစ်အား သင့်တော်သလို ဗဟုသုအလိုငှါ မှီးဂြမ်းပြီးရေးသားသည်။
(၃၀.၆.၂၀၁၃ ရက်)
No comments:
Post a Comment