“၂၀၁၀
ခုနှစ် ရွေးကောက်ပွဲတွင် ကျနော်တို့ပေးလိုက်သော နိုင်ငံသားတစ်ဦး၏
အမြင့်မြတ်ဆုံး တန်းဖိုးဖြစ်သော ဆန္ဒမဲပေးခွင့်သည် ခရီးသွားလာခွင့်သာရှိသော
ယာယီသက်သေခံကဒ်(White Card) ကိုင်ဆောင်ထားသူနှင့် တန်းတူသာ
ဖြစ်သွားခဲ့သည်။ ထို့ကြောင်း နိုင်ငံသား၊ တိုင်းရင်းသားတို့၏ ဂုဏ်သိက္ခအရ
ကျဆုံးသွားသည်ဟု ခံစားရသည်။ ဤကိစ္စကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်းမှီ
မည်သို့ရှင်းလင်းကြမည်နည်း။ ယနေ့ နိုင်ငံသားတစ်ဦး၏
ခံစားချက်မှာ နိုင်ငံသားတန်းဖိုးကျဆင်းနေသည်ဟု ခံစားမိသည်။ ယနေ့
ကျနော်တို့ ကိုင်ဆောင်ထားသော နိုင်ငံသားကဒ်၊ နိုင်ငံသားစိစစ်ရေးကဒ်သည်
နိုင်ငံသား၏ အမြင့်ဆုံးတန်းဖိုးအရ ယာယီသက်သေခံကဒ်(White Card) နှင့်
တန်းတူဖြစ်သွားသည်။ ”
အစိုးရ၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမတိုင်းခင် ယာယီသက်သေခံလက်မှတ် (White Card)ကို "ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ကိုယ်စားလှယ်ဦးဖိုးမင်းမှ ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၏ မြို့နယ်အသီးသီး၌ ဘင်္ဂါလီလူမျိုးများအနေဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဦးရေ မည်မျှ အရေအတွက်ရှိသည်ကို သိရှိလိုခြင်း မေးမြန်းချက်အား ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား စိုက်ပျိုးရေးနှင့် မွေးမြူရေး ပြည်နယ်ဝန်ကြီး ဦးကျော်သိန်းမှ ဖြေကြားချက်ကို အသိအမှတ်ပြု ယာယီ သက်သေခံကတ်ပြား (WHITE CARD) ကိုင်ဆောင်ထားသူ ဘင်္ဂလီ လူမျိုး။
အသက်(၁၀)နှစ်နှင့် (၁၈)နှစ်ကြား - ကျား (၉၈၇၉၄)ဦး၊ မ (၉၉၀၉၄)ဦး၊ ပေါင်း (၁၉၇၈၈၈)ဦး။
အသက်(၁၈)နှစ်အထက် - ကျား (၂၂၆၁၂၇)ဦး၊ မ (၂၄၆၈၈၆)ဦး၊ ပေါင်း (၄၇၃၀၁၃)ဦး။
စုစုပေါင်း (၆၇၀၉၀၁)ဦး ဟုဖော်ပြထားသည်။ ဤသည်မှာ ရခိုင်ပြည်နယ်အစိုးရ၏ တရားဝင် ဖော်ပြထားသည် ကိန်းဂဏန်းဖြစ်သည်။
UNHCR ၏ တရားဝင် ၀က်ဆိုက်တွင် ယာယီသက်သေခံကတ်ကိုင်ဆောင်ထားသူ (၈)သိန်းလောက်ရှိပြီး အံ့သြစရာမှာ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရခဲ့သည်ဟု ဖော်ပြထားသည်။
ဤအတိုင်းဆိုလျှင် တိုင်းပြည်၏ တန်းဖိုးအရင်းအနှီးတော့သည် နှမြောဖို့ကောင်း၏။ ဤကိစ္စကို အစိုးရမှ မည်သို့ဖြေရှင်းမည်ကို အဆောတလျှင် သိချင်နေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
