ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

တံတိုင်း(သို့)ခြံစည်းရိုး


“ခြံစည်းရိုးကောင်းကောင်းရှိလျှင် မိတ်ဆွေကောင်းကောင်းရတတ်သည်”ဟု ဆိုရိုးစကားရှိသည်။ မိသားစု အသိုက်အမြုံရှိသူတိုင်းသည် သူတို့၏ ပိုင်နက် အိမ်ကို ခြံစည်းရိုး ကာခြင်းသည် ဓမ္မတာဖြစ်ပါသည်။ ခြံစည်းရိုးမရှိသော အိမ်သည် မတင့်တယ်သကဲ့သို့ နယ်ခြားစည်းမရှိသော နိုင်ငံသည်လည်း အချုပ်အချာအာဏာမပိုင်သလိုပင် ဖြစ်ပါသည်။ ထို့ကြောင်း အချုပ်အချာအာဏာပိုင် တိုင်းပြည်နှင့် နိုင်ငံတိုင်းသည် အချုပ်အချာအာဏာနှင့် နယ်စပ်ကို အပိုင်ကာကွယ်ရမည်မှာ အမှန်ပင်။ ဤသည်မှာ တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ခြင်း၏ အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။ တံတိုင်းကာကွယ်ခြင်းမှာ ပွင့်လင်းမြင်သာမှု ခေတ်ကာလကြီးမှာ မဆီလျှော်ပေမယ့် အမျိုးသားရေး ဂုဏ်သိက္ခာနှင့် အမျိုးသား လုံခြုံရေးအတွက် မဖြစ်မနေလိုအပ်နေပြီဟု အချက်ပေးလာပြီးဖြစ်ပါသည်။
           တံတိုင်းဆိုသည်မှာ သံတမန်တံတိုင်း၊ ကုန်သွယ်ရေးတံတိုင်းတို့အပြင် သံတံတိုင်း၊ အုပ်တံတိုင်း၊ လျှပ်စစ်တံတိုင်းနှင့် မြေတံတိုင်းတို့ကို အခိုင်အမာ တည်းဆောက်လာကြပြီးဖြစ်ပါသည်။
           ၁၉၈၀ ခုနှစ်ပတ်ဝန်ကျင်ကတည်း တောင်အာရှနိုင်ငံတစ်ခုဖြစ်သော အိန္ဒိယသည် သူတို့နှင့် ထိစပ်နေသော ပါကစ္စတန်နယ်စပ်တွင် တံတိုင်းကာထားခဲ့ပြီးဖြစ်ပါသည်။ တစ်ဖက်နိုင်ငံဖြစ်သော ပါကစ္စတန်နိုင်ငံမှ အကြမ်းဖက်သမားများ၊ စစ်သွေးကြွများ စိမ့်မ၀င်လာစေရန် ကာထားရခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးခဲ့သည်။ အမှန်တကယ်ဆိုလျှင် အိန္ဒိယနှင့် ပါကစ္စတန်  နှစ်နိုင်ငံကြား သဘာဝက ပေးသော ရွံ့ပင်လယ်ပင်ကြီး ခြားနားလျှက်ရှိပါသည်။ သို့သော်လည်း ပရောဟိတ်တွေပေါ့များပြီး  ရှေ့ပြေးနိမိတ်ကို ကြိုဖတ်တတ်သော အိန္ဒိယသားတို့သည် မိမိခြံစည်းရိုးလုံခြုံအောင် ပြုလုပ်ခဲ့ကြသည်။ ၄င်းအပြင် အိန္ဒိယ၏ အရှေ့ဖက် အခြမ်းဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်တွင်လည်း ခြံစည်းရိုးများကို အခိုင်းအမာ ခတ်ထားသည်။ ဆင်းရဲသား အိမ်နီးချင်းနိုင်ငံမှ နိုင်ငံရေး၊ စီးပွါးရေး၊ လူမျိုးတိုးပွားနှုန်းတို့ ကူးစက်လာမှာကို စိုးရိမ်းသောကြောင်း ခြံစည်းရိုးကို လုံအောင် ခတ်ထားခဲ့ခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးခဲ့ပါသည်။
