ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

“မြန်မာနိုင်ငံ တိုးတက်နေပြီးလား။”

 
အွင်းလိုင်းပေါ်ကို တက်လိုက်ရင် ပြည်ပက သူငယ်ချင်းတွေ မကြာခဏမေးတတ်တဲ့ မေးခွန်းတစ်ခုရှိပါတယ်။
“မြန်မာနိုင်ငံ တိုးတက်နေပြီးလား”တဲ့။ မကြာခဏဆိုသလို အမေးခံရတတ်ပါတယ်။ ပြည်တွင်းက လူတိုင်း အမေးခံရဖူးလောက်ပါတယ်။ ကျနော်ကအမြင်ဆိုရင် မြန်မာနိုင်ငံဟာ မတိုးတက်သေးပါဘူး။ အပေါ်ပိုင်းမှာ ပြောင်းလဲတာလောက်ပဲရှိတယ်။ ဟုတ်ပါတယ်။ မတိုးတက်သေးပါဘူး။ ပြောင်းရုံး ပြောင်းတုန်းပဲရှိပါသေးလို့ပဲ ပြန်ဖြေရပါလိမ်မယ်။ ပြောင်းလဲမှုကိုတောင်မှ အောက်ခြေက လူတန်းစားက မခံစားရသေးပါဘူး။ အပေါ်ပိုင်းမှာ စာရွက် စာတမ်းတွေနဲ့  ယူနီဖောင်တွေ ပြောင်းလဲရုံရှိသေးပြီး အပြင်ဖက်ကိုတော့ ခုန်ထွက်မလာသေးပါ။
ဒါဆိုရင် တိုးတက်မှုကို ဘာနဲ့ တိုင်းတာမလဲ။ ဒါကိုတော့ ကျနော် အမြင်နဲ့ပဲ ပြောကြည့်ပါမယ်။

နံပါတ်(၁) ပညာရေး
ပညာရေးမှာတော့ အခကြေးငွေပေး ပညာရေးက အဓိက နေရာမှာ ပါနေပါတယ်။ ဥပမာ - သူငယ်တန်းကနေ တက္ကသိုလ် အပြီးထိ ကျူရှင်မယူရင် မအောင်ဘူး၊ မတတ်ဘူး။ ဒါက ရှိနေသေးတယ်။ တခြားပညာရပ်တွေဆိုရင်လည်း ဒီအတိုင်းပဲ အစိုးရ ကျောင်းတွေက လုံလောက်အောင် သင်မပေးနိုင်ဘူး။ ဒါကြောင်း ပညာရေးဖက်မှာ တိုးတက်မှုကတော့ မမြင်ရသေးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀)ကျော်လောက်ကတည်းက ရှိနေတဲ့ အခကြေးငွေ ပညာရေးစနစ် ယခုထိ မူမပြောင်းဘဲ ရှိနေသေးတဲ့အတွက် ဘာမှ မတိုးတက်သေးတဲ့အပြင် အခကြေးငွေ ပညာရေးစနစ်ကြောင်း လူငယ်တွေက ကျောင်းမှ ဆရာတွေထက် အပြင်က ကျူရှင်ဆရာတွေကိုမှ ဆရာတင်တတ်တာက ပိုဆိုးသွားတယ်။

နံပါတ် (၂) ကျန်းမာရေး
ကျန်မာရေးကလည်း ဘာမှ ထူးခြားမလာသည့်အပြင် ပိုဆိုးသွားပါတယ်။ နေထိုင်မကောင်းလို့ ဆေးရုံးကို သွားကြည့်ပါ။ ဆေးဝါးတွေအကုန်လုံးကို အပြင်ဆိုင်တွေက ဈေးမတန်မဆနဲ့ ၀ယ်ရပါတယ်။ သက်သာဆိုင်တွေက မသက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချဖို့အတွက် ဆေးရုံးအတွင်းက ဆရာဝန်နဲ့ ဂွင်းရိုက်ထားတတ်ကြပါတယ်။ အဲဒီဆိုင်က ၀ယ်မှ ဆေးထိုးတာတို့ ဆေးတိုက်တာတို့ကို လုပ်ပေးတတ်ကြပါတယ်။ သူနာပြုဆရာမတွေဆိုရင်လည်း စပါယ်ရှယ်မခေါ်နိုင်ရင် အဆဲသာ ခံပေတော့။ တောသူတောင်သားတွေကတော့ ကိုယ်ဒေသမှာရှိတဲ့ ယမ်းကူးတွေနဲ့ပဲ လုံရှာလည်နေရတတ်ပါတယ်။ ဘာမှ ပြောင်းလဲသွားတာ မတွေ့ရသေးပါဘူး။