“ယာယီသက်သေခံကဒ်( White Card) ဆိုသည်မှာ တရားမဝင်ရောက်ရှိ နေထိုင်ကြသူတွေလို့ သံသယရှိတဲ့ အတွက် သက်သေခံ ကတ်ပြားကိုသာ ထုတ်ပေးထားခြင်းသာဖြစ်သည်” လူဝင်ကြီးကြပ်ရေး ဌာနမှ အရာရှိတစ်ဦးက ပြောဖူးသည်။ ဤကဒ်ကို ကိုင်ဆောင်ပြီး မဲပေးခွင့်ရခဲ့သည်မှာ အံ့သြဖို့ကောင်းသည်။ နိုင်ငံသားများအပေါ် စော်ကားသလိုမျိုး၊ ယုံကြည်မှုကို သစ္စာဖောက်ခံရသလိုမျိုးလည်း ဖြစ်နေသည်။
မြန်မာနိုင်ငံမှာ လူဝင်ကြီးကြပ်ရေးနဲ့ပတ်သတ်ပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး တစ်ခါ ရေးဆွဲခဲ့သည်ဟု လေ့လာဖူးသည်။ အဲဒီမှာ မွေးရာပါ နိုင်ငံသား ဖြစ်သူတွေကို အဲဒီဥပဒေအပိုဒ် ၃၊ အပိုဒ်ခွဲ (၁) မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပိုဒ် ၁၁ ပါ မြန်မာနိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုး ဆိုတာကို အဓိပ္ပာယ်ဖွင့် ထားတာက မြန်မာ နိုင်ငံ တိုင်းရင်းသား တစ်မျိုးမျိုး ဆိုသည်မှာ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင် သို့တည်းမဟုတ် ရှမ်းလူမျိုးကိုလည်းကောင်း၊ ၁၈၂၃ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီ ကာလမှစ၍ ပြည်ထောင်စုတွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မိမိတို့၏ပင်ရင်း တိုင်းပြည်အဖြစ်ဖြင့် အခြေစိုက် နေထိုင်ခဲ့သော မျိုးနွယ်စုများကိုလည်း ကောင်း ဆိုလိုသည်လို့ ဖော်ပြထားသည်။ ဒီတိုင်းရင်းသားနဲ့ မျိုးနွယ်စု (၁၃၅) မျိုးက မွေးတဲ့သူတွေသာ မွေးရာပါ နိုင်ငံသားများ ဖြစ်ကြပါသည်။ တစ်နည်းအားဖြင့် သွေးကပြောတဲ့ နိုင်ငံသားဖြစ်သည်။
ယနေ့အချိန်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် အတည်ပြု ပြဌာန်းလိုက်ပြီးဖြစ်ရာ အသက်တော့ ၀င်စေချင်သည်။ ထို့ကြောင်း ၁၉၈၂ ခုနှစ်အရ နိုင်ငံသားဖြစ်ထိုက်သူကို နိုင်ငံသားအခွင့်အရေးပေးပြီး နိုင်ငံသားမဖြစ်ထိုက်သူများကို ဒုက္ခသည်စခန်းဖွင့်ပြီး ကန့်သတ်ထားသင့်သည်။ ယူအန်အစီအစဉ်အရ တတိယနိုင်ငံတစ်ခုခုသော ခေါ်သွားမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကောင်းသည်။ ယာယီသက်သေခံကဒ်(White Card) ကိုင်ဆောင်ထားသူတွေကိုတော့ မဲပေးခွင့်ကို လောလောဆယ်ပိတ်ပင်ထားပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားစီစစ်ရေးဥပဒေအတိုင်း ဆုံးဖြတ်ပေးသင့်သည်။
