ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

ယမကာ

ကျွန်းတွင်ဇမ္ဗူ လူတွင်ရခိုင်
သောက်သည့်အရက်
ကြိုက်သည့်အမူး
မူးသည့်အရက်
နှစ်ဝဟိုလူ
မူးသည့်အခါ
မျိုးချစ်စကား
လက်မောင်းတန်းကာ
နိုင်ငံခြားက ပြောကြလေသည်။
(Yu Wai)
----------------------------
ကျွန်းမှာဇမ္မူ လူမှာရခိုင်
သောက်သည်အရက် မျက်လုံးမပွင့်
ကြွားသည်စကား လေဆင်နုာမောင်း
သျှစ်သည်အမျိုး အရက်ဝိုင်းမှာ
ပြောသည့်စကား နိုင်ငံခြားမှာ
အိမ်မှာ ထမင်းအိုးချမ်းနိန်မလားဗျာယ်။
(Maximum Ara Kan )
-----------------------------
ရခိုင်ကဖြစ် အရက်ကြိုက်
ပြောရေစကား မျိုးချစ်တယ်ဂါး
လင်းဗြန်မသားပြောစကား အရက်ခွက်မှာဂါး
အရေးကြုံခိုက်ရှောင်နီလိုက်
အိမ်ပြာကျမှနောင်တရ
လင်းဗြန်မသား အရက်သမနောင်တ
များများသောက်လီ ကုလားကြိုက်လီ
ပျောက်လိမ့်မည်နောက်ဆုံး အမျိုးပြုံး
မရမည်နောင်တပြင်ဆင်ကြ
ထားပါသတိ လင်းဗြန်မသားတိ့ 
(Pauktaw Tharechay )

No comments:

Post a Comment