ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

စိတ်၏ ထွက်ပေါက်

ပလက်ဝမြို့နယ်မှ နန်းဦးစေတီတည်ဆောက်ရန်အတွက် အလှူခံအသံကို ကြားမိရာမှ - အတွေးတစ-
ပထမ ဓည၀တီကို ရှာပုံတော်ဖွင့်မိသော် ယခု ချင်းပြည်နယ် ပလက်ဝထဲကို ၀င်ပါသွားသည်။ ပထမဓည၀တီထက် ရှေ့ကျသော ဥသလင်းဒေသ၊ နီလာပန်းတောင်း၊ ကျောက်ပန်းတောင်ဒေသသည် ရခိုင်ပြည်၏ မြို့ပြယဉ်ကျေးမှုများ ထွန်းကားခဲ့သည့် သမိုင်းခေတ်ဦးမှ မြို့များဖြစ်ကြသည်။ ရခိုင်ဘုရင်အချို့နန်းစိုက်ခဲ့သော ပလက်ဝဒေသည် ၁၉၇၄ ခုနှစ်မှာ ချင်းပြည်နယ်ထဲသို့ အသွင်းခံလိုက်ရသည်။ ပလက်ဝသည် ချင်းပြည်နယ်ထဲတွင် ပါဝင်သော်လည်း ရခိုင်ပြည်နယ်ကို မှီတင်နေထိုင်ရသည့် ဒေသဖြစ်သည်။ ကျောက်တော်မြို့၊ စစ်တွေမြို့များကို လမ်းပန်းဆက်သွယ်ရေးအရ မှီတင်ရသည်။ ချင်းပြည်နယ်တွင်ပါဝင်သည်ဟု နာမည်ခံရုံလောက်သာရှိသည်။ အမှန်တကယ်ဆိုလျှင် ပလက်ဝကို ချင်းပြည်နယ်ထဲမှနေ ရခိုင်ပြည်နယ်ထဲသို့ ပြန်လည် ထည့်ပေးသင့်သည်။ ကျောက်ဖြူမြို့ ရခိုင်အမျိုးသားညီလာခံတွင် ပလက်ဝကိုယ်စားတက်ရောက်လာသော ကိုယ်စားလှယ်မှ “ကျနော်တို့ဟာ ဒီဇင်ဘာ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့ကို ပလက်ဝမြို့မှာ ကျင်းပဖို့ လုပ်တုန်းက အဲဒီဒေသက အုပ်ချုပ်ရေးပိုင်တွေက ကန့်ကွက်ခဲ့လို့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ ခိုးကြောင် ခိုးဝှက်နဲ့ ရခိုင်ပြည်နယ်နေ့ကို ပြုလုပ်ခဲ့ရပါတယ်။ ကျနော်တို့ ရခိုင်တွေပါ။ ရခိုင်မြေကို ချစ်ပါတယ်။ ရခိုင်နဲ့ ပတ်သတ်တဲ့နေတွေကို ခင်မင်ပါတယ်”ဟု ဆို့နင့်စွာ ပြောဆိုခဲ့သည်ကို ကြားမိသည်။ ဒီမိုကရေစီကျင့်စဉ်အရ ပလက်ဝဒေသခံ လူထု၏ ဆုံးဖြတ်ချက်ကို လူထုဆန္ဒခံယူပြီး ယခုကိစ္စအား ဆုံးဖြတ်သင့်သည်ဟု မြင်မိသည်။

ဝေဟင်အောင်
၁၇၊ ၅၊ ၂၀၁၄။

No comments:

Post a Comment