ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

မြေကြီးအောက်က အတိတ်ဒဏ္ဍာရီ

ရခိုင်သမိုင်း ... မြူဆိုင်းဆို့ ပိတ်
အတိတ်ဒဏ္ဍာရီ ... ခိုမှီပြန်ထောက်
ခြေရာကောက်၍ ... မေ့ ပျောက်သမိုင်း
ပုံခိုင်းစရာ ... အနှိုင်းသက်သေ
ရှာဖွေစုစပ် ... အနုသံဓန *
တစ်စစီဖျင် ... ကိုယ်အမြင်ကို
ဆွဲငင်တင်ပြ ... အချက်ကျလျင်
လောကလက်ခံ ... သမိုင်းမှန်လိမ့်
သက်သေဒုဒေ ... မပျက်ပြေဘဲ
အသေအချာ ... မြင်ရပါလည်း
ယူကာသေသပ် ... မပြတတ်က
ရေးမှတ်ရာဇ၀င် ... ပုံပြင်ပီပီ
ဒဏ္ဍာရီသို့  ... မှုံရီကွယ်ပျောက်
မြေကြီးအောက်မှာ ... တစ်ခေါက်ပြန်၍
အိပ်တတ်တယ်...။။

(သျှင်အုန်း)

Myo Rakhine ပါးက ပြန်လည် ရှယ်လာခြင်းဖြစ်သည်။

No comments:

Post a Comment