ကျနော် အသိမိတ်ဆွေ တစ်ဦး၏ ပြောပြချက်အရ အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်သော အခြားနိုင်ငံသားတစ်ဦးသည် အမေရိကန်နိုင်ငံ၏ လူဝင်ကြီးကြပ်ရေးမူသတ်မှတ်ဘောင်းထဲမှ အကျံ့ဝင်လျှင် (၂)နှစ်ဆိုလျှင် ယာယီသက်သေခံကဒ်(Green Card)ကို လက်ခံရရှိသော်လည်း မဲပေးပိုင်ခွင့်မရှိဟု သိရသည်။ နောက် (၅)နှစ်ပြည့်လျှင် သတ်မှတ်ချက် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့ကို ဆန်းစစ်ပြီးမှ နိုင်ငံသားကဒ်ထုတ်လုပ်ပေးသည်ဟု သိရှိရသည်။ သို့သော် ဥပဒေတစ်ခုခုနှင့် ငြိစွမ်းလျှင် ယာယီသက်သေခံကဒ်ရဖို့ပင် မလွယ်ကူးပေး။ ခြွင်းချက်အနေဖြင့် မက္ကဆီကိုနိုင်ငံသားများကို သက်သက်ခွဲခြားထားသည်။
မြန်မာနိုင်ငံ၏ အိမ်နီနားချင်း ထိုင်းနိုင်ငံတွင်လည်း အလွန်တင်းကျပ်သော လူဝင်ကြီးကြပ်ရေးစနစ်ရှိသည်။ ထိုင်းနိုင်ငံတွင် မည်မျှကြာသည့်တိုင်း နေထိုင်သော်လည်း သူတို့နိုင်ငံ၏ မူအရ နိုင်ငံသားဖြစ်ထိုက်ဖို့ပင် မလွယ်ကူးချေ။ အနည်းဆုံး ထိုင်းနိုင်ငံတွင် (၁၀)နှစ်အထက် နေထိုင်သူသည် ထိုင်းနိုင်ငံ၏ ဘာသာစကားကို တတ်ကျွမ်းနားလည်ပြီးမှ တောင်ပေါ်သားကဒ် (တနည်း ယာယီသက်သေခံကဒ်)ကို လက်ခံရရှိသည်။ သို့သော်လည်း မြို့နယ်တွင်းသာ သွားလာခွင့်ရှိပြီး တခြားဒေသို့သွားရောက်မည်ဆိုပါက ထူးခြားမှုမရှိသလို မဲပေးခွင့်ဆိုသည်မှာ အိပ်မက်ပင် မက်၍ ရမည်မဟုတ်။
အမှန်တကယ်ဆိုပါလျှင် လဝကဆို တာ တိုင်းပြည်ရဲ့တံခါးမှူးများ တံခါးများဖြစ်သလို အမျိုးကိုစောင့် စည်းရမယ့် လူများလည်းဖြစ်သင့်သည်။ တံခါးမှုးမကောင်းလည်း ထိုအိမ်အား ခွေးလည်း အားမနာ ကြောင်လည်းအားမနာဖြစ်တတ်သည်။ ဒါကြောင်း လ၀ကို အသန့်ရှင်းဆုံးနှင့် အကောင်းဆုံးဖြစ်အောင် စီစစ်သင့်သည်။ လ၀ကမကောင်းလျှင် လူမျိုးပင်ပျောက်တတ်သည်။
၂၂.၆.၂၀၁၃ ရက်နေ့က Elven Media Grop သတင်းဝက်ဆိုက်တွင် ဖော်ပြထားသော မေးခွန်းများသည် ယနေ့ ရခိုင်လူထုလိုအပ်
်ချက်၊ မြန်မာလူထုလိုအပ်ချက်နှင့် ကိုက်ညီနေသည်ကို တွေ့ရှိရသည်။ ထိုမေးခွန်းများအား ဖြေကြားချက်ကို ကျနော်ဖတ်ချင် ကြားချင်နေခဲ့သည်မှာ ကြာခဲ့ပြီး။ ယနေ့ထိ ဖြေရှင်းချက်၊ အဖြေထွက်မလာသေးပေ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနအား The Daily Eleven သတင်းစာမှ မေးမြန်းလို သည့် မေးခွန်းများသည် ကျနော်တို့မေးလိုသော မေးခွန်းနှင့် တူညီနေသောကြောင်း ၄င်းမေးခွန်းများကို ဖြေကြည့်စေလိုပါသည်။
၁။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ၂၀၁၀ ပြည့်နှစ်က ဘင်္ဂါလီများအား ထုတ်
