ရခိုင်ပြည်နယ်၏
မြို့တော် ဖြစ်သည်။ ကစ္ဆာပနဒီ(ခ)ကုလားတန် မြစ်ဝ အနောက်ဘက် ကမ်းတွင် ရှိသည်။
မြို့နယ် ဧရိယာ ၈၉ စတုန်းရန်းမိုင် ရှိသည်။ မြို့နယ် အနောက်ဘက်တွင်
မယူမြစ်ဝ ရှိသည်။ မြို့နယ်လူဦးရေ နှစ်သိန်းကျော် ၊ မြို့လူဦးရေ တစ်သိန်းရှစ်သောင်းခန့်
ရှိသည်။ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၃၃ ခုရှိသည်။ အဓိက
လုပ်ငန်းများမှာ ဆန်စပါး၊ ငါးနှင့် ရခိုင်လုံချည် တို့ ဖြစ်ကြသည်။
ဆိပ်ခံကောင်း ရှိပြီး ရန်ကုန်မြို့နှင့် နေ့စဉ် လေကြောင်း ၊
ကားလမ်းတို့ဖြင့် အဆက်အသွယ် ရှိသည်။ ထို့အပြင် မန္တလေးမြို့သို့လည်း
ကားလမ်းဖြင့် ဆက်သွယ်ထားသည်။ စစ်ကြီးမဖြစ်မီက စစ်တွေ ဆိပ်ကမ်းမှ နှစ်စဉ်
ဆန်တန်ချိန် တစ်သိန်းကျော် အထိ တင်ပို့နိုင်ခဲ့သဖြင့် ဆန်မြို့ဟု
လူသိများခဲ့သည်။ ၁၈၂၆ ခုတွင် အင်္ဂလိပ်တို့က တည်ထောင်ခဲ့သည်။
မြောက်ဦးမြို့
အနေအထား မကောင်း၍ ဖြစ်သည်။ မြို့အနောက်ဘက်တွင် အာကျိတ်စေတီနှင့် ရွာကို
အစွဲပြု၍ အင်္ဂလိပ်တို့က အာကျပ်(Akyab) ဟုခေါ်ကြသည်။ အင်္ဂလိပ်ခေတ် လက်ရာအဖြစ်
စစ်တွေထောင်နှင့် နာရီစင်ဟောင်းတို့မှာ ယခုတိတိုင်းရှိနေသေးသည်။
ကန်တော်ကြီး ၊ မင်းကြီးကျောက်တန်း ၊ ဘုရားကြီး၊ သလုံးတော်ဓာတ်တို့မှာ
ထင်ရှားကြသည်။ အိန္ဒိယကုမ္ပဏီနှင့် မြန်မာအစိုးရတို့၏ ပူပေါင်းဆောင်ရွက်မှုအရ
စစ်တွေမြို့ ဆိပ်ကမ်း တည်ဆောက်မှုကြောင့် မင်းကြီးကျောက်တန်းမှာ
လုံးဝပျက်စီးသွားပြီးဖြစ်သည်။ ပွိုင့်ရှုခင်းသာ အပမ်းဖြေကမ်းခြေ ရှိ၏။
ပွိုင့်အငူတွင် မီးပြတိုက် ရှိသည်။ မူလ အဆောက်အအုံမှာ ၂၅ ပေခန့် မြင့်သော
အုတ်လက်ရာ ဖြစ်သည်။ မြို့တည်စလောက်ကပင် တည်ထားခဲ့သည်။ ယခု မီးပြအသစ်မှာ
သံဘောင်မျှော်စင် ဖြစ်သည်။ ၁၉၆၅ ခုမှ စတင်သည်။
ဆရာအောင်လှသိန်း၏
ရခိုင်သုတအဘိဓာန်မှ ကောက်နှုတ်ချက်များနှင့် ကျနော်လေ့လာမိသလောက်ကို
ဗဟုသုတအဖြစ် စုပေါင်း တင်ပြထားသည်။ ရခိုင်ပြည်နယ်က ကျန်နေတဲ့
မြို့တွေကိုလည်း တင်ပြပေးပါမယ်..။ (မျှာ်..)
ဝေဟင်အောင်
၂၅၊ ၁၁၊ ၂၀၁၃။
No comments:
Post a Comment