င/မန် Vs ဒေါ်စု
2015 ရဲ့ ရွေးကောက်ပွဲမှာ သမ္မတလုပ်မယ့်လူနှစ်ဦးတော့ လက်ဝှေ့ထိုးဖို့အတွက် စိန်ခေါ်ပွဲကြီးနဲ့အတူ သတ်ကွင်းထဲကို ၀င်လိုက်ကြပါပြီး ဖြစ်ပါသည်။ ပွဲကတော့ ပွဲကြီးပွဲကောင်းဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်တုန်းက ဗိုလ်လုပွဲကတော့ တစ်ဦးတည်း ပြိုင်ဆိုင်ပြီး ပြိုင်ဖက်မဲ့ ပွဲကို တဖက်သတ် အနိုင်ယူသွားတာကို တွေ့ရပါတယ် ခင်ဗျာ။ အခုအကြိမ်မှာတော့ စိန်ခေါ်သူရယ်၊ ပြိုင်ဖက်ရယ် အဆင်သင့် ရှိနေပြီးမို့ ပွဲကတော့ ပွဲကြီး ပွဲကောင်းဖြစ်မှာတော့ အမှန်ပါပဲ။ ထိုနှစ်ဦးမှာ လာရာဖက် မတူသလို သွားရာဖက်လည်း မတူကြချေ။ တစ်ဦးက အတိုက်အခံကို နှစ် (၂၀) ကျော် ကြံကြံခံလေ့ကျင့်လာပြီးတော့ နောက်တစ်ဦးကတော့ ယူနီဖောင်ပြောင်းပြီး မိုးကျရွှေကိုယ်လို ပလ္လင်ထက်ကို တက်ထိုင်နေသူဖြစ်ပါတယ်။ သူတို့နှစ်ဦးကဆိုလို့ရှိရင် တစ်ဦးကတော့ ပြည်တွင်းအားကို အသုံးချမယ်သူနဲ့ နောက်တစ်ဦးကတော့ ပြည်ပအားကို အကာအကွယ်ယူမယ်သူ နှစ်ဦးတို့က ရာဇပလ္လင်ဆိုတဲ့ ဆုကြီးကို စိန်ခေါ်လာခြင်းဖြစ်ပါတယ်။ ပြည်ပကို အကာအကွယ်ယူမယ့်သူက နိုင်ငံတကာ စံနှုန်းအတိုင်း လူ့အခွင့်အရေးနဲ့ ဥပဒေစိုးမိုးရေးကို လက်နက်အဖြစ် သုံးစွဲမှာဖြစ်ပြီး၊ တစ်ဖက်ကတော့ ယူနီဖောင်ဝတ်တုန်းက အစွမ်းကုန်ပြင်ဆင်ထားခဲ့သမျှ ၂၀၀၈ ဖွဲ့စည်းပုံကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဖိုနဲ့မ ၊ ကျားနဲ့ဆင်ဆိုသလို မြန်မာနိုင်ငံကွင်းတော်ကြီးမှာ အမှန်အကန်ချိန်ပြိုင်ကြမှာ ဖြစ်တဲ့အတွက် လက်ခုပ်တီသူ၊ သြဘာပေးသူ၊ တံထွေးပစ်သူများဖြင့် အကြိတ်အနိုင်ချိန်ပြိုင်ကြမှာဖြစ်ပါတယ်။ “မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံခြားသား ခံယူထားတဲ့ သားသမီးတွေရှိသူတွေကို သမ္မတဖြစ်ခွင့်က ပိတ်ပင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက် စလုံးက နိုင်ငံခြားသား ဖြစ်နေတဲ့အတွက် အလိုအလျောက် သမ္မတဖြစ်ခွင့် မရနိုင်တာ ဖြစ်ပါတယ်။” လို့ စင်ပေါ်ကို တက်ဖို့ ခြေလှမ်းပြင်တုန်းပဲရှိသေးတယ် ရန်သူက အချိပ်ကို ထိုးထားပြီးဖြစ်ပါတယ်။ ဟိုက နောက်လိုက် ငယ်သားအား(မုတ်ဆိတ်ရှိ၊ မရှိသူ)တစ်စုဖြင့် ၂၀၀၈ ကို ပြောင်းပေးပါ။ ၁၉၈၂ ဥပဒေဟာ လူ့အခွင့်အရေးအရ လက်မခံနိုင်ဘူးဆိုပြီး ပြန်လည် အကာအကွယ်ယူထားတာကို တွေ့ရပါတယ်။ သတ်ကွင်းထဲကို မရောက်လာခင် နှစ်ဖက်လုံးကတော့ ဒီမိုကရေစီ ဘောလုံးကွင်းဆိုရင် ဘောလုံးကို ခြေမှာထားပြီးတော့ ဘယ်လို ခြေလှမ်းတွေနဲ့ လိမ်မယ် ခေါက်မယ် ပတ်မယ် ဆွဲပြေးမယ်ဆိုတာကို ယနေ့မှ စပြီး မြင်တွေ့ရဖွယ်ရှိနေပါတယ်။ ဖွတ်တို့ ထုံးစံအတိုင်း ခြေထိုးမယ်၊ ဟန်ချက်ညီညီတိုက်စစ်ဆင်ကြပါလိမ်မယ်။ ဒေါင်းကတော့ ကကွက်လှလှတွေနဲ့ စကားလုံး ဝေ့လယ် ကြောင်ပတ်တွေနဲ့ အရှောင်တိန်ကောင်းကောင်း ရှောင်တိန်းပါလိမ်မယ်။ တစ်ခါ တစ်ခါ အောက်စပေါ်ပြီး ထမီလှန်ပြပြီး ဖင်ပေါ်တတ်တဲ့ အကျင့်ရှိတဲ့ ဒေါင်းကတော့ သတိကြီးကြီးနဲ့ ချိန်ပြိုင်ရတော့မယ် ဖြစ်ပါတယ်။ ပြိုင်ဖက်တွေမို့ တစ်သင်းရဲ့ အားနည်းချက်ကို တစ်သင်းကတော့ စောင့်ကြည့်နေပါလိမ်မယ်။ ဒါပေမယ်ပေါ့ တိုင်းရင်းသားဆိုတဲ့သူတွေကတော့ အရံအင်အားအဖြစ် လိုအပ်ရင် ကွင်းထဲကို ၀ီစီမမှုတ်ခင်း ပြေးဝင်ကြဖို့လည်း နောက်ကွယ်ကနေ တာစူးနေတာကိုလည်း တွေ့ရပါတယ်။ ပွဲကတော့ ဒိုင်လူကြီးမရှိ၊ ကန်သူနဲ့ ပရိတ်သတ်နှစ်မျိုးပဲရှိတဲ့အတွက် ဘယ်ဖက်က နိုင်နိုင် ရာဇပလ္လင်ဆုကြီးကိုတော့ ရသွားပါလိမ်မယ်။ ကျနော်တို့ ပရိတ်သတ်အနေနဲ့တော့ အကောင်းဆုံးဆိုတဲ့သူကို လက်ခုပ်တီ အားပေးဖို့အတွက် ကြိုတင်ပြင်ဆင်ကြပါစို့-- မျှော်-
(ဝေဟင်အောင်)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment