ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

“ကျေးဇူးတင်လွှာ”

၁၄.၁၂.၂၀၁၃ ရက် နေ့လည် ၁း၀၀ နာရီတွင် စစ်တွေမြို့၊ မင်းဘာကြီးလမ်း၊ ၀ံလက်ဖောင်ဒေးရှင်းရုံးခန်းတွင် “သွေးနဲ့ရေးသည့် မြေ”စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ တက်ရောက်လာသည့် စာရေးဆရာများဖြစ်သော -

ဝဲမှ ယာသို့ -
ရှေ့တန်းတွင် - ဂေါယာမြေစောဝင်း၊ စစ်တွေ-စောနောင်၊ စစ်တွေ-ပွင့်လွှာ၊ စစ်တွေ-သိန်းနောင်၊ ဆရာချစ်၊ မောင်ဗသိန်း၊ ဗဂျီးကျော်၊ ဦးကျော်မောင်၊ လှိုင်း(ကစ္ဆပ)

နောက်တန်းတွင် - မြင့်ကျော်လှိုင်၊ ဇော်ဂျီ၊ လင်းအိမ်၊ တက်သစ်အောင်၊ စာရေးသူမိသားစု၊ လေးဝတီခိုင်ကျော်၊ မောင်မောင်စော(ရခိုင်ညွှန့်ဖူး)၊ သျှင်းသန့်(ပုဏ္ဏားကျွန်း)၊ ခင်မောင်ဝင်း(စစ်တွေ)၊ ကိုထွန်းမြင့်သိန်း၊ မယု၊ ပွင့်သစ် (တမန်းသား)

တို့အား အတူတကွ အမှတ်တရ ရိုက်ကူးခဲ့စဉ်။


ဆရာများ၏ ပြောစကား -
၁. ဆရာသိန်းနောင်မှ စာရေးသူ၏ အနာဂတ်ကို ပြောကြားခဲ့သည်။
၂. ဆရာလေးဝတီခိုင်ကျော်မှ ရင်းတွင်းစကားကို ပြောကြားခဲ့သည်။
၃. ကျနော် မှ စာအုပ်ဖြစ်ပေါ်လာရသည့်အကြောင်းကို ပြောပြခဲ့သည်။
၎. ဆရာကြီးမောင်ဗသိန်းမှ စာရေးသူအား ရခိုင်စာပီသဘောထားနှင့် နောက်လျှောက်လမ်းသင့်သည့် လမ်းကြောင်းကို အကြံပြုခဲ့သည်။
၅. ဆရာ သုတေသီအောင်လှသိန်းမှ သမိုင်းကို မှတ်ကျောက်တင်ဖို့ သုတေသနမှသည် တိုးတက်ရေးသို့ ချီတက်သင့်ကြောင်း ပြောကြားခဲ့သည်။
၆. ဆရာ ဗဂျီးကျော်မှ စာအုပ်အပေါ်တွင် မှတ်ချက် ပြုပေးခဲ့သည်။
၇. ဆရာ ဂေါယာမြေ စောဝင်းမှ ကောင်းကင်နှင့် မြေကြီးကို ဖမ်းဆုပ်ကိုင်ထားသည့်အတွက် ရှေ့ကို ဆက်လက်ကြိုးစားဖို့ သဘောထား မှတ်ချက်ပေးခဲ့သည်။
၉. သုတေသီ ဆရာချစ်မှ ဆရာကြီး ဦးသာထွန်းပြောကြားခဲ့သလို ဆယ်နှစ်နေ၍ တစ်အုပ်မှ မထွက်ခဲ့သည်နှင့် စာခဲ့လျှင် စာအုပ် တစ်အုပ်ထွက်လာသည့်အတွက် ကြိုဆိုကြောင်း မှတ်ချက်ပြုပေးခဲ့သည်။
၁၀. ဆရာမောင်မောင်စော(ရခိုင်ညွှန့်ဖူး)မှ လက်ရှိ မြန်မာနိုင်ငံတွင် နာမည်ကြီးနေသော “မင်းဒင်ရဲ့ သက်ခိုင်”စာအုပ်ကဲ့သို့ စာအုပ်ကောင်းတစ်အုပ် ဖြစ်လိမ်မည်လို့ မှတ်ချက်ပေးခဲ့သည်။
၁၁. ဆရာ ပွင့်သစ် (တမန်းသား)မှ ရခိုင်ပြည်နယ်၏ အသက်ငယ်ပြီး စာရေးဆရာကြီး တစ်ဦးဖြစ်ကြောင့်ကို မှတ်ချက်ပြုခဲ့သည်။
၁၂. ဆရာ ဦးကျော်မောင်မှ လုံးဝ ကြိုဆိုကြောင့် ကျေးဇူးတင်စကားပြောခဲ့သည်။
၁၃. မယုမှ ဆက်လက် ကြိုးစားရန်နှင့် တခြားသောစာပေများကိုလည်း ရေးသား အားပေးခဲ့သည်။
၁၄. ဆရာမကြီး ပွင့်လွှာ(စစ်တွေ)မှ သွေးနဲ့ ရေးသည့်မြေမှ စိတ်အေးချမ်းသာသည့် မြေအဖြစ်သို့ပါ ရေးသားစေလိုကြောင်းကို ဆုမွန်ကောင်း တောင်းပေးခဲ့သည်။
၁၅. တေးရွီး၊ တေးဆို ကိုဇော်ဂျီမှ အခုရောက်ရှိနေတဲ့ စာရေးဆရာများဟာ သမိုင်းစာအုပ်ကြီး၊ ပိဋိကတ်တိုက်များဖြစ်သည့်အတွက် လိုအပ်သည့်အချိန်များတွင် အကြံကောင်းများ ညာဏ်ကောင်းများကို အများကြီး ပေးနိုင်သည့် ပုဂ္ဂိုလ်များဖြစ်ကြသည်။ ဒါကြောင့် စာပီအပေါ်တွင် စိတ်မပျက်ဘဲ ဆက်လက် ချီးတက်ရန် အားပေးခဲ့သည်။
၁၆. ဆရာခင်မောင်ဝင်း (စစ်တွေ)မှ ရသအိုင်းမှာ အတူကူးခတ်ဖော်ရသည့်အတွက် လက်တွဲပြီး ဆက်လက် ချီးတက်လိုကြောင်းကို အကြံပြုခဲ့သည်။