            အိန္ဒိယနိုင်ငံကဲ့သို့ပင် တောင်အာရှနိုင်ငံတစ်ခုဖြစ်သော အစ္စလာမ် ဘာသာဝင်များ နေထိုင်သော ပါကိစ္စတန်နိုင်ငံသည်လည်း ၄င်းနှင့် ထိစပ်လျှက်ရှိသော အာဖဂန်နစ္စတန်နိုင်ငံကြား တောင်တန်းထူးထပ်သော နေရာများတွင် မြေမြုပ်မိုင်းများကို ဖြန့်ကြက်ချထားပြီး သူတို့နိုင်ငံ၏ နယ်နိမိတ်ကို အကောင်းဆုံး ကာကွယ်နိုင်ငံအောင် ပြုလုပ်ထားပါသည်။ ထို့အပြင် တခြားအစ္စလာမ်နိုင်ငံတစ်နိုင်ငံဖြစ်သော အီရန်နိုင်ကလည်း  ပါကစ္စတန်နှင့် နယ်စပ်တစ်လျှောက် မြေတံတိုင်းကာထားလျှက်ရှိပါသည်။ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုကို ဆုံးခန်းတိုင်းအောင် ကာကွယ်ရန်ဖြစ်သည်ဟု အကြောင်းပြချက်ပေးခဲ့သည်။
              အာရှအလယ်ပိုင်းဖြစ်သော ဆော်ဒီနိုင်ငံဆိုလျှင် သူနိုင်ငံ၏ တောင်ဖက်တွင်ရှိသော ယီမင်နိုင်ငံ၊ မြောက်ဘက်တွင် အီရတ်နိုင်ငံတို့နှင့် ထိစပ်လျှက်ရှိသော နယ်စပ်ဒေသလုံခြုံရေးအတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံကာ မဟာရံတံတိုင်းကြီးကို ကာထားလျှက်ရှိသည်။
              အာရှတစ်ခုတည်းတွင် ကမပဲ တခြားဒေသများဖြစ်သော ဘော့(စ)၀ါနာနိုင်ငံသည်လည်း ဇင်ဘာဘွေနိုင်ငံနှင့် ထိစပ်လျှက်ရှိသော နယ်စပ်တစ်လျှောက်တွင် ၄၈၀ ကီလိုမီတာ ရှည်လျှားသော နယ်စပ် သံဆူးကြိုးများဖြင့် ကာရံထားပြီး၊ ၂၄ နာရီလုံး လျှပ်စစ်ဓာတ်အားပင် လွှတ်ထားသည်ဟု သိရှိရပါသည်။ ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံသည်လည်း မက္ကစီကိုနိုင်ငံဘက်အခြမ်းတွင် အငြင်းပွားဖွယ်ရာ တံတိုင်းကြီးကို ကာလျှက် သူတို့နိုင်ငံ၏ တရားမ၀င် လူဝင်မှုစနစ်ကို ထိန်းချုပ်လျှက်ရှိသည်။ အစ္စရေးနိုင်ငံသည်လည်း အနောက်ဘက်ကမ်းနှင့် မိမိနယ်မြေကြားတွင် အကာအရံတံတိုင်းကြီးခတ်ထားပြီး နေ့ညမပြတ် ကင့်စောင့်ချထားသည်။
    ထို့အပြင် အရှေ့တောင်အာရှနိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည်လည်း မလေးရှားနယ်စပ်တွင် ကွန်ကရစ်တံတိုင်းကာနိုင်အောင် စီစဉ်လျှက်ရှိသည်။ စင်္ကာပူနိုင်ငံသည်လည်း မိမိနိုင်ငံ၏ နယ်နမိတ် ဧရိယာတစ်ခုလုံးအား နည်းပညာအားကိုးဖြင့် အချိန်ပြည့်စောင့်ကြည့်လျှက်ရှိပြီး အထူးသဖြင့် မလေးရှားနယ်စပ်တွင် တံတိုင်းကာထားသည်။