နံပါတ်(၃) စီပွါးရေး
စီးပွါးရေးကတော့ ဘာမှ ထွေးထွေးထူးထူး မတွေ့ရသေးပါဘူး။ အယင်းတုန်းကထက် ပိုဆိုးသွားတယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးကတော့ စိုက်ပျိုးရေးပါ။  ဥပမာ - အယင်းတုန်းကဆိုရင် ဘိုးဘွားလက်ထက်က ပိုင်ဆိုင်ခဲ့သော  စိုက်ပျိုးမြေတွေကို သားသမီး လက်ထက်ကျတော့ အမွေခွဲဝေပေးလိုက်ရတော့ ပိုအဆင်မပြေမှုပိုများလာပါတယ်။ စိုက်ပျိုးရေး နည်းပညာ မထွန်းကားမှု၊ ပြည်ပတင်ပို့မှု အားနည်းမှုတို့ကြောင်း အခြေခံ လက်လုပ် လက်စားနဲ့ တခြားသော ငမွဲတွေအတွက်ကတော့ ပိုဆိုးရွားသွားပါတယ်။ အဆင်မပြေမှုများလာတဲ့အခါ လုပ်သားကောင်း အရွယ်ကောင်းတွေက နိုင်ငံရပ်ခြားကို တရားဝင်တစ်မျိုး၊ တရားမ၀င်တမျိုးနဲ့ သွားရောက်နေကြတာကတော့ နေ့စဉ်နဲ့အမျှဆိုတော့ ဘာမှ ထူးခြားမလာဘူးလို့ မြင်မိပါတယ်။ ပညာတတ်လူငယ်တွေဆိုရင် ပိုဆိုးပါတယ်။ အစိုးရစကားနဲ့ပြောရရင် ဦးနှောက် ယိုစိမ့်မှုဆိုပါတော့။

နံပါတ် (၄) လမ်းပန်ဆက်သွယ်ရေး
 လမ်းတွေကတော့ တိုးလာပါတယ်။ ထူးလို့မလာပါဘူး။ ပျက်မြဲအတိုင်း ပျက်နေပါတယ်။ ဆက်သွယ်ရေးကတော့ ဖုန်းဈေးတယ်ကျဆင်းလာတယ်ဆိုပေမယ့် နယ်ပိုင်းတွေမှာ အဆင်မပြေသေးဘူး။ မြို့ပေါ်လူတစ်စုစာလောက်ပဲ အဆင်ပြေပါသေးတယ်။ (၁၅၀၀)ကျပ်တန် အဆင်ပြေမယ်လို့ မျှော်လင့်ခဲ့ကြတာ  ပိုလို့တောင် ဆိုးတဲ့ဖက်ကို ပြန်ဦးတည်သွားစေပါတယ်။  အင်တာနက်ကလည်း ဖုန်းလိုင်းထုတ်ပေးတဲ့ အင်တာနက်လိုင်းကိုပဲ အားကိုးနေရတာမို့ ဆက်သွယ်ရေးလည်း ဒုံရင်းမှာ ဒုံရင်းပါ။ လေယဉ်လမ်းကြောင်းတွေ တိုးလာပေမယ် ဈေးနှုန်းကတော့ ဆင်းရဲသားတွေအတွက် မဟုတ်သေးပါဘူး။ ရေပေါ်ဆီလောက်ပဲ စီးနိုင်တဲ့ အဆင့်ပါ။ ဒါကြောင်း ဒါလည်း အတူတူပဲလို့ မြင်မိပါတယ်။