တက်ရောက်လာကြသော ဆရာ၊ ဆရာမများမှ ရခိုင်စာပေတိုးတက်ရေးအတွက် စာရေးသူအား ကြိုဆိုကြောင့်နှင့် လိုအပ်သည်များကို ပန့်ပိုးပေးသွားမည် ဖြစ်ကြောင်းတို့ အားပေးခဲ့ကြသည်။ ထို့ကြောင့် တက်ရောက်လာကြသော စာရေး ဆရာ၊ ဆရာမနှင့် လုပ်အားဒါနပြုခဲ့ကြသော ၀ံလက်ဖောင်ဒေးရှင်းမှ လူငယ်များ၊ မအားလပ်သည့်ကြားမှ တက်ရောက်အားပေးခဲ့ကြသော ရဲဘော် ကိုထွန်းလင်းအောင်၊ ကိုအေးမောင်၊ ဒေါက်တာအောင်နိုင်လင်း၊ Burma VJ မှ ကိုစံသာအောင်၊ အခမ်းအနားမှူး စာရေးသူအစ်ကို သိန်းဝင်အားလည်းကောင်း၊ လိုအပ်သည်များကို ပန့်ပိုးပေးခဲ့သည် စာရေးဇနီးအားလည်းကောင်း၊ သတင်းတက်ရောက်ယူခဲ့ကြသည့် သတင်းထောက် ကိုမင်းသိန်းအောင်နှင့် အာရကန်မှ ကိုမိုးဇော်အားလည်းကောင်း၊ အားလုံးသော မိတ်ဆွေများအားလည်းကောင်း ကျေးဇူးတင်မိသည်။

ဝေဟင်အောင်
၁၄၊ ၁၂၊ ၂၀၁၃

No comments:

Post a Comment