               “ကျနော် ခင်ဗျာရဲ့ အရောင်းအ၀ယ်တော့ လုပ်မယ် ဒါပေမယ့် ကျုပ်အနားကိုတော့ မကပ်နဲ့ ၀င်ပြီးရင် ပြန်ထွက်ပေါ့ဗျာ”ဆိုသလို မိမိတာရိုးကို အကောင်းဆုံး ကာကွယ်ခြင်းသည် ခေတ်သစ် စီးပွါးရေးစနစ်တွင် တွင်းကျယ်လျှက်ရှိသည်။ အိန္ဒိယနိုင်ငံ၏ အကြီးတန်းသတင်းထောက် စူမန်ဒူဗေက“ခေတ်စနစ်အရ စိတ်ဓာတ်ပိုင်းကတော့ အိုခေတယ်ဗျာ။ တံခါးတွေ ဖွင့်ထားတာပေါ့။ ဒါပေမယ် ရုပ်ပိုင်းဆိုင်ရာအရတော့ လုံခြုံအောင် လုပ်ထားရမယ်ဗျာ၊ အခြေအနေက ယုံလို့မရဘူးလေ”လို့ ဆိုခဲ့ဖူးသည်။ တံတိုင်းကာခြင်းကို မဆီမဆိုင် အစ္စနိုင်ငံတည်ထောင်စကတည်းက အမျိုးသားလုံခြုံရေးဆိုင်ရာ လေ့လာရေးစင်တာ၏ ဒုတိယ ဒါရိုက်တာ ဒန်ရှက်(ဖ)တန်က “ဘာကြောင်း တံတိုင်းကာရသလဲလို့ မေးလာရင် အကြောင်းပြချက်တွေက အများကြီဗျ၊ တံတိုင်းရှိတော့ ဘ၀က လုံခြုံတာပေါ့။ ဒီမယ် မြေပုံပေါ်က နယ်နိမိတ်မျဉ်းဆွဲထားရုံနဲ့ ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူး။ တံခါးတွေ ဖွင့်ဆိုတာတော့ လူကြားလို့တော့ ကောင်းတာပေါ့။ ဒါပေမယ့် အန္တရယ်တွေကို ဖိတ်ခေါ်နေသလိုမျိုးပဲ”ဟု ပြောခဲ့သည်။
             ယခုအခါ ဥရောပနှင့် အမေရိကန်နိုင်ငံတို့ပင်လျှင် ရွေ့ပြောင်းနေထိုင်သူများ၏ အန္တရာယ်ကို ခြိမ်းခြောက်လျှက်ရှိသည်ဟု သတင်းတွေမှာ မကြာခဏဆိုလိုမျိုးတွေ့နေရသည်။ ဒန်ရှက်(ဖ)တန်ကပဲ“ခုခေတ်မှာ အိမ်ရှင်ကောင်းဆိုတာ မရှိသလောက် ရှားလာတယ်ဗျာ။ ဒါကြောင်း တံတိုင်းကောင်းကောင်းတွေတော့ လိုနေအုံမယ်”လို့ ကောက်ချက်ချခဲ့သည်။ ၂၀ ရာစုကတည်းက အိမ်ခြံတွေ၊ ကျောင်းခြံတွေ၊ နိုင်ငံခြံစည်းရိုးတွေ အလျိုလျိုပေါ်ပေါက်လာခဲ့ကြသည်။
           လူဦးရေ တိုးပွါးမှု ဒီရေလှိုင်းဖြင့် နယ်မြေသိမ်းပိုက်မှုတို့သည် မကြာခဏ ကြားလာရသည်။ ဤသို့ဆိုလျှင် လူဦးရေဒီရေလိုမြှင့်တက်နေတဲ့ ကျနော်တို့ နိုင်ငံရဲ နယ်နိမိတ်ကိုလည်း အမျိုးသား လုံခြုံရေးတစ်ရပ်အနေဖြင့် ခြံစည်းရိုးကောင်းကောင်းလိုနေပြီးဟု သံချောင်းခေါက်လာချေပြီး။

ဝေဟင်အောင်
မှီးဂြမ်း - ကျော်ဝင်း (ခွေးများ၊ လူများ၊ စာအုပ်များ) ၊ Simon Robinson: A World Divided

No comments:

Post a Comment