နံပါတ်(၅) စိတ်ဓာတ် ၊ စည်းကမ်း
စည်းကမ်းကတော့ ပြောမနေနဲ့တော့။ လူငယ်တိုင်း ဆေးလိပ်သောက်တယ်၊ ကွမ်းစားတယ်၊ အရက်သောက်တယ်။ ရည်းစားထားတယ်။ ကလပ်တတ်တယ်။ ဆေးချတယ်။ အလုပ်မရှိတော့ လက်ဖက်ရည်ဆိုင်ထိုင်တယ်။ လိုအပ်ရင် ရတဲ့နေရာမှာ ကွမ်းတံထွေးတွေ ထွေးတယ်။ ပြည်သူပိုင်ပစ္စည်းတွေ ဖြစ်တဲ့ ရေပိုက်ခေါင်းတို့၊ ရေစင်တို့ကို လစ်ရင် လစ်သလို ဖျက်စီတတ်တယ်။ ဒီအထဲမှာ စည်းကမ်းပျက်တော့ စိတ်ဓာတ်ပျက်ကျသွားတယ်။ စိတ်ဓာတ်နဲ့ စည်းကမ်းက ဆက်စပ်နေတယ်လို့ မြင်မိပါတယ်။ စိတ်ဓာတ်ယော၊ စည်းကမ်းယော ပိုဆိုးသွားတာပေါ့။

နံပါတ်(၆) ပွင့်လင်းမြင်သာမှု
ဒါကတော့ စကားပြော နည်းနည်း လွတ်လပ်လာတယ်။ ဝေဖန်ပိုင်ခွင့် နည်းနည်းရှိလာတယ်။ ဒါတောင်မှ နောက်က အရပ်ဝတ်နဲ့ ကင်းထောက်တွေကရှိနေသေးတယ်။ ပွင့်လင်းဆိုလို့ မိန့်ကလေးတွေ ပွင့်လင်းလာတာပဲရှိတယ်။ အပြတ်၊ အတိုတွေ ၀တ်လာတာပဲရှိတယ်။ ဗွီဒီယိုမင်းသား၊ မင်းသမီးတွေက ပွင့်လင်းလာတာပဲရှိတယ်။ နမ်းခမ်းတွေ ပါလာတယ်။ ညီနဲ့အစ်ကို မောင်နဲ့နှမ ကြည့်လို့ အဆင်မပြေလောက်အောင် ဖြစ်လာတယ်။

နံပါတ် (၇) သံယံဇာတ
ဒါကလည်း ထိုနည်း လည်းကောင်းပါပဲ။ မြေပေါ် မြေအောက် ရှိသမျှ သံဃံဇာတကို ပြည်ပကို ရောင်းချပါတယ်။ ယေဘုယျအားဖြင့် ကချင်က ထွက်တဲ့ ကျောက်စိမ်း၊ ရှမ်းက ထွက်တဲ့ လက်ဖက်၊ ကယားက ထွက်တဲ့ ရေအားလျှပ်စစ်၊ ကရင်ကထွက်တဲ့ ကျွန်းသစ်၊ မွန်က ထွက်တဲ့  ပုလဲ၊ ရခိုင်က ထွက်တဲ့ ဓာတ်ငွေ၊ ချင်းကထွက်တဲ့ ဂမုန်း၊ မြန်မာနိုင်ငံအလယ်ပိုင်းက ဧရာဝတီ၊ အကုန်လုံး ပြည်တွင်းက လူတွေနဲ့ မထိုက်တန်တော့ ပြည်ပကို ရောင်းချပေးထားရတာပေါ့။  ပြည်တွင်းက လူတွေကတော့ ငတ်မြဲအတိုင်း ငတ်နေကြပါတယ်။


ဒီနေ့ ပညာခေတ်ကြီးမှာ ပညာကို တန်ဖိုးမထားတတ်တဲ့ လူငယ်တွေနဲ့ အတတ်ပညာ၊ အသိပညာတွေ တဖြည်းဖြည်း အားနည်းလာချိနည်းလာတာကိုပဲ တွေ့ရပါတယ်။ ကျနော် အမြင်တွေ သက်သက်ပါ။ တိုးတက်လာပြီးလာဆိုရင် မတိုးတက်သေးဘူးလို့ ဖြေပါရစေ။ ပြောင်းတော့ နည်းနည်း ပြောင်းလဲလာပါတယ်။

(ဝေဟင်အောင်)


No comments:

Post a Comment