ပေးခဲ့သော ယာယီ သက်သေခံ လက်မှတ် (White Card) ငါးသိန်းကျော်ကို မည်သည့် စံနှုန်းများဖြင့် စိစစ်ထုတ်ပေးခဲ့ပါသလဲ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ သတ်မှတ် ချက် စံနှုန်းများဖြင့် စိစစ်ခဲ့ခြင်း ရှိမရှိ။
၂။ ၂၀၁၀ ပြည့်နှစ် မတ်လအတွင်းက ထုတ်ပြန်ခဲ့သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆ တွင် ''ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင် ထားသူများသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ ဖြစ်ကြောင်း'' ပြဋ္ဌာန်းထားရာ ယာယီ သက်သေခံ လက်မှတ် (White Card) ထုတ်ပေးခြင်းသည် ရွေးကောက်ပွဲ မဲပေးနိုင်သည့် အတွက် ယာယီသက်သေခံ လက်မှတ် ထုတ်ပေးခြင်းကို မည်သည့်အမိန့် မည်သည့် သတ်မှတ်ချက်များဖြင့် မည်သို့ ထုတ်ပေးသည်ကို သိရှိလိုပါသည်။
၎င်းဥပဒေအရ နိုင်ငံသားတစ်ဦး၏ မဲပေးပိုင်ခွင့်ဟူသော တန်ဖိုးအရှိဆုံး အခွင့်အရေးမှာ ဧည့်နိုင်ငံသားများ၊ ယာယီသက်သေခံခွင့် လက်မှတ်ကိုင်ခွင့် ရသူများနှင့် တန်းတူဖြစ်ပွားခဲ့ရာ မဲပေးခွင့်ရှိသူ ပြည်သူသန်းပေါင်း
များစွာ အခွင့်အရေး နစ်နာဆုံးရှုံး ခဲ့ရပါသည်။ အကယ်၍ ၂၀၁၅ တွင် ၎င်းဥပဒေ ဆက်ရှိပါက ၁၉၈၂ နိုင်ငံ သား ဥပဒေမှာ စက္ကူစုတ်သာသာ ရှိသွားမည် ဖြစ်သည်။ ယခု ဘင်္ဂါလီ ပြဿနာသည် နိုင်ငံ အတွက် နစ်နာစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့ရာ ပြဿနာ၏ အစမှာ ၎င်း (White Card) ငါးသိန်းဖြစ်ရာ တာဝန် အရှိဆုံး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် မည်ကဲ့သို့ ဖြေရှင်းရန် စီစဉ်ထားသည်ကို သိလိုပါသည်။ ယင်းပြဿနာ အတွက် ယခင်အစိုးရ လက်ထက်တွင် ဒုတိယ တာဝန် အရှိဆုံး ပြည်ထဲရေး ၀န်ကြီးဌာန အဆင့်မြင့် အရာရှိကြီး တစ်ဦးဖြစ်သော ယခုဝန်ကြီး ဦးခင်ရီ အနေဖြင့် (White Card) များအား တရားဝင် အသိအမှတ်ပြုရန် (သို့) ဘင်္ဂါလီ လူမျိုးများအား မဲပေးခွင့် တစ်နည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် အစီအစဉ် ရှိမရှိ မေးမြန်းလိုပါသည်။ ၎င်းမေးခွန်းမှာ ၁၉၈၂ နိုင်ငံသား ဥပဒေ ပြုပြင်ခြင်း မပြုပြင်ခြင်းထက် များစွာ အရေးပါကြောင်း သိသာအပ်ပါသည်။
၃။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ (White Card) ထုတ်ပေးရာတွင် လာဘ်ပေး လာဘ်ယူမှု ရှိမရှိ သိရှိလိုပါသည်။
Elven Media Grop, The Voice , ငရဲသား Facebook တို့ကို တစ်ချို့ကို ကောက်နှုတ်ထားပါသည်။
ဝေဟင်အောင်
၁၁၊ ၈၊ ၂၀၁၃။

No comments:
Post a Comment