ဒင်္ဂါးက ပြောသော လူမျိုးတစ်မျိုး၏ သမိုင်းအကြောင်း
နိုင်ငံတစ်နိုင်ငံ၊ လူမျိုး တစ်မျိုးကို အုပ်ချုပ်ခဲ့သော ပဒေသရာဇ်မြေရှင် ဘုရင်တို့၏ အချုပ်အချာအာဏာ ပိုင်ဆိုင်ခဲ့မှု၊ တိုင်းပြည်တစ်ပြည်၏ တိုးတက်မှုကို တိုင်းတာသည့်အခါ ဒင်္ဂါး(ငွေကြေး)သည် အဓိကဖြစ်သည်။ ရခိုင်တို့၏ အချုပ်အချာအာဏာ ပိုင်ဆိုင်ခဲ့မှုကို မြေကြီးအောက်က သက်သေခံခဲ့သော ဒင်္ဂါးများက ပြောပြနေသည်မှာ အမှန်ပင်။
လူ့ ယဉ်ကျေးမူ ၏ အမြင့်မားဆုံး သင်္ကေတ တခုဖြစ်သော ဒင်္ဂါး သုံးစွဲခြင်း ကို ရခိုင်လူမျိုးများသည် ဝေသာလီခေတ် (၃၂၆-၈၁၈) အေဒီမှ စတင်၍ ဒင်္ဂါးများ အဖြစ် ပုံနှိပ် ရိုက်ခတ် သုံးစွဲခဲ့ သည်၊၊ (၁၆-၁၇)ရာစုအတွင်း မှာ အရှေ့ တောင်အာရှ တခွင်၌ အထင်ရှားဆုံး နိုင်ငံသုံး ဒင်္ဂါးအဖြစ် ရွေ၊ ငွေများကို သုံးစွဲနိုင်ခဲ့သည်၊၊ ထိုခေတ် အချိန်ခါ ၌ မြောက်ဦးရွှေမြို့တော် ၌ ကမ္ဘာတ၀ှမ်းမှ ကူးသန်းရောင်းဝယ် မူ၏ အချက်အချာ ဗဟို ပြုခဲ့ သောကြောင့် တိုးတက်ဖွ့ံဖြိုးမူ မြင့်မားခဲ့သော ဘုရင်နိုင်ငံတော် ဖြစ်ခဲ့ပေသည်၊၊
ရခိုင်သမိုင်းတွင် ဒင်္ဂါးသွန်းလုပ်ခဲ့သော ဘုရင်များစွာရှိခဲ့သည်။ ဤအထဲတွင် ရှေ့ကျပြီး ထင်ရှားသော ယခုပုံပါ ဒင်္ဂါးကို ကျနော် စိတ်ဝင်စားပြီး
မှတ်တမ်းတစ်ခုအနေဖြင့် ပြန်လည် ဖော်ပြပါအံ။
ပုံပါ ဒင်္ဂါးတွင် ရှေ့ဖက်၌ သီရိဝစ္ဆကို ဖော်ပြထားပြီး နောက်ကျော့တွင် နွားလား ဥသာဘပုံကို ရိုက်နှိပ်ထားသည်။ သီရိဝစ္ဆသည် ရခိုင်တို့၏
အမြတ်တနိုးထားသော ရခိုင်ပြည်နယ်သုံး တံဆိပ်တစ်ခုဖြစ်သည်။ ရခိုင်အလံ ၊ ရခိုင်တံဆိပ်တို့တွင် ရခိုင်တို့သည် အမြတ်တနိုး သုံးစွဲကြသည်။
သီရိဝစ္ဆမှာ ကြက်သရေ မင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံသည်ဟု အဓိပ္ပါယ်ရသည်ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်၊ ယင်းအထဲတွင် သင်္ကေတများစွာ
ပါရှိသည်။ ၄င်းသည် ဝေသာလီစန္ဒြားမင်းတို့ ဒင်္ဂါးတွင် ခပ်နှိပ်သုံးစွဲသော ပုံဖြစ်လေသည်။
ဒင်္ဂါး ရှေ့ဖက် တွင်
(၁) နေနှင့်လ
(၂) လက်ဝဲရစ်ခရုသင်းနှင့် လက်ျာရစ်ခရုသင်း
(၃) စိန်တောင်
(၄) စိန်တောင်အောက်ခံ
(၅) ဗိန္နူပြောက် (၇)လုံး
(၆) ခြူးပန်း
(၇) ဗိန္နူပြောက်များ (အ၀ိုင်းပတ်လည် - လုံးရေ ၂၀ နှင့် အထက်)
ဒင်္ဂါး၏ နောက်ဖက်တွင်
(၁) နွားလားဥဿပ
(၂) အပေါ်ဖက်တွင် သွန်းလုပ်ခဲ့သည် ဘုရင်၏ နာမည် (နိတိ စန္ဒြ - ဟု အဓိပ္ပါယ်ရသည်)
ပုံပါဖော်ပြထားသော စာတွင် ဓည၀တီခေတ်နှောင်းပိုင်းနှင့် ဝေသာလီခေတ် အစပိုင်းတွင် သုံးစွဲခဲ့သော ရက္ခ၀ဏ္ဏအက္ခရာဖြစ်သည်။
ရခိုင်သမိုင်းတွင် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်ဆိုပြီး ခေတ် (၄)ခေတ်ရှိခဲ့သည်။ ထိုအထဲတွင် ရခိုင်တို့၏ ယဉ်ကျေးမှု လက်ရာ၊ စာပေအဆင့်အတန်း၊ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့တွင် ဝေသာလီ ခေတ်သည် ထင်ရှားသည်။ ဝေသာလီခေတ်ကို ဝေသာလီ ကျောက်လှေကားခေတ်ဆိုပြီး တနည်းဖွင့်ဆိုကြသည်။ ထိုခေတ်တွင် မင်းဆက်ပေါင်း (၁၆)ဆက်သည် စိုးစံခဲ့သည်။ ထိုအထဲတွင် ထင်ရှားသော သာဓကအဖြစ် မင်း(၉)ပါး ထွန်းကားခဲ့သည်။ နိတိစန္ဒြရသည် ဝေသာလီခေတ်တွင် (၉)ဆက်မြောက် မင်းတစ်ပါးဖြစ်ပြီး ခရစ်နှစ် ၅၁၄ မှ ၅၆၉ ခုနှစ်ထိး ၅၅ နှစ်ကြာ ထီးနန်းစိုးစံခဲ့သည် သာသနာပြု မင်းတပါးဖြစ်သည်။ နိတိစန္ဒြမင်းနှင့် ပါတ်သတ်ပြီး ထင်ရှားသော သက်သေ သာတကတွင် ဝေသာလီမြို့ဟောင်း၊ ဥဏှင်္သကတောင်ထက်ရှိ စေတီထက်မှ ရရှိသော ကျောက်စာသည် အထင်အရှားပင်ဖြစ်သည်။
ဤဒင်္ဂါးကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင်ရှိသော ဗြိတသျှ ပြတိုက်တွင်လည်း တွေ့ရှိရသည်ဟု အွင်းလိုင်းစာမျက်နှာ အချို့တွင် တွေ့ဖူးသည်။
ဗြိတိသျှ ပြတိုက် ဖော်ပြချက်တွင် -
အလေးချိန် ................... ၇.၃၉၀ ဂရမ်
အရွယ်အစား .............. ၃၁ မီလီမီတာ (mm )
ပြတိုက်ပစ္စည်း အမှတ် ............ CM 1984-5-10-1
ပြတိုက်အခန်း အမှတ်............. အခန်း ၆၈၊ ငွေကြေး ပြခန်း
လက်ရှိတည်နေရာ ................. ဗြိတိလျှ ပြတိုက်၊ လန်ဒန်
အချိန်ကာလ ......................... ၈ ရာစု
တွေ့ရှိရာနေရာ ...................... မြန်မာ
ဒင်္ဂါးပေါ်မှ အမှတ်အသားတို့သည် တစ်ခုချင်းစီတွင် အဓိပ္ပါယ် ကိုယ်စီရှိသည်။ သို့သော်လည်း အကျယ်အားဖြင့် ဖော်မပြတော့ပေ။ ဤလောက်ဆိုလျှင် ပုံပါ ဒင်္ဂါးဖြင့် လုံလောက်မည် ထင်ပါသည်။
(ဆောင်းပါးရေးသားရသည် စိတ်ကူး- နွားကို လည်လှီးသတ်ဖြတ် (ဟာလာလုပ်) စားသောက်သော လူမျိုး တစ်မျိုးမှ နွားလားဥသာပကို တန်ဖိုးထား အသုံးပြုသော လူမျိုး၏ သမိုင်းကို အမျိုးမျိုး လုယူရန် ကြိုးစားမှုကို နှိုင်းယှဉ်နိုင်ရန်အတွက် ရေးသားသည်)
ကျမ်းကိုး- အွင်းလိုင်စာမျက်နှာ အချို့နှင့် ရခိုင်မဂ္ဂဇင်း၊ အမှတ် (၃၀)၊ လခြမ်းမြီးမဂ္ဂဇင်း(၃)၊ ဒေါက်တာအေးကျော်၏ မဟာပညာကျော်စာလုံးဖောင့်။
ဝေဟင်အောင်
၁၇၊ ၈၊ ၂၀၁၃
Subscribe to:
Post Comments (Atom)
No comments:
Post a Comment